လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electric Power; အတိုကောက် MOEP) သည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားရေးရာ မူဝါဒများကို ကိုင်တွယ်ရသော ဝန်ကြီးဌာနဖြစ်သည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်moep.gov.mm

သမိုင်းကြောင်း

အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။

ဌာနများ

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်တွင် လျှပ်စစ်စွမ်းအား ဦးစီးဌာန၊ ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မန္တလေးမြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပါဝင်သည်။

အခြားကြည့်ရန်

ကိုးကား

    ပြင်ပလင့်ခ်များ

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.