အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (အင်္ဂလိပ်: National Defence and Security Council အတိုကောက် NDSC) သည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အမျိုးသားအဆင့် လုံခြုံရေးကောင်စီ တစ်ခုဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။[1] ကောင်စီကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[2][3] အဖွဲ့ဝင် ၁၁ ဦးအနက် ၅ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်။[3][4] တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစီရင်ခံရသည်။[5] ကောင်စီကို မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းခြင်း ဖြစ်သည်။[6]
![]() | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၃၁ မတ် ၂၀၁၁ |
အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဦးဝင်းမြင့်၊ သမ္မတ |
အဖွဲ့ဝင်များ
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
- နိုင်ငံတော်သမ္မတ
- ဒုတိယသမ္မတ
- ဒုတိယသမ္မတ
- ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
- အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
- ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
- ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
- နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
- ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
- နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး
သမ္မတ ဦးဝင်းမြင့်လက်ထက် အဖွဲ့ဝင်များ
ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဦးဝင်းမြင့် |
ဒုတိယသမ္မတ | ဦးမြင့်ဆွေ |
ဒုတိယသမ္မတ | ဦးဟင်နရီဗန်ထီးယူ |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးတီခွန်မြတ် |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးမန်းဝင်းခိုင်သန်း |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး |
ပြည်ထဲရေး ဝန်ကြီး | |
နိုင်ငံခြားရေး ဝန်ကြီး | ဒေါ်အောင်ဆန်းစုကြည် |
နယ်စပ်ရေးရာဝန်ကြီး | ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး) |
သမ္မတ ဦးထင်ကျော်လက်ထက် အဖွဲ့ဝင်များ
ရာထူး | အမည် |
---|---|
နိုင်ငံတော် သမ္မတ | ဦးထင်ကျော် |
ဒုတိယသမ္မတ | ဦးမြင့်ဆွေ |
ဒုတိယသမ္မတ | ဦးဟင်နရီဗန်ထီးယူ |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | ဦးဝင်းမြင့် |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးမန်းဝင်းခိုင်သန်း |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး |
ပြည်ထဲရေး ဝန်ကြီး | ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) |
နိုင်ငံခြားရေး ဝန်ကြီး | ဒေါ်အောင်ဆန်းစုကြည် |
နယ်စပ်ရေးရာဝန်ကြီး | ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး) |
သမ္မတ ဦးသိန်းစိန် လက်ထက် အဖွဲ့ဝင်များ
၂၀၁၃ ဇူလိုင် ၉ ရက်နေ့အထိ ကောင်စီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။[7][8][9]
ရာထူး | အမည် |
---|---|
နိုင်ငံတော်သမ္မတ | ဦးသိန်းစိန် |
ဒုတိယသမ္မတ | စိုင်းမောက်ခမ်း |
ဒုတိယသမ္မတ | သီဟသူရ ဦးတင်အောင်မြင့်ဦး |
ဦးဉာဏ်ထွန်း | |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | သူရဦးရွှေမန်း |
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | ဦးခင်အောင်မြင့် |
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး |
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် | စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) |
ကာကွယ်ရေးဝန်ကြီး | ဝေလွင် (ဒုတိယဗိုလ်ချုပ်ကြီး) |
ပြည်ထဲရေး ဝန်ကြီး | ကိုကို (ဒုတိယဗိုလ်ချုပ်ကြီး) |
နိုင်ငံခြားရေး ဝန်ကြီး | ဦးဝဏ္ဏမောင်လွင် |
နယ်စပ်ရေးရာဝန်ကြီး | သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး) |
ဝေဖန်မှုများ
ကာလုံတွင် အဖွဲ့ဝင် (၁၁) ဦးရှိသည့်အနက် (၆) ဦးမှာ တပ်မတော်မှ ခန့်အပ်သူများဖြစ်သဖြင့် တပ်မတော်ဘက်က အသာစီးရနေသည်ဟု ဝေဖန်မှုများရှိသည်။[10]
ကိုးကား
- MacDonald၊ Adam P။ "The Tatmadaw’s new position in Myanmar politics"၊ East Asia Forum၊ 1 May 2013။ 27 June 2015 တွင် ပြန်စစ်ပြီး။
- "Myanmar forms national defense, security council"၊ People's Daily၊ 1 April 2011။ 27 June 2015 တွင် ပြန်စစ်ပြီး။
- Htun Aung Gyaw။ "Myanmar's constitutional crisis reaching boiling point"၊ The Nation၊ 21 February 2014။ 27 June 2015 တွင် ပြန်စစ်ပြီး။
- Sithu Aung Myint။ "Coalition government: just a fantasy?"၊ Myanmar Times၊ 20 May 2015။ 27 June 2015 တွင် ပြန်စစ်ပြီး။
- Weiss၊ Stanley A။ "Myanmar: A nation at war with itself"၊ Myanmar Times၊ 4 March 2013။ 27 June 2015 တွင် ပြန်စစ်ပြီး။
- Constitution of the Republic of the Union of Myanmar။ Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
- National Defense and Security Council (NDSC)။ Alternative Asean Network on Burma (9 July 2013)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2015 တွင် ပြန်စစ်ပြီး။
- "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။
- "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၃/၂၀၁၂)"၊ နိုင်ငံတော်သမ္မတရုံး၊ ၁၆ ဩဂုတ် ၂၀၁၂။ Archived from the original on 4 February 2019။
- https://myanmar-now.org/mm/news/1999