သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အောင်မြေသာစံမြို့နယ် တွင်တည်ရှိသော ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်တစ်ခု ဖြစ်သည်။ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရမှ တည်ထောင်ကာ ၂၀၀၉ ဩဂုတ်လ ၅ (မြန်မာသက္ကရာဇ် ၁၃၇၁ ဝါခေါင်လပြည့်) တွင်စတင် ဖွင့်လှစ်ခဲ့သည်။

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) သည် မန္တလေးမြို့မြောက်ဖက်၊ မန္တလေးတောင် ခါးပန်းအလယ်တွင်တည်ရှိသည်။ ဤတက္ကသိုလ်ကို ဒေါက်တာ အရှင်ဝေဠုရိယဉာဏလင်္ကာရက ကျောင်းအုပ်အဖြစ် စတင်တာဝန်ယူခဲ့သည်။[1] ဒီပလိုမာတန်း၊ ဘီအေတန်း၊ အမ်အေတန်းများကို ဖွင့်လှစ်၍ သင်ကြားလျှက်ရှိသည်။[2]

သမိုင်းကြောင်း

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကို မန္တလေးမြို့၊ ဝါးတန်းရပ်နေ ဦးအေးမောင်တို့မိသားစုက စတင်ဆောက်လုပ်ခဲ့ကြ၍ ၁၉၈၉ တွင် ပြီးစီးခဲ့သည်။ ၂၀၀၉ ဩဂုတ်လ ၅ တွင် သီတဂူဆရာတော်အား လှူဒါန်းခဲ့ကြ၏ ။[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.