သောင်းအေး

ဦးသောင်းအေး (၁ ဒီဇင်ဘာ ၁၉၅၆ မွေးဖွား) သည် မြန်မာနိုင်ငံသား၊ တပ်မတော် အရာရှိဟောင်း၊ နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်း ခံရသည်။

ဦးသောင်းအေး
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
ယခင်လူဦးမြင့်စိုး
မဲဆန္ဒနယ်ပျော်ဘွယ်မြို့နယ်
အနိုင်ရမဲ အရေအတွက်၈၂,၃၈၂ [1]
ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၀၈  ၂၀၁၀
ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၀၆  ၂၀၀၈
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-12-01) ဒီဇင်ဘာ ၁၊ ၁၉၅၆
ခနာကျေးရွာ၊ ကဝမြို့နယ်ပဲခူးတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်သင်းမျိုးမျိုးအောင်
မိဘဦးဝိုင်း (ဖခင်)
ဒေါ်သန်း (မိခင်)
နေထိုင်ရာဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

အစောပိုင်းဘဝနှင့် ပညာရေး

ဦးသောင်းအေးကို ၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပဲခူးတိုင်းကဝမြို့နယ်၊ ခနာကျေးရွာတွင် ဖခင် ဦးဝိုင်းနှင့် မိခင် ဒေါ်သန်းတို့မှ မွေးဖွားခဲ့သည်။ အခြေခံပညာကို မင်္ဂလာဒုံမြို့နယ်၊ အ.လ.က ၅ နှင့် အ.ထ.က ၁၊ မရမ်းကုန်းမြို့နယ် အ.ထ.က ၄ တို့တွင် သင်ယူခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် ၁၉၇၅ ခုနှစ်တွင် စစ်တက္ကသိုလ်တို့တွင် တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) တို့ကို ရရှိခဲ့သည်။[2]

စစ်မှုထမ်းခြင်း

၁၉၇၉ ခုနှစ်တွင် ပြန်တန်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရပြီး မြင်းခြံ၊ ရွှေကူ၊ ပဲခူး၊ သထုံ၊ ကလေး၊ မှော်ဘီ၊ ဖူးကြီး၊ ရန်ကုန်၊ လွိုင်လင်၊ မိုင်းနောင်၊ တောင်ကြီး၊ အမ်း၊ စစ်တွေမြို့များတွင် တပ်မတော် တာဝန်များ ထမ်းဆောင်ခဲ့သည်။[2]

နိုင်ငံရေး

ရှမ်းပြည်နယ်တွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ အထိလည်းကောင်း ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။[2]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့် နုတ်ထွက်သွားသည့်အတွက် ဥက္ကဋ္ဌသစ်နေရာအတွက် အစားထိုးရွေးချယ်ခဲ့ရာ ဦးသောင်းအေးနှင့် ဦးတီခွန်မြတ် (ကွတ်ခိုင်မဲဆန္ဒနယ်) တို့ကို အမည်စာရင်း တင်သွင်းခဲ့ပြီး ဦးတီခွန်မြတ်က ထောက်ခံမဲအများဆုံးဖြင့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[3]

မိသားစု

ဦးသောင်းအေးသည် ဒေါ်သင်းမျိုးမျိုးအောင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။

ကိုးကား

  1. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှု အခြေအနေ (၂၀၁၅ ရွေးကောက်ပွဲ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) ပြည်သူ့လွှတ်တော်။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ်ကို ရွေးချယ် ဒီဗွီဘီ (၂၂ မတ် ၂၀၁၈)။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.