ဘားအံပညာရေးကောလိပ်
ဘားအံပညာရေးကောလိပ် (အင်္ဂလိပ်: Hpa-an Education College; HEC [1][2] )သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ဘားအံ-အိန္ဒုကားလမ်းမကြီး[2]၌ တည်ရှိကာ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။
သံလွင်ဆောင်၊ ဘားအံပညာရေးကောလိပ် | |
အမျိုးအစား | အများဆိုင် |
---|---|
ကျောင်းအုပ်ကြီး | ဒေါ်ခင်မူမြင့် |
တည်နေရာ | ဘားအံမြို့နယ်, ကရင်ပြည်နယ်, မြန်မာနိုင်ငံ |
၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ဘားအံပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[3]
အုပ်ချုပ်ရေး
ကျောင်းအုပ်မှာ ဒေါ်ခင်မူမြင့် ဖြစ်သည်။[3] ၂၁ ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ် အပ်နှင်းပွဲအခမ်းအနား၌ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း သိပ္ပံကျောင်းသား ၂၁၀ ဦး၊ ဝိဇ္ဇာကျောင်းသား ၁၄၆ ဦး ၊ စုစုပေါင်း ၃၅၆ ဦး ဘွဲ့ရသည်။[3] ဇန်နဝါရီ ၂၇၊ ၂၀၂၀ တွင် ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာသည်။ [4]
ဘွဲ့နှင်းသဘင်
ခုနှစ် | လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာသင်တန်းဆင်းပွဲ | ဘွဲ့ရ | မှတ်ချက် |
---|---|---|---|
၂၀၁၉ | ၂၁ ကြိမ်မြောက် | ၃၅၆ | ၂နှစ် |
2020 | ၂၂ ကြိမ်မြောက် | ၄၀၉ |
ကိုးကား