ပျော်ဘွယ်မြို့နယ်

ပျော်ဘွယ်မြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပျော်ဘွယ်မြို့ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်

ရမည်းသင်းခရိုင်အတွင်းတည်​နေရာ (အနီ)
ပျော်ဘွယ်မြို့နယ်
ရမည်းသင်းခရိုင်အတွင်းတည်​နေရာ (အနီ)
ကိုဩဒိနိတ်: 20°35′N 96°4′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ရမည်းသင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ပျော်ဘွယ်မြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၆၀,၂၉၃[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

​ပျော်ဘွယ်မြို့နယ်သည် မြန်မာသက္ကရာဇ် ၁၁၈၆ခုနှစ်၊ ဘကြီး​တော်မင်းလက်ထက်တွင် ​ညောင်ရမ်းမင်းသားငယ်စဉ်အခါက ​ပျော်​မွေ့သည့် အရပ်ဖြစ်သဖြင့် ​ညောင်ရမ်းမင်းသားအား ရင်ခွင်ပိုက် အုပ်ထိန်းသူ သီရိဝဏ္ဏဘွဲ့ခံ ဦးမှုံက တည်ထားခဲ့ခြင်းဖြစ်သည်။၉.၁၁.၁၉၇၂ခုနှစ်တွင် မြို့အဖြစ် ဖွဲ့စည်းခဲ့သည်။[2]

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၁မိနစ်နှင့် ၂၀ဒီဂရီ ၄၇မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၄မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၈၄မိုင်၊ တောင်မှမြောက်သို့ ၃၂မိုင်ရှိပြီး ၆၃၈.၄၅စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

​ပျော်ဘွယ်မြို့နယ်၏ အ​ရှေ့ဘက်တွင် သာစည်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ က​​​လောမြို့နယ်၊ တောင်ဘက်တွင် ​​ရမည်းသင်းမြို့နယ်၊အ​နောက်ဘက်တွင် မ​ကွေးတိုင်းရှိ နတ်​မောက်မြို့နယ်၊ ​မြောက်ဘက်တွင် မိတ္ထီလာမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်

​ပင်လယ်​ရေမျက်နှာပြင်အထက် ၆၈၃​ပေအထက်တွင် တည်ရှိသည်။​မြို့နယ်၏ အ​ရှေ့ဘက်သည် ရှမ်းကုန်း​မြေမြင့်ဖြစ်ကာ အ​နောက်ခြမ်းသည် ပဲခူးရိုးမ​တောင်တန်းဖြစ်သည်။အလယ်ပိုင်းသည် ​မြေပြန့်လွင်ပြင်ဖြစ်သည်။​ချောင်း​ကောက်​ချောင်းသည် မိတ္ထီလာမြို့နယ်နှင့် အစပ်တွင် စီးဆင်း​နေသည်။

လူဦး​ရေ

​ပျော်ဘွယ်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ကရင်၊ရှမ်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူနှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၁၂၄%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး

​​ပျော်ဘွယ်မြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေး အချက်အခြာကျ​သော ​ဒေသဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးနှင့် သီးနံ/ပွဲရုံများကို အဓိကထားကာ လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ ငရုပ်/ကြက်သွန်ဖြစ်ကာ ရန်ကုန်နှင့် မန္တ​လေး​ဒေသများသို့ အများဆုံး တင်ပို့​ရောင်းချသည်။နိုင်ငံပိုင်ချည်မျှင်စက်ရုံ ၁ရုံနှင့် ပုဂ္ဂလိကပိုင် စက်ရုံ ၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၆၄၃ခု တည်ရှိသည်။ထင်ရွား​သောထင်ရားေသ်ကုန်မာ မုမုန့်ကတ် ၂၀၀၀ ခုနှခုနစ်ေနာက်ပိုင်းင် ဆံပင် လလုပ်ငန်းမာလည်း ထင်ရှား​အောင်မြင်လာသည်

​ဈေးများ

  • အမှတ်(၁)​ဈေး
  • အမှတ်(၂)​ဈေး

​*အောင်မင်္ဂလာ​ဈေး

  • ရန်​အောင်​ဈေး
  • ယင်း​တော်​ဈေး
  • အမှတ်(၂)အတွင်း​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

​ပျော်ဘွယ်မြို့နယ်သည် ကားလမ်းများဆုံရာတွင်တည်ရှိကာ လမ်းပန်းဆက်သွယ်​ရေး ​ကောင်းမွန်​သော ​ဒေသဖြစ်သည်။ရန်ကုန်-မန္တ​လေးကားလမ်း၊​ပျော်ဘွယ်-ဘုရားငါးဆူကားလမ်း၊​ပျော်ဘွယ်-နတ်​မောက်လမ်းများ တည်ရှိသည်။

ပညာ​ရေး

အထက

အထက်တန်းကျောင်း ၁၆ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ရန်​အောင်
  • အထက အ​ရှေ့​လျှော်ဖြူကုန်း
  • အထက ​ညောင်ကုန်း-တ
  • အထက ကျီတိုင်ကုန်း
  • အထက ရွှေ​ညောင်ဖူး
  • အထက ရွာသစ်-န
  • အထက အ​နောက်လျှော်ဖြူကုန်း
  • အထက ​ညောင်ကုန်း-မ
  • အထက တဲကြီးကုန်း
  • အထက တွင်းရွာ
  • အထက မိုး​ကောင်း
  • အထက မြင်းတဲ
  • အထက သိမ်ကုန်း

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ​အောင်သာ
  • အလက (ထ(ခွဲ)) ကြို့ကုန်း
  • အလက (ထ(ခွဲ)) ​တောင်တည်
  • အလက (ထ(ခွဲ)) ရွာသာ
  • အလက (ထ(ခွဲ)) တိမ်းတည်
  • အလက (ထ(ခွဲ)) နတ်စုံး​မှော်
  • အလက ထန်းပင်
  • အလက ရွာသစ်-​ရှေ့
  • အလက မကျီးကုန်း
  • အလက လက်သဲကြိုး
  • အလက သဖန်း​​ချောင်း
  • အလက မိုးနံကုန်း
  • အလက ပန်း​တော
  • အလက ဝါးရုံစု
  • အလက ရှမ်းစု
  • အလက ​တောင်ဂွ
  • အလက ကျီရွာ
  • အလက ​ပေပင်ရှည်
  • အလက ကျီနီ
  • အလက တလင်းကုန်း
  • အလက ကြက်တည်
  • အလက ရွှေပြည်ရန်နိုင်
  • အလက ​ညောင်ပင်တဲ
  • အလက ​ပေါက်ခနီး
  • အလက ရုံးကုန်း
  • အလက လက်ပံ​တော
  • အလက သစ်လှကျင်း
  • အလက ကန်တဲ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၉၃ကျောင်းရှိသည်။

ကျန်းမာ​ရေး

  • ​ပျော်ဘွယ် မြို့နယ်ပြည်သူ့​ဆေးရုံ
  • ယင်း​တော် တိုက်နယ်​ဆေးရုံ
  • ရွှေ​ညောင်ဖူး တိုက်နယ်​ဆေးရုံ
  • ​တောင်​ညောင်ကုန်း တိုက်နယ်​ဆေးရုံ
  • ရန်​အောင် တိုက်နယ်​ဆေးရုံ
  • သီးပင် တိုက်နယ်​ဆေးရုံ
  • အ​နောက်လျှော်ဖြူကုန်း တိုက်နယ်​ဆေးရုံ
  • ၁၆ ကုတင် တိုင်းရင်း​ဆေးရုံ

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. ​ပျော်ဘွယ်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး 14 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.