မြဝတီမြို့နယ်
မြဝတီမြို့နယ် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ပါဝင်သည့်မြို့နယ်တစ်ခု ဖြစ်သည်။ မြဝတီမြို့နယ်တွင် မြဝတီမြို့၊ စုကလိမြို့၊ နှင့် ဝေါလေမြိုင်မြို့ တို့ပါဝင်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြဝတီမြို့ ဖြစ်သည်။
မြဝတီမြို့နယ် | |
---|---|
မြို့နယ် | |
မြဝတီမြို့နယ် | |
ကိုဩဒိနိတ်: MM 16°30′N 98°25′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | မြဝတီခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | မြဝတီမြို့ |
လူဦးရေ (၂၀၁၄) | ၁၉၅,၆၂၄[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ထိစပ်နေသော နယ်နမိတ်များ
မြဝတီမြို့နယ်သည် အောက်ပါတို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။[2]
- အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊
- အနောက်ဖက်တွင် ကော့ကရိတ်မြို့နယ်၊
- အနောက်မြောက်ဖက်တွင် လှိုင်းဘွဲ့မြို့နယ်၊
- တောင်ဖက်၊ အရှေ့ဖက်နှင့် အရှေ့မြောက်ဖက်တို့တွင် ထိုင်းနိုင်ငံ။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
- "Myanmar States/Divisions and Townships — Overview Map" Archived 17 November 2010 at the Wayback Machine. 23 September 2010., Myanmar Information Management Unit (MIMU)
ပြင်ပလင့်ခ်များ
- "Myawaddy Township - Kayin State" map, 4 August 2010, Myanmar Information Management Unit (MIMU)
- "Myawadi Google Satellite Map" Maplandia World Gazetteer
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.