ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင် တည်ရှိသည်။ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ အကျယ်အဝန်းမှာ ၅.၃၄၆၂ ဧက ဖြစ်သည်။[1]
သမိုင်းကြောင်း
အစိုးရ ကွန်ပျူတာ ကောလိပ် (ဟင်္သာတ) အား ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ် ဦးရွှေဒွေးလမ်းရှိ အ.လ.က(၂)၊ ဟင်္သာတမြို့ အဆောက်အဦးတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင်ရှိသော အစိုးရ နည်းပညာ ကောလိပ်ကျောင်း နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)အဖြစ်သို့ ဖွင့်လှစ်ပေးခဲ့သည်။[1]
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် အဓိကဘာသာရပ်နှစ်ခုဖြစ်သော ကွန်ပျူတာသိပ္ပံ နှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအား သင်ကြားပို့ချလျက်ရှိသည်။ စာတွေ့၊ လက်တွေ့ ပေါင်းစပ် သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များမှာ[2]
- ကွန်ပျူတာ ပရိုဂရမ်နည်းပညာ (Software Technology) ဘာသာရပ်များ၊
- ကွန်ပျူတာစက်နည်းပညာ (Hardware Technology) ဘာသာရပ်များ၊
- ကွန်ပျူတာအသုံးချနည်းပညာ (Application Technology) ဘာသာရပ်များ၊
- သုတသိပ္ပံ (Information Science) ဘာသာရပ်များနှင့်
- တွက်ချက်ရေးသင်္ချာ(Computational Mathematics) ဘာသာရပ်များ
ကိုးကား
- Background History။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။