စိုးထွဋ်

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (၂၉ မတ် ၁၉၆၀ မွေးဖွား[1]) သည် မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး

စိုးထွဋ်
ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဖေဖော်ဝါရီ ၂၀၂၀
သမ္မတဦးဝင်းမြင့်
ဦးမြင့်ဆွေ (ယာယီ)
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဦးမင်းသူ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၀-0၃-၂၉) မတ် ၂၉၊ ၁၉၆၀
မန္တလေးမြို့
လူမျိုးမြန်မာ

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်သည်။[1]

ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်းကောင်း၊ စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့သည်။၂၀၁၆ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။[1]

ဝန်ကြီးတာဝန် ထမ်းဆောင်ခြင်း

ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားသည့်အခါ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[2]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးဌာနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.