မတ္တရာမြို့နယ်

မတ္တရာမြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မတ္တရာမြို့ဖြစ်သည်။

မတ္တရာမြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
​တောင်ပြုန်းပွဲ

ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
မတ္တရာမြို့နယ်
ပြင်ဦးလွင်ခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°13′N 96°7′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ပြင်ဦးလွင်
မြို့နယ်ရုံးစိုက်ရာမြို့မတ္တရာမြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၅၈,၀၀၁[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

မတ္တရာမြို့သည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၏ အရှေ့ဘက်၅မိုင်အကွာရှိ ယခင်မိန်းမောမြို့ဟောင်းမှ အမတ်၁၀၀ပြောင်းလာပြီးစုပေါင်းနေထိုင်ရာမှဖြစ်လာသောမြို့ဖြစ်သည်။အမတ်တရာမြို့အမည်မှ မတ္တရာမြို့ဖြစ်လာခြင်းဖြစ်သည်။ရှေးဟောင်း ဟလင်းကြီးမြို့ ပျူမင်း၊ပြုံးမင်း လက်ထက်တွင် မယ်တော်အား မိဖုရားအဖြစ်သိမ်းပိုက်ရာမှ တိုင်းပြည်ပျက်မည်ကို ကြိုသိသော အမတ်၁၀၀တို့ ပြောင်းလာပြီးမြို့တည်ရာမှ မတ္တရာမြို့ဖြစ်လာသည်။[2]

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၈မိနစ်နှင့် ၂၂ဒီဂရီ ၂၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၉မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၅မိုင်၊ တောင်မှမြောက်သို့ ၂၅.၇၅မိုင်ရှိပြီး ၄၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

မတ္တရားမြို့နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့နယ်၊ ဝက်လက်မြို့နယ် နှင့် မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၀ပေအထက်တွင်တည်ရှိသည်။မြို့နယ်၏အရှေ့ဘက်သည် ရှမ်းပြည်နယ်နှင့် ဆက်စပ်နေ၍ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်ကာ ကျန်အပိုင်းများမှာ မြေပြန့်ဒေသဖြစ်သည်။မြို့နယ်အတွင်းတွင် ဧရာဝတီမြစ်၊မြောင်မြစ်တို့သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။ချောင်းမကြီးသည် အရှေ့မှအနောက်သို့စီးဆင်းကာ ဧရာဝတီမြစ်အတွင်း စီးဝင်သည်။ဆည်တော်ကြီးဆည်မှရေများသည် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်းများအဖြစ်ဖြင့် မြို့နယ်အတွင်း ဖြတ်သန်းသွားသည်။

လူဦးရေ

မတ္တရာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ကချင်၊ရခိုင်နှင့် ကယားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်ဦးရေ၏ ၀.၁၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ စသည့်လူမျိုးများဖြစ်သည်။[2]

စီးပွားရေး

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အခြာကျသော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့နယ်တစ်ခုဖြစ်သည်။ဒေသခံလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်နှင့်ပဲမျိုးစုံဖြစ်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များသို့ တင်ပို့ရောင်းချသည်။နိုင်ငံပိုင် စကျင်ကျောက်ပြားစက်ရုံ တည်ရှိသည်။

ဈေးများ

  • မတ္တရာမြို့မဈေး
  • ရေနံ့သာကျေးလက်ဈေး
  • တံငါမြောက်ကျေးလက်ဈေး

ပို့ဆောင်ဆက်သွယ်ရေး

မတ္တရာမြို့နယ်သည် မန္တလေး-မိုးကုတ်-မြစ်ကြီးနားလမ်းပေါ်တွင်တည်ရှိသည်။မန္တလေးမြို့နှင့် မတ္တရာမြို့သည် ရထားလမ်းဖြင့် သွားလာနိုင်သည်။

ပညာရေး

အထက

အထက်တန်းကျောင်း ၁၃ကျောင်းရှိသည်။

  • အထက မတ္တရာ
  • အထက သုံးဆယ်ပေး
  • အထက စလွန်ဖြူ
  • အထက ရေနံ့သာ
  • အထက ကျောက်တံတား
  • အထက ဆည်တော်
  • အထက စကျင်
  • အထက မြွေပုံကန်
  • အထက လွန်တောင်း
  • အထက မြို့သစ်
  • အထက မိုးကြိုး
  • အထက စကားပင်
  • အထက တောင်ပြုံး

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ဥဒိန်
  • အလက (ထ(ခွဲ)) ငယ်တိုး
  • အလက (ထ(ခွဲ)) တံငါမြောက်
  • အလက (ထ(ခွဲ)) ကင်းရွာ
  • အလက (ထ(ခွဲ)) ညောင်တုန်း (တ)
  • အလက (ထ(ခွဲ))တံငါတောင်
  • အလက (ထ(ခွဲ))ပိုဝ (မ)
  • အလက ဝသုန္ဒရ
  • အလက ဥက္ကံ
  • အလက ထီးတော်မိုး
  • အလက ပတ်လည်အင်း
  • အလက အင်းတံခါး
  • အလက မြို့ဒင်
  • အလက မြစ်ကမ်း
  • အလက အ/တောင်ကိုင်း
  • အလက ရွှေဘိုးကြီး
  • အလက ဥမှင်
  • အလက မြောင်းသစ်
  • အလက ထ/တောင်ကိုင်း
  • အလက (ထ(ခွဲ)) နတ်ကြီးစဉ်
  • အလက မွေတလိုင်း
  • အလက လှိုင်ကျွန်း
  • အလက အိုင့်ဒိုင်
  • အလက သန်းကုန်း
  • အလက နတ်တော်ကျွန်း
  • အလက ပေါက်ဝဲ
  • အလက ကျောက်ဆည်လေး

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။

ကျန်းမာရေး

ဆေးရုံများ

  • အနာကြီးရောဂါဆေးရုံ
  • မြို့နယ်ဆေးရုံ
  • မြွေတလိုင်း တိုက်နယ်ဆေးရုံ
  • သဖန်းဒေါင့် တိုက်နယ်ဆေးရုံ
  • ဥမှင် တိုက်နယ်ဆေးရုံ
  • တောင်ယာကြီး တိုက်နယ်ဆေးရုံ
  • ဆည်တော် တိုက်နယ်ဆေးရုံ

=စင်တောင်

အခြား

စကျင်ကျေးရွာ မတ္တရာမှ မြောက်ဘက် ၁၅မိုင် အကွာတွင်ရှိသည် ကမ္ဘာကျော် စကျင်ကျောက်များထွက်ရှိရာဒေသဖြစ်သည်။ စကျင်ကျောက်ကို ပုံစံအမျိုးမျိုးထုစစ်၍ အသက်မွေးသည်။ အနော်ရထာလက်ထက်တွင် နဂါးမောက်မြို့ဟုတွင်သည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. မတ္တရာမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.