နည်းပညာတက္ကသိုလ်(စစ်တွေ)
နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရေချမ်းပြင်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။
နည်းပညာတက္ကသိုလ်(စစ်တွေ) | |
Technological University (Sittwe) | |
စက်မှုစွမ်းအား ပြည်ထွန်းကား | |
|
|
တည်နေရာ | ရေချမ်းပြင်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အမျိုးအစား | အများသူငါနှင့်ဆိုင်သော |
ပိုင်ဆိုင်မှု | ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) |
ဝဘ်ဆိုတ် | tusty.moe-st.gov.mm |
သမိုင်းကြောင်း
အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[1]
သင်ကြားမှုစနစ်
နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -
- မြို့ပြအင်ဂျင်နီယာဌာန၊
- စက်မှုအင်ဂျင်နီယာဌာန၊
- လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊
- အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊
- စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန၊
- ဓာတုအင်ဂျင်နီယာဌာန၊
- ရူပဗေဒ အင်ဂျင်နီယာဌာန၊
- ဓာတုဗေဒ အင်ဂျင်နီယာဌာန၊
- သင်္ချာ အင်ဂျင်နီယာဌာန နှင့်
- ဘာသာစကားဌာနများ ဖြစ်ကြပါသည်။[2]
အင်ဂျင်နီယာ ဘာသာရပ်များ
B.E ဘွဲ့အတွက်ဘာသာရပ်များမှာ
Graduate Degree Program | Degree | Duration |
---|---|---|
Bachelor of Civil Engineering | B.E. (Civil) | 5-yrs (Full Time) |
Bachelor of Mechanical Engineering | B.E (Mech) | 5-yrs (Full Time) |
Bachelor of Electronic and Communication Engineering | B.E. (EC) | 5-yrs (Full Time) |
Bachelor of Electrical Power Engineering | B.E. (EP) | 5-yrs (Full Time) |
A.G.T.I ဒစ်ပလိုမာဘာသာရပ်များမှာ ...
Under Graduate Diploma Degree Program | Degree | Duration |
---|---|---|
Diploma in Civil Engineering | A.G.T.I. (Civil) | 2-yrs(Full Time) |
Diploma in Electronic and Communication Engineering | A.G.T.I. (EC) | 2-yrs (Full Time) |
Diploma in Electrical Power Engineering | A.G.T.I. (EP) | 2-yrs (Full Time) |
Diploma in Mechanical Power Engineering | A.G.T.I. (MP) | 2-yrs (Full Time) |
Diploma in Computer Numerical Control Engineering | A.G.T.I. (CNC) | 2-yrs (Full Time) |
ဆက်စပ်လေ့လာရန်
ကိုးကား
- Background History။ 24 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- မော်ကွန်းတင်ပြီးမိတ္တူ။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2014 တွင် ပြန်စစ်ပြီး။