နေပြည်တော်ကောင်စီ

နေပြည်တော်ကောင်စီ (အင်္ဂလိပ်: Naypyidaw Council) သည် မြန်မာနိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေကို စီမံအုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။[1]

နေပြည်တော်ကောင်စီ
နေပြည်တော် ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဒေါက်တာမျိုးအောင်၊ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းနိုင်ငံတော် သမ္မတရုံး

ကောင်စီကို သမ္မတမှ ဖွဲ့စည်းပြီး[1] အရပ်သားနှင့် တပ်မတော် ကိုယ်စားလှယ်များကို ကောင်စီ အဖွဲ့ဝင်များအဖြစ် သမ္မတမှ ရွေးချယ်သည်။[1] ကောင်စီကို သမ္မတအား တိုက်ရိုက် အစီရင်ခံရသည့် ဥက္ကဋ္ဌတစ်ဦးမှ ဦးဆောင်သည်။[1] နေပြည်တော် ကောင်စီသည် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် တွဲဖက်ထားပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအကဲသည် နေပြည်တော် ကောင်စီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။[1]

ကိုးကား

  1. Constitution of the Republic of the Union of Myanmar Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.