မန်းဝင်းခိုင်သန်း
မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[1][2][2][3][4] အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။
မန်းဝင်းခိုင်သန်း | |
---|---|
ပြည်ထောင်စုလွှတ်တော် နာယက | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၈ | |
လက်ထောက် | ဦးအေးသာအောင် |
ယခင်လူ | ဦးရွှေမန်း |
ဆက်ခံသူ | ဦးတီခွန်မြတ် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
လက်ထောက် | ဦးအေးသာအောင် |
ယခင်လူ | ဦးခင်အောင်မြင့် |
အမျိုးသားလွှတ်တော် အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ကရင်ပြည်နယ် မဲဆန္ဒနယ် (၈) မြဝတီမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ။ | ဧပြီ ၂၃၊ ၁၉၅၂
လူမျိုး | မြန်မာနိုင်ငံသား ကရင်လူမျိုး |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
Relations | မန်းဘခိုင် (အဖိုး) |
မိဘ | မန်းသန်းရှိန်၊ နန့်ခင်ဌေးရည်ခိုင် |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | ရှေ့နေ၊ နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန်ဘာသာ |
ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်းကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ် (UKL) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။[5]
ကိုးကား
- Myanmar to embark on a new chapter as parliament convenes။ Mizzima။
- Lun Min Mang။ Meet the Speakers။
- ANP Riven by Power Politics as New Government’s Term Approaches။ The Irrawaddy။
- NLD confirms parliament speakers; Nominee for deputy parliament speaker T Khun Myat unclear from opium။ Eleven Myanmar။ 31 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2016 တွင် ပြန်စစ်ပြီး။
- ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း။ အမျိုးသားလွှတ်တော် (၄ ဖေဖော်ဝါရီ ၂၀၁၆)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.