ဟင်္သာတတက္ကသိုလ်
ဟင်္သာတတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။
ဆောင်ပုဒ် | ပညာခေတ်ဖြင့် မျိုးဂုဏ်မြှင့် |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၇၈ |
ပါမောက္ခချုပ် | ဒေါက်တာနီလာမြင့် |
တည်နေရာ | ဟင်္သာတမြို့, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | hinthadauniversity.edu.mm |
သမိုင်းကြောင်း
၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း အမှတ်(၂) ဟင်္သာတ ဒေသကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဟင်္သာတကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟင်္သာတဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဟင်္သာတတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[1]
တည်နေရာနှင့် အကျယ်အဝန်း
ဟင်္သာတတက္ကသိုလ်သည် ဟင်္သာတမြို့၏ အနောက်တောင်ဖက် မြို့ပတ်လမ်းမကြီးပေါ်တွင် တည်ရှိသည်။ မြေဧရိယာအကျယ်အဝန်းမှာ စတင်ဖွင့်လှစ်စဉ်က ၃၆.၇၅ ဧကသာရှိသော်လည်း ၁၉၉၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ၅၄.၇ ဧကအထိ တိုးချဲ့ပေးခဲ့သဖြင့် လက်ရှိတွင် ၉၁.၄၅ ဧက ကျယ်ဝန်းသည်။[1] ကျောင်းသားအဖွဲ့အစည်းများဖြစ်သည့်အဝေးသင်ကျောင်းသားထုအဖွဲ့အစည်းနှင့်ကျောင်းသားများသမဂ္ဂလဲရှိသည်။
သင်ကြားပို့ချနေသော ဘာသာရပ်များ
ဟင်္သာတတက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်သင်တန်းများကို သင်ကြားပို့ချပေးသည်။[1]
နေ့သင်တန်းများ
ဌာနများသင်ကြားရေး ဌာနများ
အခြား
တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ
ကိုးကား
|