ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့၏ အရှေ့ဖက် ၅ မိုင်ခန့်အကွာ တောမအုပ်စု၊ ဥယျာဉ်ရွာ မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေး အနီးတွင်တည်ရှိသည်။ ပညာရေး ဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
University of Computer Studies, Meiktila(UCSMTLA)
" မြန်မှန်တွက်ချက် တိုင်းပြည်တွက် "
ကွန်ပျူတာတက္ကသိုလ်

တည်ထောင်ခုနှစ် ၁ ၊အောက်တိုဘာ၊ ၂၀၀၁
တည်နေရာ မိတ္ထီလာမြို့ မန္တလေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အဖွဲ့အစည်း ပညရေးဝန်ကြီးဌာန၊အဆင့် မြင့်ပညာဦးစီးဌာန
ဝဘ်ဆိုတ် www.ucsmtla.edu.mm

သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)ကို ၂၀ဝ၁ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)အဆင့်သို့ တိုးမြှင့်ခဲ့သည်။[1]

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ အောက်ပါဘွဲ့များကို ပေးအပ်ချီးမြှင့်သည်။[1]

  • ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
  • ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)

ကိုးကား

  1. ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) ပညာဝန်ကြီးဌာန၊။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.