ဝမ်းတွင်းမြို့

ဝမ်းတွင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။

ဝမ်းတွင်းမြို့
မြို့
ဝမ်းတွင်းမြို့
ဝမ်းတွင်းမြို့တည်နေရာ
ကိုဩဒိနိတ်: 21°5′N 96°2′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်ဝမ်းတွင်းမြို့နယ်
ဧရိယာ
  စုစုပေါင်း၁.၈၂ စတုရန်းမိုင် (၄.၇ စတုရန်းကီလိုမီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)[1]၂၈,၈၁၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဝမ်းတွင်းမြို့သည် ရန်ကုန်-မိတ္ထီလာ-မန္တလေး မော်တော် ကားလမ်းပေါ်တွင် တည်ရှိသည်။ မိတ္ထီလာမှ မိုင် ၂ဝ ကွာဝေး၍ ရန်ကုန် မြို့နှင့် ၃၅၈ မိုင်ကွာဝေးသည်။ ရန်ကုန်-မန္တလေး မီးရထားလမ်း ပေါ်ရှိ သဲတောမြို့နှင့်မူ နှစ်မိုင်ကွာဝေးသည်။ မြို့ပေါ်တွင် အိမ်ခြေ ၆၀၇၂ ရှိ၍ လူဦးရေ ၂၈,၈၁၃ ဦး[1] နေထိုင်သည်။ မြို့ပိုင်ရုံး၊ သမဝါယမအရာရှိရုံး စသည့် အစိုးရုံးများနှင့် စာသင်ကျောင်းများလည်းရှိသည်။ ဝမ်းတွင်းမြို့မှာ လက်ရက်ထည် အရောင်းအဝယ် စည်ကားသော မြို့ဖြစ်သည်။ ဝမ်းတွင်းမြို့နယ်ထွက် သဲတောငရုတ်မှာ မြန်မာနိုင်ငံတွင် ထင်ရှားသော မျိုး ကောင်းငရုတ်ဖြစ်၏။ မြို့နယ်တွင် များသောအားဖြင့် ရေသွင်းစိုက်ပျိုးလုပ် ကိုင်ကြရသဖြင့် ထင်ရှားသောဆည်တို့မှာ ဦးဘိုးထွန်းဆည်၊ တောင်ပုလု ဆည်၊ အလောင်းစည်သူဆည် စသည်တို့ ဖြစ်ကြသည်။[2]

ဝမ်းတွင်းမြို့အနီးရှိ သိမ်တောင်စာသင်တိုက်၊ ကမ္မဋ္ဌာန်းတိုက်တို့ သည်လည်း ထင်ရှားကျော်ကြား၍ ထိုအနီးတွင် ဓာတ်ပေါင်းစေတီ တည်ရှိသည်။

အမည်ရင်းမြစ်

ဝမ်းတွင်းမြို့ဟူ၍ အမည်တွင်ခြင်းမှာ ကျန်စစ်သားသည် အနော်ရထာမင်း လက်ထက် မင်းမျက်သဖြင့် ပုန်းရှောင်နေရသည့်အခိုက် ယခု ဝမ်း တွင်းမြို့တည်ရာ၌ ကျွဲရိုင်းတစ်ကောင်နှင့် တွေ့ပြီးလျှင် ထိုကျွဲရိုင်း၏ ဝမ်းကို လှံနှင့်ထွင်းသတ်ခဲ့သဖြင့် ဝမ်းထွင်းဟုတွင်ရာမှ နောင်သော် ဝမ်းတွင်းဖြစ် လာသည်ဟု ဆိုလေသည်။[2]

ကိုးကား

  1. ဝမ်းတွင်းမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (PDF)။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့။ စက်တင်ဘာ ၂၀၁၇။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.