နည်းပညာတက္ကသိုလ်(ပခုက္ကူ)

နည်းပညာတက္ကသိုလ်(ပခုက္ကူ) သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးပခုက္ကူ-ရေစကြို ကားလမ်းမကြီး၏ ဘေးတွင် တည်ရှိသည်။‌ ပခုက္ကူမြို့မှ ၈ မိုင် ၄ ဖာလုံ ခန့် ကွာ‌ဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၁၀၀.၃၂ ဧက ဖြစ်သည်။

နည်းပညာတက္ကသိုလ်(ပခုက္ကူ)
Technological University, Pakokku
[[Image:ဖိုင်:Tupkulogo.png|180px|{{{အမည်}}}]]
တည်ထောင်ခုနှစ် ၂၇ ဒီဇင်ဘာ ၁၉၉၉
တည်နေရာ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး
အမျိုးအစား အများသူငါနှင့်ဆိုင်သော
အကျယ်အဝန်း ၁၀၀.၃၂ ဧက
ပိုင်ဆိုင်မှု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ဝဘ်ဆိုတ် https://tupku.edu.mm

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[1]

ကိုးကား

  1. Background History ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.