ဟားခါးပညာရေးကောလိပ်

ဟားခါးပညာရေးကောလိပ် သည် မြန်မာနိုင်ငံချင်းပြည်နယ်ဟားခါးမြို့တွင် တည်ရှိသော ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။ ဟားခါးပညာရေးကောလိပ်သည် ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သည့် ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။[1]

ဟားခါးပညာရေးကောလိပ်
ဟားခါးပညာရေးကောလိပ်ပုံ
ဆောင်ပုဒ်Use your talent for nations
အမျိုးအစားအများဆိုင်
တည်ထောင်၂၀ ဖေဖော်ဝါရီ ၂၀၁၈ (၂၀၁၈-၀၂-20)
တည်နေရာဟားခါးမြို့
ချင်းပြည်နယ်မြန်မာနိုင်ငံ

သမိုင်းကြောင်း

ဟားခါးပညာရေးကောလိပ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လုပ်ငန်းခွင်ကြိုမူလတန်းဆရာ အတတ်ပညာဒီပလိုမာ (D.TEd) သင်တန်းအား စတင်လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းပြည်နယ်နေ့တွင် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။[2]


ကိုးကား

  1. ချင်းပြည်နယ်တွင် ပထမဆုံးဖြစ်သည့် ဟားခါးပညာရေးကောလိပ်ဖွင့်ပွဲ ကျင်းပ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၃ ဖေဖော်ဝါရီ ၂၀၁၈)။ ၆ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ဆုဆက် (၂၃ ဖေဖော်ဝါရီ ၂၀၁၈)။ ချင်းပြည်နယ်တွင် ပထမဆုံးပညာရေးကောလိပ် ဖွင့်လှစ် ၇ ရက် နေ့စဉ်သတင်းစာ ၆ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.