UTC+00:20

UTC+00:20 ဆိုသည်မှာ UTC time offset ၏ +00:20 အချိန်တွင်ရှိသော အချိန်၏ အမှတ်လက္ခဏာဖြစ်သည်။

UTC+00:20 ကို နယ်သာလန်နိုင်ငံတွင် မေလ ၁ ရက် ၁၉၀၉ ခုနှစ်မှ မေလ ၁၆ ရက် ၁၉၄၀ ခုနှစ်အထိ အသုံးပြုခဲ့ကြသည်။ ထိုစံတော်ချိန်ကို အမ်စတာဒမ်စံတော်ချိန် သို့မဟုတ် ဒပ်ချ်စံတော်ချိန်အဖြစ် လူသိများကြသည်။ အချိန်ဇုန်ကို အတိအကျပြောရမည်ဆိုလျှင် GMT +0h 19m 32.13s ဖြစ်ပြီး ၁၉၃၇ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီအထိအသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်မှ လွယ်ကူစေရန်အလို့ငှာ GMT +0h 20m သို့ပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမန်တို့ သိမ်းပိုက်ပြီးသောအခါတွင် ဘာလင်စံတော်ချိန်ကိုသာ အသုံးပြုခဲ့ကြရာ ထိုအချိန်ကတည်းကစပြီး ထိုစံတော်ချိန်ကိုသာ အသုံးပြုခဲ့ကြတော့သည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.