ငါန်းဇွန်မြို့နယ်

ငါန်းဇွန်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ငါန်းဇွန်မြို့ ဖြစ်သည်။

ငါန်းဇွန်မြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်

မြင်းခြံခရိုင်အတွင်းတည်နေရာ
ငါန်းဇွန်မြို့နယ်
မြင်းခြံခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°54′00″N 95°41′00″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မြင်းခြံ
မြို့နယ်ရုံးစိုက်ရာမြို့ငါန်းဇွန်မြို့
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၁၂၄,၀၅၅ [1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

ငါးဇွန်းမြို့နယ် တည်​​နေရာတွင် ​ရှေးယခင်က ငါန်း​မြွေကြီးတစ်​ကောင် ဆိုးသွမ်းလျက်ရှိကာ ထိုမြွေကို မည်သူမျှ မနှိမ်နင်းနိုင်​ခဲ့​ပေ။အ​လောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်ရာတွင် ထို​မြွေဆိုးသည် မင်းကြီးကို မြင်​သော် ၃ကြိမ်တွန်ကျူးလျက် ဦး၃ကြိမ်ပြု၍ ဝပ်တွားသွားသည်။ထို့​ကြောင့် ထို​နေရာကို ငါန်းတွန်ရွာဟု မင်းကြီးကအမည်​ပေးခဲ့ရာမှ ​နောင်တွင် ငါန်းဇွန်ဟု အမည်တွင်လာ​ကြောင်း ပါးစပ်ရာဇဝင်များအရသိကြရသည်။သမိုင်းအ​ထောက်အထားအရ ပုဂံ​ခေတ် နရသီဟမင်း လက်ထက် သက္ကရာဇ် ၆၁၂ခုနှစ်တွင် ​ရေးထိုးခဲ့​သော ပုဂံမြို့ အဟာသမန်း​ကျောင်း ​ကျောက်စာတွင် ငါန်းဇွန်ရပ်ဟူ၍ အ​စောဆုံး ​တွေ့ရှိရသည်။၁၉၀၂ခုနှစ်တွင် မြို့အုပ်မင်းရုံးစိုက်ခဲ့ပြီး ၃၀.၆.၁၉၇၂တွင် မြို့အဖြစ် တရားဝင် ဖြစ်လာခဲ့သည်။[2]

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၅မိနစ်နှင့် ၂၁ဒီဂရီ ၅၄မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၆မိနစ်နှင့် ၉၅ဒီဂရီ ၄၅မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၁မိုင်၊ တောင်မှမြောက်သို့ မိုင်၂၀ရှိပြီး ၃၅၅.၉၉၁စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

ငါန်းဇွန်မြို့နယ်၏ အ​ရှေ့ဘက်တွင် တံတားဦးမြို့နယ်၊​တောင်ဘက်တွင် ​နွားထိုးကြီးမြို့နယ်၊အ​နောက်ဘက်တွင် မြင်းခြံမြို့နယ်၊ ​မြောက်ဘက်တွင် စစ်ကိုင်းတိုင်းရှိ မြင်းမူမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်

​ပင်လယ်​ရေမျက်နှာပြင်အထက် ပျှမ်းမျှ၂၂၇​ပေအထက်တွင် တည်ရှိသည်။ပြန့်ပြူး​သော ​မြေမျက်နှာသွင်ပြင်ရှိကာ ​တောင်ဘက်နှင့် အ​နောက်ဖက်ပိုင်းတွင် ​ကျောက်ကုန်း၊ ကမူများ အနည်းငယ်ရှိသည်။ဧရာဝတီမြစ်သည် အ​ရှေ့မှ အ​နောက်သို့ ၂၁မိုင်ခန့် စီးဆင်း​နေသည်။

လူဦး​ရေ

၂၀၁၈ခုနှစ်အထိ စာရင်းများအရ ငါန်းဇွန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများသာ နေထိုင်ကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်ဘာသာ ကိုးကွယ်သူဦးရေမှာ အနည်းငယ်ရှိသည်။

စီးပွား​ရေး

ငါန်းဇွန်းမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးဖွံ့ဖြိုးတိုးတက်မှု ​နှေး​ကွေး​သော မြို့နယ်ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးနှင့် ​မွေးမြူ​ရေးကို အဓိကထား လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံ၊ နို့ထွက်ပစ္စည်းနှင့် ထန်းလျက်တို့ဖြစ်သည်။မြို့နယ်အတွင်းတွင် မန္တ​လေး-မြို့သာ စက်မှုဥယျာဉ်မြို့​တော် တည်​ဆောက်လျက်ရှိသည်။ပုဂ္ဂလိက သံရည်ကြိုစက် ၂ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၅၄ခု တည်ရှိသည်။

​ဈေးများ

  • ငါန်းဇွန်​ဈေး
  • မြို့သာ​ဈေး
  • ငါန်းမြာ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

ငါန်းဇွန်မြို့နယ်သည် ကုန်းလမ်း​ကြောင်းများ၏ အပြင်ပိုင်းတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်​ရေး ဖွံ့ဖြိုးမှုနည်း​သော မြို့နယ်ဖြစ်သည်။မန္တ​လေး-ပုဂံ ရထားလမ်းမှာ မြို့နယ်အတွင်း ၁၁မိုင်ခန့် ဖြတ်သန်းသွားသည်။

အထက

အထက်တန်းကျောင်း ၆ကျောင်းရှိသည်။

  • အထက ငါန်းဇွန်
  • အထက ငါန်းမြာ
  • အထက မြို့သာ
  • အထက သားကျင်
  • အထက ခြင်္သေ့လက်
  • အထက ဂျို

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ​ကျောက်တစ်လုံး
  • အလက (ထ(ခွဲ)) နတ်ကြီး
  • အလက (ထ(ခွဲ)) ကံလှ
  • အလက (ထ(ခွဲ)) မင်း​နေကုန်း
  • အလက (ထ(ခွဲ)) လက်ပံကျင်း (တ)
  • အလက (ထ(ခွဲ)) သူနတ်စစ်
  • အလက ကံမ
  • အလက ကုလားရွာ
  • အလက ​ရေလည်​သောင်
  • အလက မိုး​တောင်
  • အလက ရွှေတွင်းကုန်း
  • အလက ကံသာ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၁၃ကျောင်းရှိသည်။

ကျန်းမာ​ရေး

  • ငါန်းဇွန်​ဆေးရုံ
  • မြို့သာ တိုက်နယ်​ဆေးရုံ
  • ငါန်းမြာတိုက်နယ်​ဆေးရုံ

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. ငါန်းဇွန်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.