အနဂ္ဂ
အနဂ္ဂသည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ အဆိုတော်မင်းမင်းလတ်နှင့် ဒေါ်ယမင်းကြိုင် တို့မှမွေးဖွားခဲ့သည်။ အဓိက၊ အလင်္ကာ၊ အနဂ္ဂ၊ အမရာ မွေးချင်း လေးဦးရှိပြီး တတိယမြောက် သားဖြစ်သည်။ ငယ်နာမည် ကိုတွိ ဖြစ်သည်။
အနဂ္ဂ | |
---|---|
မွေးဖွား | ရန်ကုန် |
အလုပ်အကိုင် | အဆိုတော် |
မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်း၊ Rဇာနည် ၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။
ထက်ထက်မိုးဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ဂီတလောကမှ ခေတ္တပျောက်သွားခဲ့သည်။ ထက်ထက်မိုးဦးနှင့် ကွာရှင်းပြီးမှ ဂီတလောကတွင် ပြန်ပြီးလှုပ်ရှားလာခဲ့သည်။
ဘာဘူနှင့် တွဲဖက်၍ အနဂ္ဂရဲ့ လုပ်တာ မဟုတ်နှင့် ဘာဘူရဲ့ မဟုတ်တာလုပ် စီးရီးသစ် နှစ်ခွေကို ချိုကြည်သာတေးသံသွင်းမှ (၁၇၊၁၊၂ဝဝ၉)ရက်တွင် ထွက်ရှိခဲ့သည်။[1]
- ၂၀၀၉-ခုနှစ်၊ မတ်လ ၁၄ ရက်တွင် အနဂ္ဂ နှင့် ကုမဏီ လုပ်ငန်းရှင် ၄ ဦးတို့အား စစ်ဒေသ(၁) မှာ ထိန်းသိမ်းခဲ့သည်။ နောက်နေ့တွင် ပြန်လည်လွတ်ပေး ခဲ့သည်။ [2]
သီဆိုခဲ့သော တေးစီးရီး
- မိတော့မိတယ်
- သုံးယောက်ပေါင်းလောင်းကျော်
- မောင်တို့ချယ်ရီမြေ
- ပြိုင်ဘက်
- အနမ်းများစွာအတွက်
- နားညီးတော့---အခုမချစ်
- ပြန်ပြောပြဘို့တော်တော်ခက်လိမ့်မယ်
- ဆယ့်နှစ်ရာသီအချစ်
- လုပ်တာမဟုတ် ၊ မဟုတ်တာလုပ် (ပြိုင်ဘက်-၂)
MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် ရသနှင့်အတူ စီစဉ်သူအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။