UTC offset

UTC offset ဆိုသည်မှာ နေရာဒေသနှင့် ၎င်း၏ ရက်စွဲသည် Coordinated Universal Time (UTC) မှ မည်မျှကွာဟနေသည်ကို ဖော်ပြသော နာရီနှင့် မိနစ်များ၏ ခြားနားချက်ဖြစ်သည်။ UTC offset ကို ±[hh]:[mm], ±[hh][mm] (ဝါ) ±[hh] ပုံစံဖြင့် ယေဘုယျအားဖြင့် ဖော်ပြလေ့ရှိသည်။ ထိုကြောင့် UTC မှ တစ်နာရီ ရှေ့သို့ကြိုရောက်နေသောအချိန် (ဆောင်းရာသီအတွင်း ဘာလင်မြို့စံတော်ချိန်)ကို ဖော်ပြလိုလျှင် UTC offset သည် "+01:00", "+0100"၊ သို့တည်းမဟုတ် ရှိရင်းစွာ ဖော်ပြလိုလျှင် "+01" ဖော်ပြသည်။

နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်

မြောက်အမေရိက၊ ဥရောပနှင့် ဩစတေးလျတို့ရှိ နေရာဒေသအများအပြားတွင် နေ့အလင်းရောင်ထိန်းသိမ်းသော အချိန် (DST) ကို အသုံးပြုကြသည်။ DST ကို လိုက်နာသော UTC offset ကို ရနိုင်ရန်အတွက် မူလစံတော်ချိန်ကို တစ်နာရီထပ်ပေါင်းပေးရသည်။ ဥပမာအားဖြင့် ဥရောပ အလယ်ပိုင်း စံတော်ချိန် UTC+01:00 ကို ဥရောပ အလယ်ပိုင်း နွေရာသီစံတော်ချိန် UTC+02:00 ဖြင့်၊ ပစိဖိတ်ဒေသ စံတော်ချိန် UTC-08:00 သည် ပစိဖိတ်ဒေသ နွေရာသီစံတော်ချိန်UTC-07:00 ဖြင့် အစားထိုးလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

ပြင်ပလင့်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.