သာစည်မြို့နယ်

သာစည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သာစည်မြို့ ဖြစ်သည်။

သာစည်မြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်

မိတ္ထီလာခရိုင်အတွင်းတည်နေရာ
သာစည်မြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°50′N 95°39′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်ရုံးစိုက်ရာမြို့သာစည်မြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၀၂,၄၉၇ [1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

ပုဂံ​ခေတ် အ​နော်ရထာမင်း လက်ထက်က ရှမ်းပြည်နယ်နှင့် ဆက်စပ်​နေ​သော သာဂရ၊ လှိုင်းတက်နှင့် ​ညောင်ရမ်းတို့ကို ကင်း​စောင့်မြို့အဖြစ်ထားကာ မင်းညီမင်းသားများ ထား၍ အုပ်ချုပ်​စေခဲ့သည်။၁၈၈၆ခုနှစ်တွင် မြို့အုပ်အဖြစ် လှိုင်းတက်တွင်ထားကာ အုပ်ချုပ်ခဲ့ပြီး​နောက် ၁၈၈၇တွင် သာစည်မြို့အဖြစ် သတ်မှတ်ကာ အုပ်ချုပ်​စေခဲ့သည်။၂၈.၂.၁၉၇၃တွင် သာစည်မြို့နယ်ကို သတ်မှတ်ခဲ့သည်။[2]

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၃၀မိနစ်နှင့် ၂၁ဒီဂရီ ၀၅မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ်နှင့် ၉၆ဒီဂရီ ၃၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄၆.၄မိုင်၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၇၈၇.၆၁စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

သာစည်မြို့နယ်၏ အ​ရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ က​ေလာမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်၊​တောင်ဘက်တွင် ​​ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်၊အ​နောက်ဘက်တွင် မိတ္ထီလာမြို့နယ်၊ ​မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်

​ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ၇၀၀အထက်တွင် တည်ရှိသည်။​မြို့နယ်၏ အ​ရှေ့ဘက်သည် ရှမ်းရိုးမ​တောင်တန်းဖြစ်ကာ သစ်​တောများဖုံး​နေပြီး အ​နောက်ခြမ်းသည် ​မြေပြန့်လွင်ပြင်ဖြစ်သည်။မြို့နယ်အတွင်း မြစ်​ချောင်းများစီးဆင်းမှု နည်းပါးသည်။ထင်ရှား​သော​ချောင်းမှာ စမုံ​ချောင်းဖြစ်သည်။

လူဦး​ရေ

သာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ကရင်၊ရှမ်း၊ကချင်၊ရခိုင်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူနှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၀၀၀၄၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး

သာစည်မြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါး​သောမြို့နယ်ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကထားလုပ်ကိုင်သည်။နိုင်ငံ့ဝန်ထမ်းနှင့် ​ကျဘမ်းအလုပ်များလည်း လုပ်ကိုင်ကြသည်။လူနည်းစုမှာ စက်ယက္ကန်းကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ ငရုပ်​ခြောက်ဖြစ်ပြီး ရန်ကုန်နှင့် မန္တ​လေးမြို့များသို့ တင်ပို့​ရောင်းချသည်။ထို​ဒေသများမှ ​ဆောက်လုပ်​ရေးပစ္စည်း၊ ​ရေထွက်ကုန်ပစ္စည်းနှင့် အဝတ်အထည်များ ပြန်လည် တင်သွင်းသည်။တပ်မ​​တော်ပိုင် ဖိနပ်စက်ရုံ၊တပ်မ​တော်ပိုင် မိုး​ရေကာဖျင်စက်ရုံနှင့် ပုဂ္ဂလိကစက်ရုံ၄ရုံ၊ နိုင်ငံပိုင်အလုပ်ရုံ ၁၄ရုံ၊ပုဂ္ဂလိကအလုပ်ရုံ ၄ရုံနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃၉၄ခု တည်ရှိသည်။

​ဈေးများ

  • သာစည်မြို့မ​ဈေး
  • လှိုင်းတက်​ဈေး
  • ယင်းမာပင်​ဈေး
  • ဘုရားငါးဆူ​ဈေး
  • ​ညောင်ရမ်း​ဈေး
  • ဟံဇား​ဈေး
  • ပြပြည်ညောင်ဈေး
  • ကုက္ကိုကန်ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

သာစည်မြို့နယ်သည် ရန်ကုန်၊မန္တ​လေး​ဒေသများသို့ ကားလမ်း၊ရထားလမ်းသာမက ရှမ်းပြည်နယ်သို့ဆက်သွယ်​သော မိတ္ထီလာ-​တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း​ပေါ်တွင် တည်ရှိခြင်း၊ ရှမ်းပြည်နှင့် ကယားပြည်နယ်များသို့ ရထားလမ်းများရှိခြင်းတို့​ကြောင့် လမ်းပန်းဆက်သွယ်​ရေး ​ကောင်းမွန်​သောမြို့နယ်ဖြစ်သည်။

ပညာ​ရေး

အထက

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ဟံဇား
  • အထက ​​ညောင်ရမ်း
  • အထက မယ်ဇလီကန်
  • အထက တကစ၂
  • အထက ​မြေစို
  • အထက သာဂရ
  • အထက ယင်းမာပင်
  • အထက ရွှေလှံ
  • အထက ရွှေတုပ်ကုန်း
  • အထက ပြည်​ညောင်

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ရွာကြီး

  • အလက (ထ(ခွဲ)) တမာကုန်း
  • အလက (ထ(ခွဲ)) ဘုရားငါးဆူ
  • အလက (ထ(ခွဲ)) ​ပေါင်​တော
  • အလက (ထ(ခွဲ)) ဟင်းခွက်အိုင်
  • အလက(ထ(ခွဲ))ကြာဘက်ကုန်း
  • အလက ကန်ရှည်
  • အလက အုတ်တွင်း
  • အလက ​မြောင်းဦး
  • အလက အလယ်ကန်
  • အလက မ​ရွေး
  • အလက သဲကုန်း
  • အလက သ​ပြေဝ
  • အလက ကန့်ဖြူ

  • အလက ​ရောက်ရိုး
  • အလက ထ​နောင်းကန်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၈၉ကျောင်းရှိသည်။

ကျန်းမာ​ရေး

  • သာစည်မြို့နယ်​ဆေးရုံ
  • ​ညောင်ရမ်း​ဆေးရုံ
  • ယင်းမာပင်​ဆေးရုံ
  • ဟံဇား​ဆေးရုံ

ထင်ရှား​သော​နေရာများ

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. သာစည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.