မအူပင်တက္ကသိုလ်
မအူပင်တက္ကသိုလ်သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အိုင်ဝိုင်းကျေးရွာတွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။[1] တက္ကသိုလ်၏ မြေဧရိယာ အကျယ်အဝန်းမှာ ၆၇.၀၇ ဧက ဖြစ်သည်။[2]
ဆောင်ပုဒ် | ပညာတိုးမြှင့် တိုင်းကျိုးတင့် |
---|---|
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် | To develop the knowledge for benefit of the country |
အမျိုးအစား | အများဆိုင် |
တည်ထောင် | ဖေဖော်ဝါရီ ၁၈၊ ၂၀၀၂ |
မိခင်တက္ကသိုလ် | ပညာရေး ဝန်ကြီးဌာန |
တည်နေရာ | မအူပင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ 16°42′05″N 95°39′32″E |
ဝဘ်ဆိုဒ် | maubinuniversity.edu.mm |
တက္ကသိုလ် ဝဘ်ဆိုဒ်တိုက်ခိုက်ခံရမှု
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် မအူပင်တက္ကသိုလ်၏ ဝဘ်ဆိုဒ်ကို တူရကီဟက်ကာများက စက်တင်ဘာလတွင် တိုက်ခိုက်ခဲ့ပြီး deface များ တင်ခဲ့သည်။[3]
ကိုးကား
- Background History။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- တက္ကသိုလ်၏ နောက်ခံသမိုင်း။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ဗဟိုဘဏ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုဒ်များ ထပ်မံတိုက်ခိုက်ခံရ။ The Voice Myanmar (၄ စက်တင်ဘာ ၂၀၁၇)။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.