နည်းပညာတက္ကသိုလ်(ကလေး)

နည်းပညာတက္ကသိုလ်(ကလေး) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်၏ တောင်ဘက် ၅ မိုင်ခန့်အကွာ ကလေး−ဂန့်ဂေါ ကားလမ်း၏ အနောက်ဘက် ထိုမာကျေးရွာအုပ်စု၊ သာယာဝတီ ကျေးရွာအနီးတွင် တည်ရှိပြီး ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နည်းပညာတက္ကသိုလ်(ကလေး)တွင် ဘာသာရပ်အသီးသီးအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို တက်ရောက်နိုင်သည်။

သမိုင်းကြောင်း

၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကလေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(ကလေး) အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (ကလေး) အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။[1]

သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ

  1. မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering)
  2. အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် (Electronic Engineering)
  3. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် (Electrical Engineering)
  4. စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)

ကိုးကား

  1. Background History ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.