ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာ အနီးတွင် တည်ရှိသည်။ စုစုပေါင်း ဧရိယာအကျယ်အဝန်းမှာ ၁၃၈.၀၇ ဧက ဖြစ်သည်။[1]
မန္တလေးကွန်ပျူတာတက္ကသိုလ် နှင့် မရောထွေးပါနှင့်။
Computer University (Mandalay) | |
အမျိုးအစား | အများဆိုင် |
---|---|
တည်ထောင် | ၁ ဖေဖော်ဝါရီ ၂၀၀၂ |
ပါမောက္ခချုပ် | ဦးကျော်စွာစိုး |
တည်နေရာ | စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | cumandalay.edu.mm |
B.C.Sc နှင့် B.C.Tech ဘွဲ့နှစ်မျိုးကို ပေးအပ်သည်။
သမိုင်းကြောင်း
ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး၏ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့စွဲပါစာအမှတ်၊ ၀၁/နယက(ဥ)/စ၀-၁အရ၊ အစိုးရကွန်ပျူတာကောလိပ် မှ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[1]
ကိုးကား
- Background Histroy။ 20 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.