ဒဂုံတက္ကသိုလ်
ဒဂုံတက္ကသိုလ်(Dagon University)သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားဦးရေ အများဆုံးနှင့် အကြီးဆုံးသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ် ပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။
ဒဂုံတက္ကသိုလ် | |
Dagon University | |
စိတ်ထားကောင်းမြတ် ကျင့်ဝတ်လိုက်နာ ပညာထူးချွန် လူရည်မွန်များမွေးဖွားရိပ်ခို ဒို့တက္ကသိုလ် | |
|
|
တည်ထောင်ခုနှစ် | ၁၉၉၃ |
ပါမောက္ခချုပ် | ဒေါက်တာဝင်းနိုင်[1] |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာနေသွယ်ကြည် ဒေါ်နုနုရီ |
တည်နေရာ | ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် |
ပိုင်ဆိုင်မှု | ပညာရေးဝန်ကြီးဌာန |
ဝဘ်ဆိုတ် | dagonuniversity.edu.mm |
သမိုင်းကြောင်း
ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့သည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ (၆၀၀၀၀) ဖြစ်သည်။ ၁၉၉၃-၉၄ ကျောင်းဖွင့်စ ပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ခန့်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်အစတွင် ကျောင်းသားဦးရေ (၁၅၀၀၀) ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၃-၂၀၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၁၄၆၃) ကိုလက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၄-၂၀၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂၂၅၉၁)ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၅-၂၀၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြားပေးခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသားကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရသည်။ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း (၅၉၁၄၄) ဦး၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၆၂၈၉၈) ဦး၏ သင်ကြားရေးကို တာဝန်ယူခဲ့သည်။
တည်နေရာ
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မြို့နယ်ထဲတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၈၂.၁၄ဧက ကျယ်ဝန်းသည်။
ဘာသာရပ်သင်တန်းများ
အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီးသင်ကြားပို့ချသော အထူးပြုဘာသာရပ်များအနက်
- ဝိဇ္ဇာဘာသာရပ်များအနေဖြင့် သင်ကြားပို့ချသော အထူးပြု ဘာသာရပ်များမှာ –
- သိပ္ပံဘာသာရပ်များမှာ
- ဓာတုဗေဒ၊
- ရူပဗေဒ၊
- သင်္ချာ၊
- သတ္တဗေဒ၊
- ရုက္ခဗေဒ၊
- ဘူမိဗေဒ၊
- ကုန်ထုတ်ဓာတုဗေဒ၊
- မိုးလေဝသဗေဒ၊
- ကွန်ပျူတာသိပ္ပံ၊
- ဇီဝဓာတု၊
- အဏုဇီဝဗေဒ၊
- Environmental Studies
- ဇီဝနည်းပညာ တို့ဖြစ်သည်။
စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ် ဘာသာရပ်(၃၁) ခုကို ဒဂုံတက္ကသိုလ်တွင် သင်ကြားလျက်ရှိသည်။စုစုပေါင်း ပုံမှန်နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်သည်။
ကိုးကားကျမ်း
- ဒဂုံတက္ကသိုလ်တရားဝင်ဝက်ဘ်ဆိုက် https://www.dagonuniversity.edu.mm/welcome-and-history/