နည်းပညာတက္ကသိုလ်(တောင်ငူ)

နည်းပညာတက္ကသိုလ်(တောင်ငူ) သည် ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ကေတုမတီမြို့၊ သဝန်ငယ်ရပ်ကွက်၊ ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးဘေး သက်ရှည်ကျော်ထင်လမ်းပေါ်တွင် တည်ရှိသည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)
နည်းပညာတက္ကသိုလ်‌(တောင်ငူ)အဝင်လမ်းမ
ယခင်အမည်များ
အစိုးရနည်းပညာသိပ္ပံ
အစိုးရနည်းပညာကောလိပ်
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၇ (၂၀၀၇)
ကျောင်းအုပ်ကြီးဒေါက်တာမောင်မောင်လတ်
တည်နေရာတောင်ငူမြို့, ပဲခူးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်tutoungoo.edu.mm

သမိုင်းကြောင်း

စက်မှုလက်မှုအထက်တန်းကျောင်းကို ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီး၊ ရန်ကုန်−မန္တလေးအဝေးပြေးလမ်းမကြီး ပေါ်တွင် ၁၉၈၂ခုနှစ်၊ မတ်လ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် သိပွံနှင့်နည်းပညာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာ ကောလိပ်အဖြစ်သို့လည်းကောင်း ကေတုမတီမြို့သစ်တွင်ပြောင်းလဲဖွင့်လှစ်လိုက်ကာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[1] နည်းပညာတက္ကသိုလ် (တောင်ငူ) သည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 9001:2015) ကို ရရှိပြီးသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သည်။ 2018-2019 ပညာသင်နှစ်အထိ Civil,EC,EP,Mech ဟူ၍ မေဂျာကြီး လေးခုသာသင်ကြားပို့ချခဲ့သော်လည်း 2019-2020 ပညာသင်နှစ်မှစ၍ IT နှင့် MC မေဂျာနှစ်ခုကိုထပ်တိုးသင်ကြားပို့ချနေပြီဖြစ်သည်။ B.E ဘွဲ့ သင်တန်းများကို C,EC,EP, Mech, IT, McE များအားလုံးဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း မဟာအင်ဂျင်နီယာဘွဲ့ M.E အတွက် IT နှင့် McE သင်တန်းများအတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။

နည်းပညာတက္ကသိုလ်(တောင်ငူ) ၏သင်ကြားဌာနများမှာ

  1. မြို့ပြအင်ဂျင်နီယာဌာန
  2. အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  4. စက်မှုအင်ဂျင်နီယာဌာန
  5. မက္ကာထရောနစ်အင်ဂျင်နီယာဌာန
  6. သုတနည်းပညာဌာန
  7. မြန်မာစာဌာန
  8. အင်ဂျင်နီယာအင်္ဂလိပ်ဌာန
  9. အင်ဂျင်နီယာသင်္ချာဌာန
  10. အင်ဂျင်နီယာရူပဗေဒဌာန
  11. အင်ဂျင်နီယာဓာတုဗေဒဌာန
  12. လူစွမ်းအားအရင်းအမြစ်ဌာန

အင်ဂျင်နီယာ ဘာသာရပ်များ

အင်ဂျင်နီယာဘွဲ့အတွက် ဘာသာရပ်များ

No Graduate Degree Program Degree Duration
1 Bachelor of Engineering ( Civil) B.E. (Civil) 6-yrs (Full Time)
2 Bachelor of Engineering (EC) B.E. (EC) 6-yrs (Full Time)
3 Bachelor of Engineering ( EP) B.E. (EP) 6-yrs (Full Time)
4 Bachelor of Engineering ( Mech ) B.E. (Mech) 6-yrs (Full Time)
5 Bachelor of Engineering (MC ) B.E. (MC) 6years (Full Time)
6 Bachelor of Engineering ( IT ) B.E. (IT) 6-yrs (Full Time)

မဟာအင်ဂျင်နီယာဘွဲ့ အတွက်ဘာသာရပ်များ

No Under Graduate Diploma Degree Program Degree Duration
1 Master of Civil Engineering M.E (Civil) 2-yrs (Full Time)
2 Master of Electronic Engineering M.E(EC) 2-yrs (Full Time)
3 Master of Electrical Power Engineering M.E (EP) 2-yrs (Full Time)
4 Master of Mechanical Engineering M.E(Mech) 2-yrs (Full Time)

ကိုးကား

  1. Background History 11 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.