လှမိုးအောင်

ဦးလှမိုးအောင် (၂၂ ဒီဇင်ဘာ ၁၉၆၅ မွေးဖွား) သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ မန်းဂျော်နီ နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[2] ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သည်။[3]

ဦးလှမိုးအောင်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ ဇန်နဝါရီ ၂၀၁၈
သမ္မတဦးထင်ကျော်
ယခင်လူမန်းဂျော်နီ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မြန်အောင်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၇,၁၂၄ (၆၂.၁၇%)[1]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၅-၁၂-၂၂) ဒီဇင်ဘာ ၂၂၊ ၁၉၆၅
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်နှင်းညို
ပညာရေးစိုက်ပျိုးရေးဘွဲ့
မိခင်ကျောင်းရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
အစိုးရအဖွဲ့ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့

အစောပိုင်းဘဝနှင့် ပညာရေး

ဦးလှမိုးအောင်ကို ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးကြည်ဝင်း၊ ဒေါ်ထွေးရီတို့မှ မွေးဖွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေးဘွဲ့ (B.Ag) ကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။[4]

နိုင်ငံရေးလုပ်ကိုင်ခြင်း

၁၉၈၈ အရေးအခင်းကာလတွင် သပြေကုန်းတိုက်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ၁၉၈၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သပြေကုန်းတိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[4]

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။

ကိုးကား

  1. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း နိုင်ငံတော် သမ္မတရုံး (၁၉ ဇန်နဝါရီ ၂၀၁၈)။ ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. သက်ဆွေ (၁၉ ဇန်နဝါရီ ၂၀၁၈). "စိုက်ပျိုးရေးကို အခြေခံ၍ ဧရာဝတီတိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်သစ် ပြောကြား". 7 Day Daily (၁၉၆၂). Retrieved on ၁၉ ဇန်နဝါရီ ၂၀၁၈.
  4. ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်၏ ကိုယ်ရေးအကျဉ်း The Voice (၁၈ ဇန်နဝါရီ ၂၀၁၈)။ ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.