သိန္နီမြို့နယ်

သိန္နီမြို့နယ် သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်လားရှိုးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြောက်ဖက်တွင် ကွတ်ခိုင်မြို့နယ်၊ အရှေ့ဖက်တွင် ကွမ်းလုံမြို့နယ်၊ တောင်ဖက်တွင် လားရှိုးမြို့နယ်နှင့် အနောက်ဖက်တွင် နမ္မတူမြို့နယ်တို့ဖြင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၂၂၄.၈ စတုရန်း ကီလိုမီတာ (၄၇၂.၈၉ စတုရန်းမိုင်) ဖြစ်သည်။ မြို့ပေါ်ရပ်ကွက် ၄ ခုရှိပြီး ကျေးရွာအုပ်စု ၃၂ ခု ပါဝင်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သိန္နီမြို့ ဖြစ်သည်။

ဤဆောင်းပါးသည် လက်ရှိ အုပ်ချုပ်ရေးနယ်မြေ အကြောင်း ဖြစ်သည်။ မြို့ အတွက် သိန္နီမြို့ ကို ကြည့်ပါ။ ယခင် ရှမ်းနယ် အတွက် သိန္နီနယ် ကို ကြည့်ပါ။
သိန္နီမြို့နယ်
မြို့နယ်
သိန္နီမြို့နယ်
ကိုဩဒိနိတ်: 23°18′0″N 97°57′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လားရှိုးခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1]၆၃၂ မီတာ (၂၀၇၃ ပေ)
လူဦးရေ (၂၀၁၄)[2]၅၆,၆၆၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကိုးကား

  1. GoogleEarth
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.