ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ (၅)မိုင်ခန့်အကွာ၊ ဘားကပ်စံပြ ကျေးရွာအနီးတွင် တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၄၁.၃၃)ဧက ဖြစ်သည်။[1] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။
ဆောင်ပုဒ် | မြန်မှန်တွက်ချက် တိုင်းပြည်တွက် |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | စက်တင်ဘာ ၂၀၀၁၊ ၃ |
ပါမောက္ခချုပ် | ဒေါက်တာငြိမ်းအေး |
တည်နေရာ | ဘားအံမြို့, ကရင်ပြည်နယ်, မြန်မာနိုင်ငံ |
ပရဝုဏ် | ၄၁.၃၃ ဧက |
ဝဘ်ဆိုဒ် | cuhpn.moe-st.gov.mm |
သမိုင်းကြောင်း
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
- ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
- အချိန်ပိုင်းနည်းပညာဒီပလိုမာ
ကိုးကား
- ကွန်ပျူတာတက္ကသိုလ်(ဘားအံ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.