ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့တွင် တည်ရှိသည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် (၂၀၀၀-၂၀၀၁) ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။[1]

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)
တည်ထောင်၂၀၀၀ (၂၀၀၀)
နှီးနွယ်အဖွဲ့အစည်းနယ်စပ်ရေးရာ ဝန်ကြီးဌာန
တည်နေရာစစ်ကိုင်းမြို့, စစ်ကိုင်းတိုင်းဒေသကြီး, မြန်မာနိုင်ငံ
22.003953°N 95.842292°E / 22.003953; 95.842292

သင်ကြားပို့ချ ပေးသော ဘာသာရပ်များ

သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် တို့ကို ပူးတွဲသင်ကြားသည်။ [2]

ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ အောင်လက်မှတ်များနှင့် သင်တန်းကာလများမှာ အောက်ပါအတိုင်းဖြစ်သည်။[3]

ဘာသာတွဲဘွဲ့/ဒီပလိုမာသင်တန်းကာလ
ဝိဇ္ဇာဝိဇ္ဇာဘွဲ့၄နှစ်
သိပ္ပံသိပ္ပံဘွဲ့၄နှစ်
အေဂျီတီအိုင်ဒီပလိုမာ၃နှစ်
နည်းပညာနည်းပညာဘွဲ့အေဂျီတီအိုင်အောင်ပြီး ၂နှစ်

ကိုးကား

  1. ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၏ သမိုင်းအကျဉ်း (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. သင်ကြား ပို့ချ ပေးသော ဘာသာရပ်များ (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ (၇ စက်တင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.