ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (အင်္ဂလိပ်: Union Election Commission၊ အတိုကောက် UEC) သည် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲကော်မရှင် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ ကို ကြီးမှူးကျင်းပရန် တာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ကော်မရှင်သည် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများ စိစစ်မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်သည်။[2] ကော်မရှင်၏ အဖွဲ့ဝင် ၁၈ ဦးကို ၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။[3]
![]() | |
---|---|
ကော်မရှင် အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | မတ် ၈၊ ၂၀၁၀ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဦးလှသိန်း[1]၊ ဥက္ကဋ္ဌ |
ဝက်ဘ်ဆိုက် | uecmyanmar.org |
သမိုင်းကြောင်း
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။[3]
အဖွဲ့ဝင်များ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို အစိုးရမှ အောက်ပါ သတ်မှတ်ချက်များဖြင့် ရွေးချယ် ခန့်အပ်သည်။[4]
- အသက် ၅၀ နှင့် အထက်ရှိသူ
- ကောင်းမွန်သည့် ဂုဏ်သတင်းရှိသူဟု အစိုးရမှ သတ်မှတ်ခံထားရသူ
- ဂုဏ်သိက္ခာ၊ သမာဓိနှင့် အတွေ့အကြုံရင့်ကျက်သူ
- နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူ
- မည်သည့်နိုင်ငံရေးပါတီများနှင့် ပါဝင်ပတ်သက်ခြင်း မရှိသူ
- မည်သည့်ရုံးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသူ
၂၀၁၀ အဖွဲ့ဝင်များ
၂၀၁၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှာ -[2][5]
- ဦးသိန်းစိုး (ဥက္ကဋ္ဌ)
- ဦးအင်ဇော်နော် (အဖွဲ့ဝင်)
- ဦးခင်မောင်နု (အဖွဲ့ဝင်)
- ဦးစောဘလှိုင် (အဖွဲ့ဝင်)
- ဒေါက်တာဘမောင် (အဖွဲ့ဝင်)
- ဦးညွန့်တင် (အဖွဲ့ဝင်)
- ဦးမောင်သာလှ (အဖွဲ့ဝင်)
- ဒေါက်တာစိုင်းခမ်းလှိုင် (အဖွဲ့ဝင်)
- ဦးအောင်မြင့် (အဖွဲ့ဝင်)
- ဦးမြင့်နိုင် (အဖွဲ့ဝင်)
- ဒေါက်တာတင်အောင်အေး (အဖွဲ့ဝင်)
- ဒေါ်ခင်လှမြင့် (အဖွဲ့ဝင်)
- ဒေါက်တာဒေါ်မြင့်ကြည် (အဖွဲ့ဝင်)
- ဦးသာဦး (အဖွဲ့ဝင်)
- ဒေါက်တာမောင်ထူး (အဖွဲ့ဝင်)
- ဦးသာဌေး (အဖွဲ့ဝင်)
- ဦးဝင်းကြည်
- ဦးဝင်းကို (အတွင်းရေးမှူး) [6]
လက်ရှိအဖွဲ့ဝင်များ
၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် သမ္မတက ခန့်အပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ-[7]
- ဦးလှသိန်း (ဥက္ကဋ္ဌ)
- ဦးအောင်မြင့် (အဖွဲ့ဝင်)
- ဦးစိုးရယ် (အဖွဲ့ဝင်)
- ဦးထွန်းခင် (အဖွဲ့ဝင်)
- ဦးလှတင့် (အဖွဲ့ဝင်)
- ဦးမြင့်နိုင်
- ဦးသန်းဌေး
- ဦးညွန့်စိန်
- ဦးသက်ထွန်း
- ဦးမြင့်အောင့်
- ဦးစောဒယ်နီရယ်ကြည်
- ဦးအောင်စိုးဝင်း
- ဦးသန်းအောင်
- ဦးမင်းဆွေ
- ဦးဆွေတင့်လွင်
ဥက္ကဋ္ဌများ စာရင်း
- ဦးသိန်းစိုး (၈ မတ် ၂၀၁၀ - ၃၀ မတ် ၂၀၁၁)
- ဦးတင်အေး (၃၀ မတ် ၂၀၁၁ - ၃၀ မတ် ၂၀၁၆)
- ဦးလှသိန်း (၃၀ မတ် ၂၀၁၆ - လက်ရှိ)
ကိုးကား
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- "Election Commission"၊ Mizzima Election 2010၊ Mizzima။ 27 March 2012 တွင် ပြန်စစ်ပြီး။
- "Situation of human rights in Myanmar" (14 September 2010). Report of the Secretary-General. United Nations General Assembly. Archived 23 November 2015 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 23 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
- Union Election Commission Law။ New Light of Myanmar (8 March 2010)။ 27 March 2012 တွင် ပြန်စစ်ပြီး။
- "Profiles of Union Election Commission Members"၊ Burma Election 2010၊ The Irrawaddy၊ 23 March 2010။ 27 March 2012 တွင် ပြန်စစ်ပြီး။
- http://uecmyanmar.org/index.php/2013-01-16-07-51-32/2013-05-08-07-54-57
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။