ပြင်ဦးလွင်ခရိုင်

ပြင်ဦးလွင်ခရိုင် သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ အ​ရှေ့​မြောက်ဖက်တွင် တည်ရှိကာ တောင်ဖက်တွင် မြစ်ငယ်မြစ်၊ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ မြောက်ဖက်တွင် ထီးချိုင့်မြို့နယ် (ကသာခရိုင်စစ်ကိုင်းတိုင်းဒေသကြီး)၊ အနောက်ဖက်တွင် မန္တ​လေးခရိုင် တို့က ဝန်းရံထားသည်။ သို့သော် သပိတ်ကျင်းမြို့နယ်၏ အနည်းငယ်သော တစ်စိတ်တစ်ပိုင်းမှာမူ ဧရာဝတီမြစ်၏ အနောက်ဖက်တွင် ကျရောက်သည်။ အနောက်တောင်ဖက်တွင် မန္တလေးခရိုင် တည်ရှိသည်။ ပြင်ဦးလွင်ခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉၉၆,၄၃၈ ယောက်[1] ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတည်​နေရာ

ရာသီဥတု

ယင်းဒေသတွင် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်သည်။ မြေပြန့်တွင်မူ မိုးမမှန်တတ်သောကြောင့် တူးမြောင်းများ၊ ကန်များမှ ရေသွင်းယူရသည်။ မတ္တရာနယ်အတွင်းရှိ မောင်းတောတောင်ကုန်းသည် ပင်လယ်ပြင်အထက် ပေ ၃၆၃၈ ပေ မြင့်သည်။ အရှေ့ဘက် မြေမြို့နယ်ရှိတောင်များသည် ပေ ၄ဝဝဝ ကျော် ၅ဝဝဝ နီပါးမြင့်သည်။ ခရိုင်တွင်းရှိ ထင်ရှားသည့်တောင်တို့မှာ မတ္တရာနယ်တွင်းရှိ ၈ဝ၈ ပေမြင့်သော စကျင်တောင်ပေ ၁ဝဝဝ ကျော် မြင့်သော ရွှေတောင်ဦးတောင် တို့ဖြစ်သည်။မေမြို့မှာ ရှမ်းကုန်းမြင့်ပေါ်၌ တည်ရှိသဖြင့် အပူရှိန် လျှော့ပါးသည်။ တောင်ကုန်းများတွင် မြေပြန့်မှာထက် ပို၍မိုးရွာသည်။

ဒေသထွက်ကုန်များ

မတ္တရာမှ သရက်၊ နာနတ်၊ ရှောက်၊ ကွမ်းသီး စသော သီးနှံများ၊ မေမြို့မှာ ပန်းများနှင့် ခရမ်းချဉ်၊ ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ စထရောဗယ်ရီ စသောအဟာရဖြစ်သည့် ဟင်းသီးဟင်းရွက်များ ရရှိသည်။ မတ္တရာနယ် စကျင်တောင်မှ ကျောက်ဆင်းတုများကို ပြုလုပ်သည်။

မြို့နယ်များ

ပြင်ဦးလွင်ခရိုင်တွင်းရှိ မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.