ဝဏ္ဏမောင်လွင်
ဦးဝဏ္ဏမောင်လွင် (၃၀ မေ ၁၉၅၂ မွေးဖွား[2]) သည် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၁၉ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် သံတမန်လောကတွင်းသို့ ရောက်ရှိသည်။ ၁၉၉၈ ခုနစ် ဇူလိုင်လမှ ၂၀၀၀ ခုနှစ် စက်တင်ဘာလအထိ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့များတွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၆ မှ ဘွဲ့ရခဲ့သည်။[2]
H.E ဝဏ္ဏမောင်လွင် | |
---|---|
![]() | |
နိုင်ငံခြားရေး ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ယခင်လူ | ဒေါ်အောင်ဆန်းစုကြည် |
၁၉ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဉာဏ်ဝင်း |
ဆက်ခံသူ | ဒေါ်အောင်ဆန်းစုကြည် |
ကုလသမဂ္ဂ အမြဲတမ်းဌာနေကိုယ်စားလှယ်[1] | |
တာဝန်သက်တမ်း ၂၀၀၇ – ၃၀ မတ် ၂၀၁၁ | |
ခေါင်းဆောင် | ဦးသန်းရွှေ |
ဆက်ခံသူ | မောင်ဝေ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | သထုံမြို့၊ မွန်ပြည်နယ်၊ မြန်မာနိုင်ငံ | မေ ၃၀၊ ၁၉၅၂
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်လင်းလင်းထွန်း |
မိခင်ကျောင်း | စစ်တက္ကသိုလ် အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်း |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၁-၁၉၉၈ |
ရာထူး | ဗိုလ်မှူးကြီး |
ဦးဝဏ္ဏမောင်လွင်ကို မွန်ပြည်နယ်၊ သထုံမြို့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မောင်လွင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[3]
ကိုးကား
- "Burma Issues and Concerns: Locked In, Tied Up: Burma's Disciplined Democracy" (April 2011) 7: 14. Alternative Asean Network on Burma.
- "Cabinet Ministers"၊ Alternative Asean Network on Burma။ 12 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 18 October 2013။
- Zay Thu။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား" (in Burmese)၊ Tomorrow၊ 27 August 2014။ 9 July 2015 တွင် ပြန်စစ်ပြီး။