UTC+08:45

UTC+08:45 ဆိုသည်မှာ UTC time offset ၏ +08:45 အချိန်တွင်ရှိသော အချိန်၏ အမှတ်လက္ခဏာဖြစ်သည်။

UTC+08:45 ကို ဩစတြေးလျနိုင်ငံတွင် Central Western Summer Time (CWST) အဖြစ် အသုံးပြုခဲ့သည်။ ထိုအချိန်ဇုန်ကို တောင်ဩစ‌တြေးလျပြည်နယ်နှင့် အနောက်ဩစတြေးလျပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသော Eyre Highway လမ်းတလျှောက်ရှိ အမြန်လမ်းစာသောက်ဆိုင်များတွင် အသုံးပြုကြသည်။ သို့ပေမယ့် ဒါဟာ တရားဝင်အသုံးပြုခြင်းတော့ မဟုတ်ခဲ့ပါ။ အစိုးရသည် နယ်ခြားမျဉ်းအစနှင့်အဆုံးများတွင် မည်သည့်အချိန်ဇုန်များကို အသုံးပြုရမည်ကို လမ်းမြေပုံ၌ တိကျစွာ ဖော်ပြထားပြီး ဖြစ်ပါသည်။[1][2] အစိုးရသည် Eyre Highway လမ်း၏ အရှေ့ပိုင်းအခြမ်းတွင် ခရီးသွားများအား ၎င်းတို့၏ နာရီများအား ၄၅ မိနစ် ရှေ့သို့တိုးရန် အကြံပြုထားသော ဆိုင်းဘုတ်များအား စိုက်ထူထားသည်။[3]

ဩစတြေးလျနိုင်ငံတွင် Border Village၊ Caiguna၊ Eucla၊ Madura နှင့် Mundrabilla စသော ဒေသ ၅ ခုတွင် UTC+08:45 အသုံးပြုခဲ့ကြသည်။ ထိုပြင် ထိုအချိန်ဇုန်ကို tz database ၏ သတ်မှတ်ချက်ဖြစ်သော Australia/Eucla တွင်လည်း အသုံးပြုသည်။

အခြားကြည့်ရန်

ကိုးကား

  1. Time Government of Australia။ 25 June 2015 တွင် ပြန်စစ်ပြီး။
  2. Annual Report 2012-2013 7။ Shire of Dundas (WA)။ 4 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2015 တွင် ပြန်စစ်ပြီး။
  3. Central Western Standard Time: The Time Zone You Won’t Find on a Map Basement Geographer။ 18 January 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.