ဇေယျာသော်

ဇေယျာသော်သည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ နာမည်ရင်းမှာ ကျော်ကျော်ဖြစ်သည်။

မောင်ဇေယျာသော်
Zayar Thaw

ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
ပုဗ္ဗသီရိ ရွေးကောက်နယ်မြေ
၀၂ မေလ ၂၀၁၂ -
ကိုယ်ရေး အချက်အလက်
အမည်ရင်း ကျော်ကျော်
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် အဆိုတော် Hip Hop
လွှတ်တော်အမတ်

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ ဇေယျာသော်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်းတို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။

  • ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆရာစံလမ်းမရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇေယျာသော်နှင့် အပေါင်းပါ ၆ ဦးအား စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဇေယျာသော်(ခ)ကျော်ကျော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) မတရားအသင်းထူထောင်မူ၊ ဖမ်းဆီးခံရစဉ် ပိုက်ဆံအိတ်အတွင်း မလေးရှားရင်းဂစ် ငွေအကြွေတချို့တွေ့ရှိမှု စသည်တို့ကြောင့် ဖမ်းဆီးခံထား ရခြင်း ဖြစ်သည်။

၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။ အယူခံဝင်ရာတွင် နိုင်သဖြင့် ကော့သောင်းထောင်တွင် လေးနှစ်ကျခံနေရာမှ (၂၀၁၁) မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။[1]

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ကိုယ်စားပြု၍ နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ် အဖြစ်လာခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.