မြစ်သားမြို့နယ်
မြစ်သားမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြစ်သားမြို့ ဖြစ်သည်။ မြစ်သားမြို့နယ်တွင် ရပ်ကွက်ပေါင်း ၆ ခုနှင့် ကျေးရွာပေါင်း ၂၂၇ ခုပါဝင်သည်။
မြစ်သားမြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ | |
မြစ်သားမြို့နယ် | |
ကိုဩဒိနိတ်: 21°25′N 96°8′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ကျောက်ဆည် |
မြို့နယ်ရုံးစိုက်ရာမြို့ | မြစ်သားမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၉၅,၅၇၀ [1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
သမိုင်းကြောင်း
မြစ်သားမြို့နယ်၏ အမည်ကို ပုဂံခေတ်၊ အနော်ရထာမင်းက သမုတ်ခဲ့သည်။ထိုနေရာတွင် အနော်ရထာမင်းမတိုင်မီကပင် နေထိုင်ခဲ့ကြပြီး လယ်တွင်း ၁၁ခရိုင်ဟု ခေါ်ခဲ့ကြသည်။
ပုဂံခေတ်မင်းများလက်ထက်တွင် ဤဒေသကို မ္လစ်သာဟု ခေါ်ဝေါ်ခဲ့ကြသည်။တငြိမ့်ငြိမ့်စီးနေသော ပန်းလောင်မြစ်ကမ်းကို မှီ၍တည်ထားသဖြင့် သာယာသည့်မြို့ဆိပ်ကမ်းအနေဖြင့် ရည်ညွှန်းခဲ့ကြသည်။အနော်ရထာမင်းသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကိုအခြေခံ၍ ဆည်များတည်ဆောက်ပြီး လယ်ယာ၈သိန်းပြုစုခဲ့ရာ ပန်းလောင်မြစ်တွင်နောက်ဆုံးတည်ဆောက်ခဲ့သော ကျီးမည်းဆည်တည်ဆောက်မည့်နေရာကို လက်ဆန့်တန်းညွှန်ပြ၍ မြစ်ကိုသားပြသည်ကိုအစွဲပြုကာ မြစ်သားဟုအမည်တွင်ခဲ့သည်။[2]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၀၉မိနစ်နှင့် ၂၁ဒီဂရီ ၃၃မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၆မိနစ်နှင့် ၉၆ဒီဂရီ ၂၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၂၀၊ တောင်မှမြောက်သို့ ၁၇.၅မိုင်ရှိပြီး ၃၄၂.၆၃စတုရန်းမိုင် ကျယ်ဝန်းသည်။[2]
နယ်နိမိတ်
မြစ်သားမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်၊အနောက်တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊နွားထိုးကြီးမြို့နယ်အနောက်မြောက်ဘက်တွင် တံတားဦးမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမြေနှာပြင်အထက် အနိမ့်ဆုံး၃၀၅ပေ၊ အမြင့်ဆုံး ၃၅၉၀ပေအထက်တွင်တည်ရှိကာ ပြန့်ပြူးသောမြေမျက်နှာပြင်ဖြစ်သည်။မြို့နယ်အတွင်းတွင် ပန်းလောင်မြစ်က အရှေ့မှအနောက်၊ စမုံမြစ်သည် တောင်မှမြောက်သို့ စီးဆင်းနေသည်။
လူဦးရေ
မြစ်သားမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရှမ်းနှင့်ချင်း လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်လူဦးရေ၏ ၀.၀၀၆%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[2]
စီးပွားရေး
မြစ်သားမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သောမြို့နယ်ဖြစ်သည်။မြို့နယ်အတွင်းရှိ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။အဓိကအားဖြင့် စပါး၊ငရုတ်၊ကြက်သွန်၊ကုလားပဲများဖြစ်ကာ ရန်ကုန်နှင့်မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချသည်။တပ်မတော် ဝါကြိတ်စက်ရုံ၊အမှတ်(၇) အထည်စက်ရုံ၊ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့တည်ရှိသည်။အိမ်တွင်းစက်မှုလုပ်ငန်း ၁၅ခုကျော်ရှိသည်။[2]
ဈေးများ
- မြစ်သားဈေး
- ကူမဲဈေး
- ရေဝန်းဈေး
- သပြေတောင်းဈေး
ပို့ဆောင်ဆက်သွယ်ရေး
ရန်ကုန်-မန္တလေး ရထားလမ်းသည် ၁၄မိုင်ခန့်ဖြတ်သန်းသွားသည်။ရန်ကုန်-မန္တလေးလမ်းသည်လည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။
ပညာရေး
အထက
အထက်တန်းကျောင်း ၄ကျောင်းရှိသည်။
- အထက မြစ်သား
- အထက (Myoma)
- အထက ကူမဲ
- အထက ဒါးရဲကောင်း
- အထက ရွာခိုင်ကြီး
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) လမ်းခွ
- အလက (ထ(ခွဲ)) သာလွန်
- အလက (ထ(ခွဲ)) သစ်တက္ကုန်း
- အလက (ထ(ခွဲ)) သပြေတော
- အလက (ထ(ခွဲ)) မိုင်းမော
- အလက (ထ(ခွဲ)) နွားရှာရိုး
- အလက (ထ(ခွဲ)) ကျောက်ဆောက်
- အလက ရစ်ကန်
- အလက ပျော်ရွာ
- အလက (ထ(ခွဲ))မင်းဝန်
- အလက လွန်ကျော်
- အလက မင်းလယ်
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ)၊မူလတန်း (ခွဲ) ၁၆၄ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
- မြစ်သား
- ကူမဲ
- မိုင်းမော
- ရွာခိုင်ကြီး
- မင်းဝန်
ထင်ရှားသောနေရာများ
မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံ၏ အလယ်ဗဟိုဖြစ်သော ပြက္ခရွေတောင်တည်ရှိသည်။ထို့အပြင် ပင်လယ်(မိုင်းမော) မြို့ဟောင်း မြို့ရိုးဧရိယာလည်း တည်ရှိသည်။
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 25, 2015 တွင် ပြန်စစ်ပြီး
- မြစ်သားမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။