ဝင်းမြင့် (နိုင်ငံတော်သမ္မတ)
ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[1]
ဦးဝင်းမြင့် | |
---|---|
မြန်မာနိုင်ငံ၏ ဒသမမြောက် နိုင်ငံတော်သမ္မတ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ဒုတိယ သမ္မတ | ဦးမြင့်ဆွေ ဦးဟင်နရီဗန်ထီးယူ |
ယခင်လူ | ဦးထင်ကျော် |
ဆက်ခံသူ | ဦးမြင့်ဆွေ (ယာယီသမ္မတ) |
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၁ မတ် ၂၀၁၈ | |
လက်ထောက် | ဦးတီခွန်မြတ် |
ယခင်လူ | သူရဦးရွှေမန်း |
ဆက်ခံသူ | ဦးတီခွန်မြတ် |
ပြည်သူ့လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၃ မတ် ၂၀၁၈ | |
ယခင်လူ | ဒေါ်လဲ့လဲ့ဝင်းဆွေ (ပြည်ခိုင်ဖြိုး) |
မဲဆန္ဒနယ် | တာမွေမြို့နယ် |
ပြည်သူ့လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးသန်းထွန်း |
ဆက်ခံသူ | ဦးဝေလှိုင်ထွန်း (NLD) |
မဲဆန္ဒနယ် | ပုသိမ်မြို့နယ် |
ပြည်သူ့လွှတ်တော် အမတ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | ဓနုဖြူမြို့နယ် မဲဆန္ဒနယ် (၁) |
အနိုင်ရမဲ အရေအတွက် | ၂၀,၃၈၈ (၅၆%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ညောင်ချောင်းရွာ၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်း | နိုဝင်ဘာ ၈၊ ၁၉၅၁
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်ချိုချို |
Relations | ဦးထွန်းကြင်(ဖခင်) ဒေါ်သန်း (မိခင်) |
မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ ရှေ့နေ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
အစောပိုင်းဘဝ
ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[2] ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။[3]
ဝန်ထမ်းဘဝ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[3][4][2]
နိုင်ငံရေး
ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။[4]
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[3] ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။[5]
နိုင်ငံတော်သမ္မတ
နိုင်ငံတော် သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။[4]မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတဖြစ်လာသည်။
ကိုးကား
- "Names of Pyithu Hluttaw representatives announced"၊ Union Election Commission၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။
- ဦးဝင်းမြင့် ကိုယ်ရေးအကျဉ်း။ ပြည်ထောင်စုလွှတ်တော်။ 23 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs။ 1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
- ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌေဟာင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်။ Eleven Media Group (၂၃ မတ် ၂၀၁၈)။ 26 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ဦးဝင်းမြင့် လွှတ်တော် ဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်။ လွတ်လပ်တဲ့ အာရှအသံ (၂၁ မတ် ၂၀၁၈)။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဦးမြင့်ဆွေ ယာယီ |
မြန်မာနိုင်ငံ၏ သမ္မတ ၂၀၁၈–၂၀၂၁ |
ဆက်ခံသူ ဦးမြင့်ဆွေ ယာယီ |