ကွန်ပျူတာတက္ကသိုလ်(ကလေး)
ကွန်ပျူတာတက္ကသိုလ်(ကလေး)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ(၁၀)မိုင် နှင့် ကလေးဝမြို့မှ (၁၄)မိုင် ကွာဝေး၍ အေးသာယာ(စိုက်ခင်း)ကျေးရွာ အနီးတွင် တည်ရှိပြီး ၃၈.၆ဧက ကျယ်ဝန်းသည်။[1] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ်(ကလေး) | |
Computer University, Kalay | |
မြန်မှန်တွက်ချက် တိုင်းပြည်တွက် | |
| |
တည်ထောင်ခုနှစ် | ၂၇ စက်တင်ဘာ ၂၀၀၁ |
တည်နေရာ | ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
အကျယ်အဝန်း | ၃၈.၆ ဧက |
သမိုင်းကြောင်း
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်၍ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ကလေး) အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[1]
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
- ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
- ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
ကိုးကား
- ကွန်ပျူတာတက္ကသိုလ်(ကလေး)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.