နည်းပညာတက္ကသိုလ်(မအူပင်)

နည်းပညာတက္ကသိုလ်(မအူပင်) သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်မအူပင်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၊ မအူပင်-ရေလဲကားလမ်းဘေး၊ အောင်ဟိတ်ရွာအနီးတွင် တည်ရှိပြီး အကျယ်အဝန်း ၅၀.၁၄ ဧက ရှိသည်။

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(မအူပင်)ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် မအူပင်မြို့ စာရေးကုန်းရပ်ကွက်နှင့် ဘောလုံးကွင်းရပ်ကွက်ကြား စိမ်းမြကန်သာလမ်းပေါ်ရှိ မြေဧက ၅၇.၈၇၂ ပေါ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ (မအူပင်) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့် လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[1]

သင်ကြားရေးဌာနများ

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • အင်ဂျင်နီယာသင်္ချာဌာန
  • အင်ဂျင်နီယာရူပဗေဒဌာန
  • အင်ဂျင်နီယာဓာတုဗေဒဌာန

သင်တန်းများ

ဘွဲ့သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
အင်ဂျင်နီယာဘွဲ့ (မြို့ပြ) B.E. (Civil) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး) B.E. (EC) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) B.E. (EP) ၆ နှစ်
အင်ဂျင်နီယာဘွဲ့ (စက်မှု) B.E. (ME) ၆ နှစ်

ကိုးကား

  1. Background History 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.