မဟာအောင်မြေမြို့နယ်
မဟာအောင်မြေမြို့နယ် သည် မန္တလေးမြို့လယ်၏ တောင်ဖက်ပိုင်းတွင် တည်ရှိပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုဖြစ်သည်။ အနောက်ဖက်တွင် ဧရာဝတီမြစ်၊ တောင်ဖက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြောက်ဖက်တွင် ချမ်းအေးသာဇံမြို့နယ် တို့က ဝန်းရံလျက်ရှိသည်။ မန္တလေးတက္ကသိုလ်သည် ဤမဟာအောင်မြေမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၄၁,၁၁၃ ရှိသည်။[3]
မဟာအောင်မြေမြို့နယ် | |
---|---|
မန္တလေးမြို့၏ မြို့နယ် | |
Maha Aungmye Township | |
မန္တလေးခရိုင်အတွင်း တည်နေရာ | |
မဟာအောင်မြေမြို့နယ် | |
ကိုဩဒိနိတ်: 21°57′0″N 96°5′0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မန္တလေး |
မြို့ | မန္တလေးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၄၁,၁၁၃ [1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဧရိယာကုဒ်(များ) | ၀၂ (မိုဘိုင်းလ်: ၆၉၊ ၉၀)[2] |
သမိုင်းကြောင်း
၁၉၆၂ခုနှစ် မေလ၉ရက်နေ့မှစ၍ ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဤမြို့နယ်ကို အမှတ်(၃)နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။၂၉.၆.၁၉၆၈တွင် မန္တလေးမြို့၏ ဖွဲ့စည်းပုံပြောင်းလဲမှုအရ အရှေ့တောင်မြို့နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။၁၉၉၂ခုနှစ် ဖွဲ့စည်းပုံပြောင်းလဲမှုတွင် မဟာအောင်မြေမြို့နယ်ဖြစ်လာခဲ့သည်။[4]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၇မိနစ်နှင့် ၂၁ဒီဂရီ ၅၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ်နှင့် ၉၆ဒီဂရီ ၀၄မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅.၄မိုင်၊ တောင်မှမြောက်သို့ ၁.၆မိုင်ရှိပြီး ၅.၇၂စတုရန်းမိုင် ကျယ်ဝန်းသည်။[4]
နယ်နိမိတ်
မဟာအောင်မြေမြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်နှင့် မြောက်ဘက်တွင် ချမ်းအေးသာစံမြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမြေနှာပြင်အထက် ပျမ်းမျှ၂၅၀ပေအထက်တွင်တည်ရှိကာ မြေပြန့်လွင်ပြင်သည်။မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှ တောင်သို့ စီးဆင်းနေသည်။ မြို့နယ်အတွင်းတွင် မဟာနဒီချောင်း၊ရေနီမြောင်း၊ရွှေတချောင်း၊ငွေတချောင်း၊သင်္ဂဇာချောင်းတို့မှ မြောက်မှတောင်သို့ စီးဆင်းနေကာ ကိုလံဘိုချောင်းမှာ အရှေ့မှ အနောက်သို့ စီးဆင်းနေသည်။
လူဦးရေ
မဟာအောင်မြေမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရှမ်း၊ကချင်၊ရခိုင်၊ကရင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန် ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်လူဦးရေ၏ ၀.၀၉၉%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၂၀၁၆ | ၁၈၉၈၃၄ | — |
၂၀၁၇ | ၁၉၀၃၆၅ | +0.3% |
[4] |
စီးပွားရေး
မန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ထို့အပြင် မဟာအောင်မြေမြို့နယ်မှာ မန္တလေးမြို့၏ မြို့လယ်ခေါင်ကျသောမြို့နယ်ဖြစ်ကာ မြို့နယ်အတွင်းနေထိုင်သူများသည် အများအားဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ရွှေဆိုင်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းမှာ မြို့နယ်၏ ထင်ရှားလှသော လုပ်ငန်းများဖြစ်သည်။နိုင်ငံတော်ပိုင် ရတနာပုံသင်္ဘောကျင်းနှင့် ဖယောင်းတိုင်စက်ရုံတို့ တည်ရှိသည်။[4]
ဈေးများ
- မန်းမြို့ဈေး
- ဘုရားကြီးဈေး
- မန်းရတနာဈေး
- စိန်ပန်းဈေး
- မဟာမြိုင်ဈေး
- ညောင်ပင်လေးဈေး
- ၄၁လမ်း ကုန်စိမ်းညဈေး
- ၄၂လမ်း ကုန်းကျော်ဈေး
ပို့ဆောင်ဆက်သွယ်ရေး
မဟာအောင်မြေမြို့နယ်၏ အနောက်ဘက်အဆုံးတွင် သမိုင်းဝင်ဂေါဝိန်ဆိပ်ကမ်းတည်ရှိသည်။ထိုနေရာမှ ဗန်းမော်၊ကသာ၊ညောင်ဦးနှင့် ပြည်မြို့များသို့ ရေကြောင်းခရီးများရှိသည်။ပြည်ကြီးမြတ်ရှင်ကားကြီးကွင်မှနေ၍ မန္တလေးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များဖြစ်သည့် သီပေါ၊ကျောက်မဲ၊လားရှိုး၊မူဆယ် စသည်တို့သို့ သွားနိုင်သည်။
ပညာရေး
အဆင့်မြင့်ပညာ
အထက်မြန်မာပြည်၏ အကြီးဆုံးဖြစ်သော မန္တလေးတက္ကသိုလ် တည်ရှိသည်။
အထက
အထက်တန်းကျောင်း ၃ကျောင်းရှိသည်။
- အထက ၃
- အထက ၁၃
- အထက ၂၄
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) ၂
- အလက (ထ(ခွဲ)) ၈
- အလက (ထ(ခွဲ)) ၁၂
- အလက ၂၈
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၃၇ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
- တက္ကသိုလ်ဆေးရုံ
ထင်ရှားသောနေရာများ
ဘာသာရေး
- ပေါ်တော်မူဘုရား (၅)ဆူ
- မဟာမြိုင်ကျောင်းတိုက်
- မြတောင်ကျောင်းတိုက်
- ဒဟတ္တောကျောင်းတိုက်
- မဟာဝိသုဒ္ဓါရုံကျောင်းတိုက်
- မစိုးရိမ်ကျောင်းတိုက်
- ဗန်းမော်ကျောင်းတိုက်
- မစိုးရိမ်တိုက်သစ်
- ဒုတိယရွှေအင်ပင်ကျောင်း
- ကင်းဝန်မင်းကြီးကျောင်းတိုက်
- ခရစ်ယာန်ဘုရားကျောင်း (မဟာမြိုင်၂)
ပညာရေး
- မန္တလေးတက္ကသိုလ်
- တက္ကသိုလ် လေ့ကျင့်ရေးတပ်
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 24, 2015 တွင် ပြန်စစ်ပြီး
- Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ၂။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- မဟာအောင်မြေမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။