ပင်လုံမြို့
ပင်လုံမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ မြန်မာ့သမိုင်းဝင် ပင်လုံညီလာခံ ကျင်းပခဲ့ရာနေရာနှင့် ပင်လုံစာချုပ်တို့ ချုပ်ဆိုခဲ့သည့် မြို့ဖြစ်သည်။
ပင်လုံမြို့ ဝေင်ꩻပင်ႏလုံ ဝဵင်းပၢင်လူင် | |
---|---|
မြို့ | |
သမိုင်းဝင် ပင်လုံကျောက်တိုင် | |
ပင်လုံမြို့ | |
ကိုဩဒိနိတ်: 20°59′30″N 97°31′15″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | လွိုင်လင်ခရိုင် |
မြို့နယ် | လွိုင်လင်မြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1] | ၁၃၆၆ မီတာ (၄၄၈၂ ပေ) |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၂,၁၈၆[2] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပညာရေး
ပင်လုံမြို့တွင် ပင်လုံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ တည်ရှိသည်။
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ ) အား ၁ -၆-၂၀၀၄ ရက်နေ့တွင် ကျောင်းသား ၆၅ ဦး ဖြင့် စတင်ဖွင့်ခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်-ပင်လုံ-လဲချား ကားလမ်းမကြီး၏အနောက်ဖက်ဘေးတွင် တည်ၡိပြီး ၁၁.၄၄ ဧကကျယ်ဝန်းသည်။ ဖွင့်ရခြင်း၏ရည်ရွယ်ချက်
- (က) ပြည်ထောင်စု တိုင်းရင်းသား လူငယ်များပညာရှာရင်း တိုင်းရင်းသား အချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စု မပြိုကွဲရေး အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါး ကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်။
- (ခ) ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမူ၊ ရိုးရာဓလေ့ထုံးစံကောင်းများကို သိၡိထိန်းသိမ်း သွားစေရန်။
- (ဂ) နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လူနေမူ အဆင့်အတန်း မြင့်မားရေး အတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်။
- (ဃ) အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် အဖြစ်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရန် ။
- (င) ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်စေရန်။
ကျောင်းသား အရည်အချင်း
- နယ်စပ် ဒေသ တွင် နေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်များ ဖြစ်ပြီး မိမိတိုင်းရင်းသား ဘာသာစကားကို တတ်ကျွမ်းသူ ဖြစ်ရမည်။
- မိဘ မဲ့၊ မိမဲ့၊ ဘမဲ့ ဆင်းရဲနွမ်းပါးသူကျောင်းသားများကို ဖော်ပြပါ ဦးစားပေး အစီအစဉ်အတိုင်း စိစစ် လက်ခံ ပါသည်။
- ကူးစက်ရောဂါကင်းၡင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းမူမၡိသူ ကျမ္မာရေး ကောင်းမွန်သူ ဖြစ်ရပါမည်။
- မူလတန်း၊ အလယ်တန်း(တတိယမှ သတ္တမအထိ) ကျောင်းသားများ ကို ဦးစားပေး လက်ခံသွားပါမည်။
- ကျောင်း၏ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရပါမည်။
တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းအုပ်များ
- ဦးအောင်စိုးဝင်း (ခေတ္တ ကျောင်းအုပ်)
- ဦးမိုးကျော်ထင် ( ။ )
- ဦးသန်းဌေး ( ။ )
လက်ရှိ (၂၀၁၆-၁၇) တွင် ဦးသိန်းထွန်း ကျောင်းအုပ် တာဝန်ဝတ္တရားများကို ထမ်းဆောင်လျက်ရှိသည်။
ပင်လုံမြို့ တွင် အခြေခံပညာ မူလတန်းကျောင်း (၇) ကျောင်း အနက် အ မ က ( ၂ - ၃ ) တို့သည် မူလွန် ကျောင်း များ ဖြစ်ကြပြီးအထက်တန်းအဆင့် သုံးကျောင်း တည်ၡိသည်။ ဆင်ခြေဖုံးကျေးရွာ များပြားသည့်အတွက် လွိုင်လင်မြို့နယ်၏ အခြေခံမူလတန်းကျောင်း တစ်ရာကျော် အနက်ခြောက်ဆယ်ကျော်သည် ပင်လုံမြို့ဝန်းကျင်တွင် တည်ရှိသည်။
ကိုးကား
- GoogleEarth
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း။ ၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၆၃။