အစိုးရနည်းပညာသိပ္ပံ(ပြင်ဦးလွင်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။
အခြားအမည် | GTI Pyin Oo Lwin |
---|---|
ယခင်အမည် | အစိုးရနည်းပညာအထက်တန်းကျောင်း |
တည်ထောင် | ၂၀၁၇ |
နှီးနွယ်အဖွဲ့အစည်း | ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန |
ကျောင်းအုပ်ကြီး | ဒေါက်တာဝင်းထိုက်အောင် |
ဆရာဦးရေ | ၆၉ |
သင်တန်းသား | ၄၃၄ ဦး |
တည်နေရာ | ပြင်ဦးလွင်မြို့, မန္တလေးတိုင်းဒေသကြီး |
သမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အား၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် AGTI ပထမနှစ် ကျောင်းသား/သူဦးရေ (၁၂၁)ဦးဖြင်စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
ရည်ရွယ်ချက်
အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အားအောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိပါသည်-
(က) နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးသို့တက်ရောက်လိုသူများ(မသန်စွမ်းသူများ၊ အခွင့်အလမ်း နည်းပါးသောသူများ စသည်တို့အပါအဝင်) သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်။ (ခ) လုပ်သားဈေးကွက်၏လိုအင် နှင့် လိုက်လျောညီထွေရှိသည့် သက်မွေးပညာသင်တန်းများကို သင်ကြားပေး နိုင်မည့်လေ့ကျင့်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်။
သင်ကြားရေးဌာနများ
- သုတနည်းပညာအင်ဂျင်နီယာဌာန
- အီလက်ထရောနစ်အင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုအင်ဂျင်နီယာဌာန
- စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာန
ဘွဲ့ဒီဂရီများ
ဘွဲ့ကြိုသင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
သုတနည်းပညာအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (IT) | ၃ နှစ် |
စက်မှုအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (MP) | ၃ နှစ် |
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (EP) | ၃ နှစ် |
စက်မှုအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (ME) | ၃ နှစ် |
မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (ATM) | ၃ နှစ် |
စက်မှုလုပ်ငန်းအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (IE) | ၃ နှစ် |