ရွှေဘိုတက္ကသိုလ်
ရွှေဘိုတက္ကသိုလ် (အင်္ဂလိပ်: Shwebo University) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်များအတွက် သင်တန်းများ တက်ရောက်နိုင်သည်။
ရွှေဘိုတက္ကသိုလ် ပင်မဝင်ပေါက် | |
ယခင်အမည်များ | ရွှေဘိုဒေသကောလိပ် (၁၉၇၇) |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၇၇ |
ပါမောက္ခချုပ် | ဒေါက်တာဝင်းဆွေ |
တည်နေရာ | ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | https://www.sbu.edu.mm/ |
သမိုင်းကြောင်း
မန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်) ၏ လက်အောက်တွင် ရွှေဘိုဒေသကောလိပ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရွှေဘိုကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရွှေဘိုဒီဂရီကောလိပ် အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရွှေဘိုတက္ကသိုလ် ဖြစ်လာခဲ့သည်။
သင်တန်းများ
ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။
သင်တန်း | ဘွဲ့ | မဟာဘွဲ့ |
---|---|---|
မြန်မာစာ | BA | MA |
အင်္ဂလိပ်စာ | BA | MA |
အရှေ့တိုင်းပညာ | BA | MA |
ပထဝီဝင် | BA | MA |
သမိုင်း | BA | MA |
ဒဿနိကဗေဒ | BA | MA |
ရုက္ခဗေဒ | BSc | MSc |
ဓာတုဗေဒ | BSc | MSc |
သင်္ချာ | BSc | MSc |
ရူပဗေဒ | BSc | MSc |
သတ္တဗေဒ | BSc | MSc |
ဘူမိဗေဒ | BSc | MSc |
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.