Coordinated Universal Time

ကမ္ဘာတစ်ဝှမ်းမှ​ အချိန်​ နာရီတို့အား ​ဖော်​ပြသည့် အဓိက စံနှုန်းဖြစ်သည်​။ အတိုကောက် UTC ဟုသုံးနှုန်းသည်။ ယင်းသည် ဂရင်းနစ်စံတော်ချိန်နှင့် များစွာနီးစပ်သည်။ ကမ္ဘာ့အနောက်ဘက်အကျဆုံးဒေသတွင် UTC -12 အားအသုံးပြုပြီး အရှေ့ဘက်အကျဆုံးဒေသ၌ UTC +12 အား အသုံးပြုသည်။ မြန်မာနိုင်ငံအတွက်မူ UTC +06:30 ဖြစ်သည်။

လက်ရှိ အချိန်ဇုန်များ၏ ကမ္ဘာ့မြေပုံ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

UTC အား အင်တာနက်မှ ကွန်ပျူတာများနှင့် ဆာဗာများ အဓိကထား၍ အသုံးချသည်။ UTC အားအသုံးချ၍ အင်တာနက်ပေါ်မှ ကွန်ပျူတာအချင်းချင်း ချိန်ကိုက်တပြေးညီ အချိန်အား ရယူရန် ဖြစ်သည်။ ထို့အပြင် လေယာဉ်ပျံသန်းခြင်း ယာဉ်သွားလာရေးစနစ်များအတွက်လည်း UTC အား တွင်ကျယ်စွာ အသုံးချကြသည်။ အကြောင်းမှာ ဂရင်းနစ်စံတော်ချိန်ထက် ပိုမိုတိကျသောကြောင့်ဖြစ်သည်။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.