ဘားအံမြို့

ဘားအံမြို့ (အင်္ဂလိပ်: Hpa-an) သည် မြန်မာနိုင်ငံကရင်ပြည်နယ်မြို့တော်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်က သံလွင်မြစ် ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ရွာကလေးတည်ရာ သံလွင်မြစ်၏ကမ်းစွယ်တွင် အဓိကရ ကျောက်စွန်းကြီးတစ်ခု ရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း(ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟု အမည်တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင် မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင် ဖြစ်သည်။ တောင်ပေါ်တွင် ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ရှိသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် အကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက်(၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရသည်။

ဘားအံမြို့
ဖအင်
ဝေင်ꩻတန်ဖအန်ႏ
မြန်မာနိုင်ငံရှိ မြို့များ
ဘားအံမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 16°52′N 97°38′E
နိုင်ငံအမည် မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
ခရိုင်ဘားအံခရိုင်
မြို့နယ်ဘားအံမြို့နယ်
လူဦးရေ (၂၀၁၄)၄၂၁, ၅၂၅
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
ဘားအံမြို့မှ တွေ့ရသော သံလွင်တံတား(ဘားအံ)

ဇွဲကပင်တောင်၊ကြာအင်းတောင်၊တောင်ဝိုင်းတောင်၊ဖားပုတောင်တို့သည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဘားအံမြို့၏ ထင်ရှားသော ခရီးသွားတို့၏ဆွဲဆောင်ရာနေရာဒေသတစ်ခုဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားအများစုစိတ်ဝင်စားမှုရှိနေသည့် ဒေသတစ်ခုဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေး

ကိုးကွယ်ယုံကြည်မှု

အဓိက ကိုးကွယ်သည့် ဘာသာ မှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် နတ်ကိုးကွယ်သူများလည်း ရှိသည်။

ကျန်းမာရေး

  • ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး
  • တောင်ကလေး စစ်ဆေးရုံ

အားကစား

ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။

ပညာရေး

ပြခန်း

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.