ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)

ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်လွိုင်လင်မှ ပင်လုံသို့သွားသော ပြည်ထောင်စုလမ်းမကြီး၏ လက်ဝဲဘက်တွင် တည်ရှိပြီး လွိုင်လင်မြို့မှ ၁ မိုင်ခန့် ကွာဝေးသည်။ တက္ကသိုလ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၀၆ ဧက ဖြစ်သည်။[1]

သမိုင်းကြောင်း

အစိုးရကွန်ပျူတာကောလိပ်(ပင်လုံ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[1]

ကိုးကား

  1. Background Histroy ၁၅ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.