တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)

သီဟသူရ

တင်အောင်မြင့်ဦး
မြန်မာနိုင်ငံ၏ ပထမ​မြောက် ဒုတိယသမ္မတ ၁
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၁ ဇူလိုင် ၂၀၁၂
သမ္မတဦးသိန်းစိန်
ယခင်လူရာထူးစတင်
ဆက်ခံသူစိုင်းမောက်ခမ်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၀ မတ် ၂၀၁၁
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူဇေယျာသော်
မဲဆန္ဒနယ်ပုဗ္ဗသီရိမြို့နယ်
အနိုင်ရမဲ အရေအတွက်၄၄,၃၀၅ (၉၀.၅၇%)
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁
တာဝန်သက်တမ်း
၂၀၀၇  ၃၀ မတ် ၂၀၁၁
ယခင်လူဦးသိန်းစိန်
ဆက်ခံသူရာထူးပယ်ဖျက်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-05-29) ၂၉ မေ၊ ၁၉၅၀
မြန်မာနိုင်ငံ
နိုင်ငံရေးပါတီUSDP
ကြင်ဖော်(များ)ဒေါ်ခင်စောနှင်း[1]
သားသမီးနိုင်လင်းဦး[1]
နေထိုင်ရာနေပြည်တော်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်တပ်မတော် အရာရှိ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ချုပ်ကြီး

စစ်အရာရှိဘဝ

သီဟသူရ ဦးတင်အောင်မြင့်ဦး(ဒုတိယသမ္မတ)

အမည် သီဟသူရ တင်အောင်မြင့်ဦး
မွေးသက္ကရာဇ် ၂၉. ၅. ၁၉၅ဝ
ဇနီးအမည် ဒေါ်ခင်စောနှင်း
သွေးရင်း သားဖြစ်သူ နိုင်လင်းဦး (ခေါ်) တေဇာစောဦး (ဗိုလ်ကြီးဟောင်း၊ ဧရာဟင်္သာကုမ္ပဏီပိုင်ရှင်)
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
ပညာအရည်အချင်း စစ်တက္ကသိုလ် (သိပ္ပံ)
ကိုယ်ပိုင်အမှတ် ကြည်း/၁၁၇၀၁

တပ်ဝင်ခုနှစ် ၁၉၇ဝ
စစ်တက္ကသိုလ် အပါတ်စဉ် (၁၂) ဆင်း
၁၉၈၈-ခုနှစ် ခလရ (၁၁) ဒုရင်းမှူး ဗိုလ်မှူး (မိုင်းယန်းတိုက်ပွဲတွင် သီဟသူရ ဘွဲ့ရရှိ)
၁၉၉ဝ-ခုနှစ် ခမရ (၁၂ဝ) ယာယီရင်းမှူး ဗိုလ်မှူး (ပဒန်ကောင်တိုက်ပွဲ တွင် သူရဲကောင်းမှတ်တမ်းဝင် ရရှိ)
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး
နမခ စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီး
၁၉၉၂ -ခုနှစ် နမခ ယာယီစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး
၁၉၉၃ -ခုနှစ် နမခ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
၁၉၉၅ -ခုနှစ် တမခ (၃၃) ဒု တပ်မမှူး ဗိုလ်မှူးကြီး
၁၉၉၅ -ခုနှစ် စကခ (၁) စကခ မှူး ဗိုလ်မှူးကြီး
၁၅ – ၆ – ၁၉၉၆ စကခ (၁) စကခ မှူး ဗိုလ်မှူးချုပ်
၁၅ – ၁၁ – ၁၉၉၇ နအဖ/ ရမခ အဖွဲ့ဝင်/တိုင်းမှူး ဗိုလ်မှူးချုပ်
နအဖ/ရမခ အဖွဲ့ဝင်/တိုင်းမှူး ဗိုလ်ချုပ်
၁၉၉၇-ခုနှစ် နိုဝင်ဘာလ နအဖ အတွင်းရေးမှူး (၁)
၁၅ – ၁၁ – ၂ဝဝ၁-ခုနှစ် နအဖ/ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်/စစ်ထောက်ချုပ် ဗိုလ်ချုပ်
၂ဝဝ၂ ခုနှစ် စစ်ထောက်ချုပ်
၂ဝဝ၃ ခုနှစ် ဒုတိယဗိုလ်ချုပ်ကြီး
၂ဝဝ၉ ခုနှစ် မတ်လ ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခံ
၂ဝ၁ဝ ခုနှစ် စစ်ဘက်ဆိုင်ရာတာဝန်များမှ အနားယူပြီး နအဖ အတွင်းရေးမှူး ၁ ရာထူးအပြင်၊ ကြံ့ဖွံ့ပါတီ ဗဟိုနာယကအဖွဲ့ဝင်တာဝန်
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ မန္တလေးတိုင်း ပုဗ္ဗသီရိမြို့နယ် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်အမတ်အဖြစ်အရွေးခံ

သီဟသူရဘွဲ့တံဆိပ်ရရှိခြင်း

၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ဘက်ဆိုင်ရာ သီဟသူရဘွဲ့ ရရှိခဲ့သည်။၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။

စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံတော်ရေးရာခေါင်းဆောင်မှုကာလ

သီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ တမခ ၃၃ တွင်စစ်ဦးစီးမှူး ပထမတန်း ၊ဒုတိယတပ်မမှူး မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် စစ်ဗျူဟာမှူး တာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။ ထို့နောက်၂၀၀၂တွင် စစ်ထောက်ချုပ်၊၂၀၀၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၂၀၀၇ ခုနှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို ခန့်အပ်ခြင်းခံခဲ့ရသည်။၂၀၁၀တွင် စစ်ဘက်ရာထူးများမှအနားယူကာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁)အပြင် နိုင်ငံတောအဆင့်လုပ်ငန်း၊ကော်မတီတာဝန်များကို တာဝန်ယူဦးဆောင်ခဲ့သည်။

ပါတီနိုင်ငံရေးလှုပ်ရှားမှု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ဝင်အဖြစ် ၂၀၁၀ရွေးကောက်ပွဲ၌ နေပြည်တော် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရ ရွေးချယ်ခံထားရသည်။ (၂ဝ၁ဝ ရွေးကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အဖြစ် မန္တလေးတိုင်း ပုဗ္ဗသီရိမြို့နယ် မှနေ၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံကာ အနိုင်ရခဲ့သည်။) ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော ပထမအကြိမ် လွှတ်တော်အစည်းအေ၀း တွင် နိုင်ငံတော်ဒုတိယသမ္မတ အဖြစ်ရွေ့းချယ်တင်မြှောက်ခံထားရသူ ဖြစ်သည်။

ဒုတိယသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်း

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၃၀.၃.၂၀၀၁ မှစတင်ကာ ဒုတိယသမ္မတအဖြစ် နေပြည်တော်တွင် ရုံးစိုက်ပြီး တာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူ ခဲ့ပြီး ၎င်း၏နေရာတွင် ဦးဉာဏ်ထွန်းအား ဒုတိယသမ္မတ အဖြစ် ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အစားထိုးခန့်အပ်ခဲ့သည်။

ကိုးကား

  1. CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK Her Majesty's Treasury UK Government (20 April 2011)။ 24 July 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.