နောင်ချိုမြို့နယ်
နောင်ချိုမြို့နယ် သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နောင်ချိုမြို့ ဖြစ်သည်။ နောင်ချိုဟူသော အမည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး ရေကန်စိမ်းအနီးမှ စခန်းတစ်ခု (နောင် = ရေကန်၊ ချို = အစိမ်းရောင်) ဟု အဓိပ္ပာယ်ရသည်။ နောင်ချိုကို ရှေးအခါက အင်းစိမ်းစခန်းဟု ခေါ်ခဲ့သည်။ အဆိုပါအင်းစိမ်း တည်နေရာမှာ ယခု နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက် အနောက်ဖက်တွင် တည်ရှိသည်။[2]
နောင်ချိုမြို့နယ် | |
---|---|
မြို့နယ် | |
နောင်ချိုမြို့နယ် | |
ကိုဩဒိနိတ်: 22°20′02″N 96°48′05″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | ကျောက်မဲခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | နောင်ချိုမြို့ |
ဧရိယာ | |
• စုစုပေါင်း | ၄၈၈.၄၄ စတုရန်းမိုင် (၁၂၆၅.၀၆ စတုရန်းကီလိုမီတာ) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၇၅၀ ပေ (၈၄၀ မီတာ) |
လူဦးရေ (၂၀၁၄)[1] | ၁၄၉,၈၄၂ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပထဝီဝင်
နောင်ချိုမြို့နယ်သည် မြောက်လတ္တီကျူ့ ၂၂° ၄၅' နှင့် ၂၃° ၁၅' အကြား၊ အရှေ့လောင်ဂျီကျူ့ ၉၆° ၀၀' နှင့် ၉၇ ° ၀၀' အကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး ၇၀၀ ပေဝန်းကျင်နှင့် ဒေသတွင်းရှိ အမြင့်ဆုံးအမှတ်မှာ ၄၃၀၀ ပေ ဖြစ်ကာ ပျမ်းမျှ ၂၇၅၉ ပေ ဖြစ်သည်။ ဒေသ၏ တစ်ဝက်ခန့်မှာ စိုက်ပျိုးရန်ကောင်းမွန်သော လွင်ပြင်များဖြစ်ပြီး ပတ်ပတ်လည်မှ တောင်တန်းများ ဝန်းရံလျက်ရှိသည်။ မျက်နှာပြင်ဧရိယာ တစ်ဝက်ကျော်ခန့်မှာ မိုးသစ်တောများ ဖြစ်ကြသည်။ တစ်နှစ်လျှင် ရက်ပေါင်း ၉၀ မှ ၁၃၀ ရက်ခန့်သည် မိုးရွာသွန်းသောရက်များ ဖြစ်ပြီး နှစ်စဉ် မိုးရေချိန် ၄၇ မှ ၇၀ လက်မအထိ ရှိသည်။ အပူချိန်မှာ ဆောင်းရာသီတွင် ၄၃° မှ ၈၁° ဖာရင်ဟိုက်ခန့် ဖြစ်ပြီး နွေရာသီတွင် ၆၁° မှ ၉၆° ဖာရင်ဟိုက်ခန့် ရှိသည်။ မြို့နယ်တွင်းတွင် မြစ်ချောင်းများစွာ စီးဆင်းလျက်ရှိပြီး အချို့နေရာများတွင် လှပသော ရေတံခွန်များ တည်ရှိသည်။ အင်းဝိုင်း ရေတံခွန်၊ အင်းဖိုရေတံခွန်၊ ချောင်းကြီးရေပြန်တောင် ရေတံခွန်နှင့် သပြေဒိုး ရေတံခွန်တို့မှာ နာမည်ကျော်ရေတံခွန်များ ဖြစ်ကြသည်။ ဆိပ်ဖူးရွာအနီးတွင် ရေပူစမ်းတစ်ခုလည်း တည်ရှိသည်။ မြို့နယ်တွင်းတွင် စိုက်ပျိုးရေးအတွက် ရေတမံငယ်များ ၃၀ ခန့် တည်ဆောက်ထားသည်။[2]
နယ်နိမိတ်များ
နောင်ချိုမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော မြို့နယ်များမှာ[3]
- မြောက်ဖက်တွင် သပိတ်ကျင်းမြို့နယ် နှင့် မိုးကုတ်မြို့နယ်၊
- အရှေ့ဖက်နှင့် အရှေ့မြောက်ဖက်တွင် ကျောက်မဲမြို့နယ်၊
- တောင်ဖက်တွင် ရပ်စောက်မြို့နယ် နှင့်
- အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် စဉ့်ကူမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ် နှင့် ကျောက်ဆည်မြို့နယ် တို့ ဖြစ်ကြသည်။[2]
ဘူမိဗေဒ
မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံးပြတ်ရွေ့ဖြစ်သော ကျောက်ကြမ်းပြတ်ရွေ့သည် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာအနီးတွင် တည်ရှိပြီး အဆိုပါ ပြတ်ရွေ့ကြောင့် ၁၉၁၂ ခုနှစ်တွင် ၈.၀ ရစ်ချ်တာစကေးဖြင့် ပြင်ဦးလွင်မြေငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်။[4] ကျောက်ကြမ်းပြတ်ရွေ့သည် Lat. 22˚ 18´N – Long. 96˚ 44´E အကြား တောင်မြောက်တည်ရှိပြီး ၈၀၀ ကီလိုမီတာခန့်ရှိကာ ရှမ်းပြည်နယ်မှ ကယားပြည်နယ် တောင်ပိုင်းအထိ ရှည်လျားသည်။[5][4][6][7][8] ဘန့်ဘွေးကျင်းရေတံခွန် ရှိရာ ပြတ်ရွေ့ကြောကြီးအပါအဝင် အခြားပြတ်ရွေ့များလည်း ရှိသည်။ ပြတ်ရွေ့ကြောများ အနီးဝန်းကျင်တွင် ဓာတ်သတ္တုများ တွေ့ရသည်။ မြေလွှာလှုပ်ရှားမှု များသည့် အားလျော်စွာ ရေပူစမ်းများကိုလည်း တွေ့ရသည်။
သဘာဝပေါက်ပင်
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေရှစ်ရာခန့် မှ အမြင့်ပေလေးထောင်ခန့် အတွင်း ရှိသဖြင့် အပူပိုင်း၊ သမပိုင်း၊ အအေးပိုင်း အပင်များ စုံလင်စွာပေါက်ရောက်သည်။
တောရိုင်းတိရစ္ဆာန်
သဘာဝသစ်တောများတွင် တောဆင်ရိုင်း၊ ကျား၊ ကျားသစ်၊ အင်းကျား၊ တောခွေး၊ တောဝက်၊ ချေ၊ သမင်၊ ဝက်ဝံအပါအဝင် တောရိုင်းတိရစ္ဆာန်မျိုးစုံ၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ ငန်းတော်ကြားမြွေ၊ တောက်တဲ့မျိုးစုံ၊ လိပ်မျိုးစုံ အပါအဝင် တွားသွားသတ္တဝါမျိုးစုံ၊ ဥဒေါင်း အပါအဝင် ငှက်မျိုးစုံ၊ ငါး အပါအဝင် ရေသတ္တဝါမျိုးစုံ၊ လိပ်ပြာအပါအဝင်အင်းဆက်မျိုးစုံ တို့ကို တွေ့ရှိရသည်။
ရေဆင်း နှင့် ရေအရင်းအမြစ်
ရှမ်းကုန်းမြင့်၏ အခြားဒေသများနည်းတူ နောင်ချိုမြို့နယ်သည်လည်း မြန်မာနိုင်ငံ၏ အရေးကြီးသော ရေဝေရေလဲ ဒေသတစ်ခုဖြစ်သည်။
ချောင်းများ
နောင်ချိုမြို့နယ်တွင် မြစ်ဖျားခံသော ချောင်းအများအပြားရှိနေပြီး ချောင်းအားလုံးမှာ စိုက်ပျိုးရေ၊ သောက်သုံးရေ အတွက်သာမက၊ ဆည်၊ တမံ၊ ရေအားလျှပ်စစ် စီမံကိန်းများအတွက် အထူးအရေးကြီးသည့် ရေအရင်းအမြစ်များဖြစ်သည်ကို တွေ့ရသည်။
- ဆည်တော်ကြီးဆည် ရေဝေရေလဲချောင်းများ
- ရေနီချောင်း ခေါ် ချောင်းမကြီးချောင်း
- နဂါးချောင်း
- မင်းလှချောင်း
- အခြားချောင်းငယ်များ
- ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
- ဂယ်လောင်းချောင်း
- ဖောင်းအော်ချောင်း
- အခြားချောင်းငယ်များ
- အလယ်ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
- အလယ်ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
- ဂုတ်တွင်းချောင်း
- အခြားချောင်းငယ်များ
နောင်ချိုမြို့နယ်တွင် စီးဆင်းနေသော ချောင်းအများစုသည် မြို့နယ်၏ မြောက်ဖက်ပိုင်းတွင် မြစ်ဖျားခံကြပြီး မြို့နယ်အလယ်ပိုင်း မြေပြန့်လွင်ပြင်တစ်လျှောက် တောင်ဖက်သို့ စီးဆင်းကာ ဖောင်းအော်ချောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီမြစ်ထဲသို့ ဆက်လက်စီးဝင်သည်။ ဂုတ်တွင်းချောင်း၏ ချောင်းလက်တက်များသည် မြို့နယ်၏ မြောက်၊ အရှေ့မြောက် ဒေသများတွင် မြစ်ဖျားခံပြီး တောင်ဖက်သို့ စီးဆင်းကာ ဂုတ်တွင်းတံတားအနီး ဂုတ်တွင်းချောင်းအြဖစ် ပေါင်းဆုံကြကာ မြို့နယ်၏ အရှေ့ဖက် နယ်နိမိတ်မျဉ်းအတိုင်း တောင်ဖက် ဒုဋ္ဌဝတီမြစ်နှင့် ပေါင်းဆုံရာသို့ ဆက်လက်စီးဆင်းသည်။ မြို့နယ်၏ အနောက်မြောက်ဒေသတွင်မူ ချောင်းများသည် အရှေ့မှ အနောက်သို့ စီးဆင်းကြပြီး ဆည်တော်ကြီး ဆည်ထဲသို့ စီးဝင်သည်။
မြစ်များ
ဒုဋ္ဌဝတီမြစ် ခေါ် မြစ်ငယ်မြစ်သည် ကျောက်မဲမြို့နယ်၏ တောင်ဖက်အနားသတ်အတိုင်း စီးဆင်းလာပြီး နောင်ချိုမြို့နယ်၏ တောင်ဖက်အနားသတ်မျဉ်းအဖြစ် ကွေ့ဝိုက် စီးဆင်းကာ နောင်ချို၊ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နယ်များ ပေါင်းဆုံရာ၊ ဖောင်းအောင်ချောင်းလာရောက်ပေါင်းဆုံရာ နေရာတွင် အနောက်ဖက်သို့ကွေ့ပြီး ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့နယ်များ နယ်နိမိတ်အဖြစ် ဆက်လက် စီးဆင်းသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြီးစီးသည့်နောက်ပိုင်းတွင် ရေမျက်နှာပြင်မြင့်တက်မှုကြောင့် နောင်ချိုမြို့နယ် မယ်ဟုန်၊ ဘန်ဘုန်ရွာများ အနီးအထိ ဆည်ရေပြင်ကျယ် ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ရေတွင်းကြီးရွာ၏ တောင်ဖက်၊ ပြောင်လျှိုရေကျ၏ အထက်ဖက် နေရာတွင် အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ရန် ရှိနေသည်။
ရေတံခွန်များ
ရေအရင်းအမြစ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သဖြင့် ရေတံခွန်များစွာ တွေ့ရသည်။ ထင်ရှားသော ရေတံခွန်များမှာ
- ဘန့်ဘွေးကျင်းအုပ်စု၊ ဘန့်ဘွေးကျင်းရွာ အနောက်ဖက် ကိုင်းကြီးကြိုးဝိုင်းအတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန် ခေါ် မောင်နှံခုနစ်ဖော်ရေတံခွန်
- ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာ၏ မြောက်၊ အရှေ့မြောက်ဖက်ရှိ နမ့်ငိုဒယမ်း ရေတံခွန်
- ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာ၏ အရှေ့မြောက်ဖက်ရှိ အင်းဝိုင်းရေတံခွန်
- ဆီဆုံအုပ်စု၊ ချောင်းကြီးရွာ အနောက်ဖက်ရှိ ချောင်းကြီးရေပျံတောင်ရေတံခွန်
- အင်းဖိုအုပ်စု၊ အင်းဖိုရွာ အနောက်ဖက်ရှိ ဂယ်လောင်း ရေပျောက်တောင် ရေတံခွန်
- ကုန်းစံအုပ်စု၊ ဂုတ်ထိပ်ရွာ၊ ဂုတ်ထိပ်ဘူတာ နှင့် ဂုတ်ထိပ်တံတား အနီး ဂုတ်တွင်းကြိုးဝိုင်းအတွင်းရှိ ရေတံခွန်များ
- ကျောက်တောအုပ်စု၊ ကျောက်တောရွာရေတံခွန်
- ရေတွင်းကြီးအုပ်စု၊ ရေတွင်းကြီးရွာအရှေ့ဖက် ဒုဋ္ဌဝတီမြစ်ကျဉ်း ပြောင်လျှိုရေကျ
- မဲပုတ်အုပ်စု၊ ဒုဋ္ဌဝတီမြစ်ကူးတံတား (နောင်ချို) တာဖလန်းဆိပ် အထက်ဖက်ရှိ မြစ်အတွင်းသို့ ကျဆင်းနေသည့်ရေတံခွန်
ဆည်၊ တမံ၊ ရေကန်များ
- ဆည်တော်ကြီးရေလှောင်တမံ (မတ္တရာမြို့နယ်နှင့်ဆက်စပ်)
- မင်းလှရေအားလျှပ်စစ်စီမံကိန်း၏ အဆင့်ဆင့်သော တမံများ
- ချောင်းကြီး ရေလွှဲတမံ နှင့် ရေထိန်းတံခါး
- ဆမ္မဆယ် ငွေရည်ပုလဲ ကွန်ကရစ် တမံ
- တောင်ရှည်ကန်
- အင်းဖိုကန်
- ဘန့်ဘွေး ကိုယ့်အားကိုယ်ကိုးကန်
- ဦးအောင်လှ ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဟိုနောင် ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဗောဓိ ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ရေပူချောင်း ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဦးအိုက်စိမ်း ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဒါလီ ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ဆည်
- ဝက်ခေါင်း ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ဆည်
- ကျောက်ဆည် ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ဆည်
- ကျောက်ဆည်ကြီး ကိုယ့်အားကိုယ်ကိုးကွန်ကရစ်ဆည်
- ဦးမောင်ဝေဆည် ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- နားဟီး ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဖိုးကုန်ကန် ကိုယ့်အားကိုယ်ကိုးမြေသားဆည်
- ဝါးပိုးကန် ကိုယ့်အားကိုယ်ကိုးမြေသားဆည်
မြေအောက်ရေ
နောင်ချိုမြို့နယ်တွင် မြေအောက်ရေ ပေါများစွာ တွေ့ရသည်။ မည်သည့်နေရာမဆို ရေတွင်းတူးလျင် ရေ အလွယ်တကူ ထွက်ရှိသော်လည်း မြို့နယ်၏ တောင်ဖက် တောင်ပေါ်ဒေသများတွင်မူ မြေအောက်ရေ နည်းပါးသည်။
ရေပူစမ်းများ
- ဆိတ်ဖူးသဘာဝရေပူစမ်း
- နောင်ချိုတိုးဂိတ်အရှေ့ဖက် မီးရထားလမ်းအနီး ရေပူစမ်းဂိတ် ရေပူစမ်း
- မယ်ဟုန်ရွာ အနီးရှိ သဘာဝရေပူစမ်း
ရေထွက်များ
နောင်ချိုမြို့နယ်တွင် စမ်းရေထွက်ပေါင်း သုံးရာကျော်ရှိသည်။
ရေအရည်အသွေး
ကောင်းကင်ကျရေ နှင့် မြစ်၊ ချောင်း၊ ကန်ရေ များမှာ ရေချိုဖြစ်သည်။ မြေအောက်ရေ နှင့် ရေထွက်များမှ ရေသည် ထုံးဓာတ် အပါအဝင် ဓာတ်သတ္တုများ ပါဝင်နေသည်။ ခဲသတ္တုမိုင်း ရှိသော မြောက်ဖက်ဒေသများတွင် ခဲဓာတ်ပါဝင်နိုင်ချေရှိသည်။ ကျောက်မီးသွေးမိုင်းရှိရာ ဂယ်လောင်းအနီးတွင် ကန့်ဓာတ်ပါဝင်နိုင်သည်။ စိုက်ပျိုးရေးရာသီချိန်တွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ခြေ မြင့်မားသည်။
ရေပေးရေးလုပ်ငန်းများ
- နောင်ချိုမြို့စည်ပင်သာယာ
- ဘန့်ဘွေး ကိုယ့်အားကိုယ်ကိုး
သမိုင်း
ပဒေသရာဇ်ခေတ်က နောင်ချိုမြို့နယ်ဒေသသည် သီပေါစော်ဘွားအုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ ယခု သုံးဆယ်ကျေးရွာ နေရာတွင် သုံးဆယ်မြို့ရှိခဲ့ပြီးမြို့စားအဆင့်ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါစော်ဘွားသည် သီပေါ၊ နမ့်လန်၊ သုံးဆယ် နယ်များကို အုပ်ချုပ်ရာ စော်ဘွား ဆာစောချယ် လက်ထက်တွင် ဦးခွန်မုံက သုံးဆယ်မြို့ကို အုပ်ချုပ်ရကြောင်း [2]မှတ်တမ်းများတွင် တွေ့ရှိရသည်။ ရှေးအစဉ်အဆက်ကျင်းပခဲ့သော ရှမ်းပြည်နယ်၏ ထင်ရှားသော တပေါင်းပွဲကိုးပွဲတွင် သုံးဆယ်ရွာ ရှိ ရွှေစံဦးစေတီ တပေါင်းပွဲတော်လည်း အပါအဝင်ဖြစ်သည်။ ရှမ်းပြည်နောင်ချိုမြို့နယ်ရှိရာဒေသသည် တရုတ်နှင့်ကုန်သွယ်ရာလမ်းကြောင်း၊ စစ်ချီရာလမ်းကြောင်း၊ နှစ်နိုင်ငံသံတမန်များ ဖြတ်သန်းသွားလာရာလမ်းကြောင်းပေါ်တွင်ရှိခဲ့သည်။ ဂုတ်တွင်းလျှိုအတွင်း ရှေးခတ်ပုဂံတပ်မတော်သားများ စစ်စခန်းချခဲ့ဖူးသည်။ လုံရုံးအုပ်စု၊ သဖန်းကိုင်းရွာရှိ တဲနန်းတော်ဘုရားကို အနော်ရထာမင်း တရုတ်ပြည်သို့ စွယ်တော်ပင့်သွားရောက်သည့် ခရီးစဉ်တွင် တည်ထားခဲ့သည်။ နောင်ချိုမြို့နယ်အတွင်း ရှိ ကျေးရွာအချို့၏ သမိုင်းများတွင် အနော်ရထာဘုရင်၏ ခရီးစဉ်အကြောင်းများ ဖော်ပြကြသည်ကို တွေ့ရသည်။ အုမ္မခါးကျေးရွာအုပ်စု၊ ငုက္ခလေးရွာအနီးတွင် အလောင်းဘုရား တည်ထားခဲ့သော စေတီရှိသည်။
ကိုလိုနီခေတ်ဦးပိုင်း ၁၈၈၉ ခုနှစ် ဧပြီလ (၂၈) ရက်နေ့မှစ၍ အင်းစိမ်းစခန်းနေရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရထားလမ်းဖောက်လုပ်ရေးအတွက် အရေးပါသည့် ဂုတ်ထိပ်တံတားတည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ရင်း စတင် မြို့တည်ခဲ့ရာမှ အုပ်ချုပ်ရေးလုပ်ငန်းများကို သုံးဆယ်မှ နောင်ချိုသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။[2] ကိုလိုနီခေတ်တွင် ရတနာသိင်္ဂီမိုင်းမှ ခဲနှင့်ငွေသတ္တုရိုင်းထုတ်လုပ်ခြင်း၊ ကိုင်းကြီးကြိုးဝိုင်းမှ သစ်ထုတ်လုပ်ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်အုပ်ချုပ်မှုကို တော်လှန်ခဲ့သူ ဆရာစံ နောက်ဆုံး လှုပ်ရှားခဲ့ရာ ဒေသဖြစ်ပြီး ဆရာစံအထိမ်းအမှတ်နေရာများ၊ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းလွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ ရှိသည်။ ဆရာစံကို ဟိုခိုရွာအနီးရှိ ထုံးကျောက်ဂူအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်ကွင်း ရှိခဲ့ဖူးသည်။
ကျေးလက်ဒေသအချို့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့ဖူးသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၆-၁၉၇၂ ခုနှစ် ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် (၆) ခု၊ ကျေးရွာအုပ်စု (၃၅) ခု ရွာပေါင်း (၂၅၃) ရွာ ဖြင့် မြို့နယ်အဆင့်အုပ်ချုပ်မှု စတင်ခဲ့သည်။[2]
နိုင်ငံရေး
ပဒေသရာဇ်ခေတ် ပုဂံခေတ် မှ ကုန်းဘောင်ခေတ် အထိ သမိုင်းမှတ်တမ်းများတွင် သုံးဆယ်မြို့ (ယခုသုံးဆယ်ရွာ) အကြောင်းများကို တွေ့ရသည်။ သုံးဆယ်မြို့ကို မြို့စားအဆင့် အုပ်ချုပ်ခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာကုန်သွယ်လမ်းကြောင်း၊ စစ်မက်ဖြစ်ပွားရာ တွင် စစ်ချီရာ နှင့် စစ်စခန်းချရာလမ်းကြောင်း၊ သံခင်းတမန်ခင်းအတွက် သံတမန် မင်းစိုးရာဇာများ ဖြတ်သန်းသွားလာနားနေရာ လမ်းကြောင်းပေါ်တွင် ကျရောက်သည့် အချက်အချာ ဒေသတစ်ခုအဖြစ် သမိုင်းမှတ်တမ်းများတွင် ရေးသားခဲ့ကိုတွေ့ရသည်။
ကိုလိုနီခေတ်ဦးတွင် ဂုတ်ထိပ်တံတားစတင်တည်ဆောက်ချိန်မှစ၍ နောင်ချိုကို မြို့အဆင့်တိုးမြှင့်အုပ်ချုပ်ခဲ့သည်။ ကိုလိုနီခေတ်ဦးတွင် သုံးဆယ်၊ ဒိုးပင်၊ ဘန့်ဘွေး၊ နောင်ချို နယ်ပိုင် များ ထားရှိအုပ်ချုပ်ခဲ့သည်။ ကိုလိုနီနယ်ချဲ့ကို တော်လှန်ပုန်ကန်ခဲ့သူ တောင်သူလယ်သမားအဖွဲ့ခေါင်းဆောင် ဆရာစံ နောက်ဆုံးလှုပ်ရှားခဲ့ရာနယ်မြေဖြစ်သည်။
လွတ်လပ်ပြီးခေတ် နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တစ်လျှောက် နောင်ချို ကျေးလက်ဒေသများတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သွားလာလှုပ်ရှားခဲ့ဖူးသည်။ ၁၉၇၄ ခုနှစ် ပြည့်လုံးကျွတ်ဆန္ဒခံယူပွဲများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နောင်ချိုမြို့နယ်ပါတီယူနစ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ကောင်စီ၊ ပြည်နယ်ကောင်စီ၊ မြို့နယ်ကောင်စီ အဆင့်ဆင့်ဖြင့် အုပ်ချုပ်ခဲ့ရာတွင် နောင်ချိုမြို့နယ်ကောင်စီကို ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော လူထုအုံကြွဆန္ဒပြပွဲများဖြစ်ပွားချိန်တွင် နောင်ချိုတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်ချိန်တွင် နောင်ချိုမြို့နယ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဖြင့်အုပ်ချုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြုခဲ့အပြီး နောင်ချိုတွင်လည်း ပါတီကြီးအချို့၏ ရုံးခွဲများ လာရောက် ရုံးစိုက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုသူ ဦးထွန်းအောင် ခေါ် ထွန်းထွန်းဟိန် (ကျောက်တောရွာ) က အနိုင်ရရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူအဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်များကို အရေးယူခဲ့ရာတွင် ဦးထွန်းထွန်းဟိန်လည်း အရေးယူခံခဲ့ရသည်။
၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့ရာ နောင်ချိုမျို့နယ်တွင်လည်း မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက်တွင် ၂၀၁၀ ခုနှစ်မှ စတင်၍ ပါတီစုံအထွေထွေရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့သလို မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်တရားရုံးများသည်လည်း သီးခြားအာဏာရှိသည့် ရုံးများအဖြစ် ပေါ်ထွက်လာခဲ့သည်။ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးများမှာ အနိုင်ရပါတီ နှင့် ပုဂ္ဂိုလ်တို့အပေါ်မူတည်ပြီး နေရာစုံတွင် ရွှေ့ပြောင်းဖွင့်လှစ်လျက်ရှိကြသည်။ ကျင်းပပြီးသော ပါတီစုံအထွေထွေရွေးကောက်ပွဲရလာဒ်များအရ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲရလာဒ်အရ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲရလာဒ်အရ ၂၀၁၆ ခုနှစ်တွင် သမ္မတဦးထင်ကျော် (နောက်ပိုင်း သမ္မတဦးဝင်းမြင့်)၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ တို့ အုပ်ချုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်အရ ၂၀၂၁ ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ အုပ်ချုပ်ရန်ဖြစ်သော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲရလာဒ်ကို လက်မခံပဲ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမနေ့ ပုံမှန်အစည်းအဝေး စတင်ရန် နာရီပိုင်းအလို (နံနက် သုံးနာရီခန့်) တွင် အရေးပေါ်အခြေအနေကြေငြာပြီး စစ်အာဏာသိမ်းခဲ့သည်။ စစ်အာဏာသိမ်းမှုမှာ ဥပဒေနှင့် မညီသဖြင့် အကြီးအကျယ် အငြင်းပွားလျက်ရှိသည်။ ပြည်သူလူထုကလည်း စစ်အာဏာသိမ်းမှုကို လက်မခံပဲ ညစဉ် (၈) နာရီအချိန်ရောက်တိုင်း သံပုံးတီးတောထုတ်ဆန္ဒပြခြင်း များ ပြုလုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကို အွန်လိုင်းမှ ခေါ်ယူပြီး လွှတ်တော်ကိုယ်စားလှယ်အသစ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းပြုလုပ်ခဲ့သလို ၆ ရက်၊ ၇ ရက်၊ ၈ ရက် နေ့များတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များကိုလည်း အွန်လိုင်းမှ ခေါ်ယူကျင်းပခဲ့ကြသည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများသည် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး တို့ကို ကြွေးကြော်ခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ဆိုင်ကယ်နှင့်ကားဟွန်းရှည်တီးခြင်းများ ပြုလုပ်ကာ မိမိတို့ ဆန္ဒများကို ထုတ်ဖော်ခဲ့ကြသည်။ ဝန်ထမ်းများသည်လည်း အလုပ်မသွားပဲ သပိတ်မှောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စစ်ခေါင်းဆောင်များ နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို အားမပေးခြင်း၊ ပတ်သက်ဆက်နွယ်သူများကို ဝိုင်းကျဉ်ခြင်းများ သည် ၂၀၂၁ ဆန္ဒပြပွဲများ၏ ထူးခြားချက်ဖြစ်လာသည်။ ဆန္ဒပြခြင်းများမှာ (၇) ရက်နေ့တွင် ပိုမိုအရှိန်အဟုန် ပြင်းထန်လာသည်။ ဖေဖော်ဝါရီ (၈) ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ သပိတ်ကြီး ပေါ်ပေါက်လာသည်။ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများက စစ်အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။
ပြည်သူ့လွှတ်တော်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောင်ချိုမြို့နယ် သည် ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်း ခွဲတမ်း တစ်နေရာ ရရှိသည်။ ၂၀၁၀ စက်တင်ဘာလတွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် နေရာအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားပြုသူ ဦးကျော်မြင့် (ရွှေညောင်ပင်) က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲ တွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အနိုင်ရရှိခဲ့သည်။ ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ (၂၂) ရက်နေ့မှစတင်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲထမ်းဆောင်လျက်ရှိသည်။ ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုသူ ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်ကပင် တတိယအကြိမ်အဖြစ် အနိုင်ရရှိခဲ့သည်။
အမျိုးသားလွှတ်တော်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အမျိုးသားလွှတ်တော် အတွက် ကျောက်မဲခရိုင်၊ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ သီပေါမြို့နယ်များ နှင့် မိုးမိတ်ခရိုင်၊ မိုးမိတ်၊ မဘိမ်းမြို့နယ်များက ခြောက်မြို့နယ်ပေါင်း ခွဲတမ်းတစ်နေရာရရှိသည်။ အဆိုပါခြောက်မြို့နယ်ပါဝင်သည့် နယ်မြေကို အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုသူ ဦးခွန်ပွင့်က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုသူ ဦးစိုင်းအုန်းကျော် (ကျောက်မဲ) က အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါခြောက်မြို့နယ်ပါဝင်သည့် နယ်မြေကို အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုသူ ဦးထိုက်ဇော် (ကျောက်မဲ၊ ပင်တိန်ရွာ) က အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိသူ ဦးထိုက်ဇော်သည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၁၈၃၀ နာရီခန့်တွင် ပင်တိန်ရွာရှိ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်အနီးကပ် ပစ်ခတ်သတ်ဖြတ်လုပ်ကြံခြင်း ခံခဲ့ရသည်။
ပြည်နယ်လွှတ်တော်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပေါ်ပေါက်လာရာ ရှမ်းပြည်နယ်လွှတ်တော်လည်း အပါအဝင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ စတင်သော ပါတီစုံအထွေထွေရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်လွှတ်တော်အတွက် နောင်ချိုမြို့နယ်က အမှတ် (၁) နှင့် အမှတ် (၂) မဲဆန္ဒနယ်မြေများဟူ၍ ခွဲတမ်း (၂) နေရာ ရရှိသည်။
ရှမ်းပြည်နယ်လွှတ်တော်နောင်ချိုမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားပြုသူ ဦးကျော်မြ (ဘူတာရပ်) က အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြင့်ဆွေ (ဈေးရပ်) က အနိုင်ရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်မြင့်ထွန်း (ပါဟတ်ရပ်) က အနိုင်ရသည်။
ရှမ်းပြည်နယ် လွှတ်တော်နောင်ချိုမြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မြေ
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဘထွန်း က အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာညီညီအောင် (ဘန့်ဘွေး၊ ရပ်ကွက် ၄) က အနိုင်ရသည်။ ဒေါက်တာညီညီအောင်သည် ရှမ်းပြည်နယ် လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရင်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာညီညီအောင်က ဒုတိယအကြိမ်ထပ်မံအနိုင်ရရှိသည်။
ရှမ်းပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး
မြို့နယ်လူဦးရေ၏ ၂၅ ရာခိုင်နှုန်းရှိသော ဗမာတိုင်းရင်းသားများမှာ နောင်ချိုမြို့နယ် နေရာအနှံ့အပြားတွင် ပျံ့နှံ့နေထိုင်ကြပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် ရှိကြသည်။ ၂၀၁၀ တွင် ဦးနိုင်ဝင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ တွင် ဒေါက်တာအောင်သန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၂၀ တွင် ဒေါက်တာအောင်နိုင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။
ရှမ်းပြည်နယ်လွှတ်တော် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး
နောင်ချိုမြို့နယ်အတွင်း နောင်ချိုမြို့၊ အုမ္မသီးရွာ၊ သဲခေါ်ရွာ၊ ရေဝင်ရွာ၊ ဘန့်ဘွေးရွာများတွင် ကချင်တိုင်းရင်းသားများ နေထိုင်ကြပြီး ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် ရရှိကြသည်။ ဒူဝါဇုတ်ဒေါင် သည် ၂၀၁၀ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ (တစ်သီးပုဂ္ဂလ)၊ ၂၀၂၀ (တစ်သီးပုဂ္ဂလ) ရွေးကောက်ပွဲများတွင် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိသည်။
ရှမ်းပြည်နယ်လွှတ်တော် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး
နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုတွင် လီဆူတိုင်းရင်းသားအချို့ နေထိုင်ကြပြီး လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိကြသည်။ ၂၀၁၀ ဦးဝှန်ဆန် ခေါ် ဦးယောဝိ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ ဦးဂူဆာ (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ခေါ် ဒူးလေးပါတီ)၊ ၂၀၂၀ ဒေါ်ခင်စန်းမြင့် ခေါ် ယန်ချီမီး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်
ရှမ်းပြည်နယ်လွှတ်တော် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး
နောင်ချိုမြို့နယ် လုံရုံးအုပ်စုတွင် လားဟူတိုင်းရင်းသားများ နေထိုင်ကြပြီး လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိကြသည်။ ၂၀၁၀ ဦးရှာမွေလရှဲန် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဦးယောသပ် (လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။
လူမှုရေးနှင့်ယဉ်ကျေးမှု
အိမ်ခြေ၊ လူဦးရေ
နောင်ချိုမြို့နယ်တွင် အိမ်ခြေပေါင်း (၂၆၈၃၉) ခု ရှိပြီး အိမ်ထောင်စုပေါင်း (၂၈၃၂၄) စု ရှိသည်။ မြို့နယ်လူဦးရေမှာ (၁၂၈၄၈၉) ဦးရှိပြီး နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက် ၆ ခုတွင် လူဦးရေ (၁၆၂၇၄) ဦး (၁၂.၆၇%) ကျေးလက်ဒေသတွင် (၁၁၂၂၁၅) ဦး (၈၇.၃၃%) နေထိုက်လျက်ရှိသည်။[2]
လူမျိုး၊ ဘာသာစကား
ဓနုလူမျိုး (၄၇၂၆၁) ဦး (၃၇%)၊ ရှမ်းလူမျိုး (၄၂၈၄၆) ဦး (၃၃%) နှင့် ဗမာလူမျိုး (၃၁၆၅၆) ဦး (၂၅%) များ အများဆုံးနေထိုင်ကြကာ မြို့နယ်လူဦးရေ၏ ၉၅% ကျော် ဖြစ်သည်။
ကျန်လူမျိုးများမှာ ဂေါ်ရခါး နှင့် အခြားလူမျိုးများ (၃၁၄၁) ဦး (၂%)၊ ကချင် (၁၃၅၁) ဦး (၁%)၊ ကိုးကန့် (၈၁၀) ဦး၊ လီဆူ (၂၈၆) ဦး၊ ပလောင် (၂၅၆) ဦး၊ ချင်း (၂၅၁) ဦး၊ ကရင် (၂၀၄) ဦး၊ ရခိုင် (၁၄၅) ဦး၊ လားဟူ (၁၄၂) ဦး၊ နီပေါ (၄၇) ဦး၊ မွန် (၄၄) ဦး၊ မြောင်ဇီးလူမျိုး (၃၀) ဦး၊ အိန္ဒိယ (၃၀) ဦး၊ တရုတ် (၁၂) ဦး၊ ကယား (၇) ဦး ဖြစ်သည်။
အဓိက ဘာသာစကားအဖြစ် မြန်မာဘာသာစကားကို အသုံးပြုကြပြီး မျိုးနွယ်စုအလိုက် ကိုယ်ပိုင်ဘာသာစကားများကိုလည်း အသုံးပြုကြသည်။ ဂေါ်ရခါးကျေးရွာအချို့တွင် ဂေါ်ရခါးဘာသာစကား အပြင် အင်္ဂလိပ်ဘာသာစကား ကိုလည်း အသုံးပြုသည်ကို တွေ့ရသည်။ ရွှေပြည်ညွန့် ကိုးကန့်တိုင်းရင်းသား ကျေးရွာ တွင် ကိုးကန့်ဘာသာစကားအပြင် တရုတ်ဘာသာစကားကိုလည်း ပြောဆိုကြသည်ကို တွေရသည်။
ယုံကြည်ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ (၉၅.၀၅%) ရှိသည်။ နောင်ချိုမြို့နယ်တွင် ဘုရား (၅) ဆူ၊ စေတီ (၃၀၁) ဆူ၊ ပုထိုး (၁၅) ဆူ၊ ဘုန်းတော်ကြီးကျောင်း (၁၄၆) ကျောင်း၊ သီလရှင်ကျောင်း (၁၀) ကျောင်း၊ ဓမ္မာရုံ (၇၂) ရုံ ရှိသည်။ အများစုဖြစ်သော ဗုဒ္ဓဘာသာကျေးရွာတိုင်းနီးပါးတွင် နတ်ကြီးစင်များ၊ နတ်ကွန်း နတ်နန်းများကိုလည်း တွေ့ရှိရသဖြင့် နောင်ချိုမြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်များသည် နတ်ကိုလည်း ရိုးရာဓလေ့အရယုံကြည်ကြသူများဖြစ်သည်ကို တွေ့ရှိရသည်။ နတ်စင်အများစုမှာ ကိုးမြို့ရှင်နတ်စင်များ ဖြစ်သည်ကိုတွေ့ရသည်။
ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာ ကိုးကွယ်မှုများလည်းရှိသည်။ ဟိန္ဒူဘုရားကျောင်း (၃၁) ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း (၁၀) ကျောင်း၊ ဗလီ (၄) ခု ရှိသည်။[2]
ပွဲတော်များနှင့် ရိုးရာယာဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ
တပေါင်းလတွင် ကျင်းပသောသုံးဆယ်တပေါင်းပွဲ၊ ရွှေကူ-လက်ပန်ဘုရားပွဲ၊ တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသောမြင်းဖြူဘုရားပွဲ၊ ချောင်းသာဘုရားပွဲ၊ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ်တွင်ကျင်းပသောပွဲတော် များမှာ ထင်ရှားပြီး ရပ်ရွာအလိုက်ကျင်းပသော ဘုရားပွဲ၊ ကထိန်အောင်ပွဲ နှင့် ရှင်ပြုပွဲများကို ပွင့်လင်းရာသီတွင် ဇာတ်ပွဲ၊ မျက်လှည့်ပွဲ၊ အငြိမ့်ပွဲ၊ ဂီတဖျော်ဖြေပွဲ၊ ပဒေသာကပွဲ၊ ဈေးရောင်းပွဲများဖြင့် ကျင်းပကြသည်။ သီတင်းကျွတ်သံဃာတော်ကန်တော့ပွဲ၊ ကထိန်အောင်ပွဲ၊ ရှင်ပြုပွဲများတွင် ရိုးရာဝတ်စုံများဆင်မြန်းကာ ရိုးရာအိုးစည်ဝိုင်းများတီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်သော ဓလေ့ရှိသည်။ ရိုးရာအကများတွင် ဓနုရိုးရာ မီးတုတ်သိုင်းအက၊ ဓနု နှင့် ရှမ်းရိုးရာ ယိမ်းအက၊ တိုးနယားအက၊ ကိန္နရီ ကန္နရာအက၊ သိုင်းအက၊ အိုးစည်အက၊ ဂေါ်ရခါးရိုးရာအကများ၊ ကချင်ရိုးရာအက၊ ကိုးကန့်ရိုးရာအက၊ မြောင်ဇီးရိုးရာအက၊ လားဟူရိုးရာအက၊ ပလောင်ရိုးရာအက များ ကို တွေ့ရသည်။ ရှင်ပြုပွဲများတွင် ရှမ်းရိုးရာ လက်တမ်း သီချင်းကဗျာ စပ်ဆိုခြင်း ဓလေ့ကို တွေ့ရသည်။ ရှင်ပြုအလှည့်များတွင် ရိုးရာ တူမီးသေနတ်များ ပစ်ဖောက်သော ဓလေ့ ရှိသည်။ ရှေးအခါက ပွဲများတွင် လောင်းကစားဝိုင်းများ ရှိခဲ့ဖူးပြီး ယခုအချိန်တွင် လောင်းကစားကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တားမြစ်ထားသည်။ သီတင်းကျွတ်လပြည့်နေ့တွင် မီးထွန်းပွဲတော်ကို ကျင်းပကြပြီး ကျေးရွာတစ်ရွာနှင့်တစ်ရွာ ဘုန်းတော်ကြီးကျောင်းများသို့ အပြန်အလှန် သွားရောက်ကြကာ သီတင်းကျွတ် သံဃာတော်ကို ကန်တော့ကြသည့် အလေ့အထကို ကျေးလက်ဒေသများတွင် တွေ့ရသည်။ တန်ဆောင်မုန်းလ တွင် မီးပုံးပျံလွှတ်တင်ခြင်းကို ရန်ဖန်ရန်ခါတွင်သာ တွေ့ရသည်။ တန်ခူးလတွင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကျင်းပဆင်နွှဲကြသည်။ ဂေါ်ရခါးလူမျိုးများသည် ဒီပါဝလီပွဲတော်ကို နှစ်စဉ် ဆင်နွှဲကျင်းပကြသည်။ ကချင်နှင့်လီဆူကျေးရွာများတွင် ခရစ္စမတ်ပွဲတော်နှင့်နှစ်သစ်ကူးပွဲကို ဒီဇင်ဘာလတွင် ကျင်းပကြသည်။
ကျေးလက်ဒေသတွင် ရိုးရာမင်္ဂလာပွဲအခမ်းများကို တွေ့ရှိရပြီး ဓနုရိုးရာမင်္ဂလာပွဲ သတို့သမီးအိမ်အဝင် နှစ်ဖက် အပြန်အလှန် အမေးအဖြေပြုလုပ်သော ဓလေ့ကို တွေ့ရသေးသည်။ မင်္ဂလာပွဲများတွင် လက်ဖွဲ့ကြိုးချည်ပေးသော ဓလေ့ တွေ့ရသည်။
ကလေးငယ်များကို လည်း အန္တရာယ်ကင်း လက်ဖွဲ့၊ ခမည်း၊ အဆောင်၊ ပရိတ်ကြိုးများကို လည်ပင်း၊ လက်ကောက်ဝတ်များတွင် ချည်နှောင်ပေးသည့် ဓလေ့ ရှိသည်။ ကလေးများကို ကျန်းမာရေးကောင်းစေရန် ဆံပင်ကို နောက်နှင့် ဘေးဖက်တွင် အပြောင်ရိတ်ပြီး ငယ်ထိပ်တွင် အဝိုင်းပုံ ကွက်၍ ချန်ထားသည့် ဆံပင်ပုံစံ ထားလေ့ ရှိသည်။
လူနာမည်ပေးရာတွင် လူမျိုးအလိုက် ကွဲပြားသည်။
ဆံပင်ပုံစံမှာ အမျိုးသားများတွင် ဆံပင်တို၊ အမျိုးသမီးများတွင် ဆံပင်ရှည် ထားလေ့ရှိကြသည်။ လူငယ်အချို့ ဆံပင် ဆေးအလှဆိုးခြင်းကို ပိုမို ပြုလုပ်လာကြသည်။ အမျိုးသမီးများ နားပေါက်ဖောက်သော ဓလေ့ ရှိသော်လည်း ယခုခေတ်တွင် နည်းပါးသွားသည်။ ထိုးကွင်း၊ ဆေးမင်ကြောင် ထိုးနှံသည့် ဓလေ့ ရှိပြီး ရှမ်း တိုင်းရင်းသားကြီးများတွင် တွေ့ရလေ့ရှိသော်လည်း လူငယ်များတွင် ခေတ်ပေါ် တက်တူး ထိုးခြင်းမှ လွဲ၍ ရိုးရာ ဆေးမင်ကြောင် ထိုးခြင်း မတွေ့ရတော့ပေ။
လုံချည် (ပုဆိုး၊ ထဘီ) ကို အများစု ဝတ်ဆင်ကြသည်။ လူငယ်များ နှင့် လုပ်ငန်းခွင်ဝင်ရောက်သူများ ဘောင်းဘီရှည်၊ တို များ ဝတ်ဆင်ကြသည်။ ရိုးရာဝတ်စုံများကို ပွဲလမ်း၊ အခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိကြသည်။
နာရေး အသုဘ များကိုလည်း ရိုးရာထုံးတမ်းစဉ်လာနှင့် အညီ ကျင်းပကြသည်။ လောင်းကစားကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီးသည့်တိုင် အချို့သော ကျေးလက်ဒေသ အသုဘ နာရေးအိမ်များတွင် အပျော်တမ်းဖဲရိုက်သည့် ဓလေ့ ရှိနေသေးသည်။
အားကစား
ဘောလုံးအားကစားကို တစ်မြို့နယ်လုံးတွင် ကစားကြပြီး ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ ပင်ပေါင်၊ တင်းနစ်၊ ဂေါက်သီးရိုက်၊ လမ်းလျှောက်၊ အပြေး၊ စက်ဘီးစီး အားကစားနည်းများကို ကစားကြသည်။ ဘောလုံးကွင်းများမှာ ကျေးရွာအုပ်စုတိုင်းနီးပါးတွင် ရှိကြသည်။ ဘိလိယက်ခုံများမှာလည်း မြို့နယ်တွင်း နေရာအနှံ့တွေ့ရသည်။ နောင်ချိုမြို့ပေါ်တွင် ပုဂ္ဂလိက ဖူဆယ်ကွင်း (၃) ကွင်းရှိသည်။
ပညာရေး
မြို့နယ်စာတတ်မြောက်မှုနှုန်းမှာ ၉၉.၃၇% ရှိသည်။
အခြေခံပညာဦးစီးဌာန အောက်တွင် အထက်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈) ကျောင်း၊ အလယ်တန်းကျောင်း (၁၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၃) ကျောင်း၊ မူလတန်းလွန်ကျောင်း (၃၄) ကျောင်း၊ မူလတန်းကျောင်း (၁၀၃) ကျောင်း၊ စုစုပေါင်း (၁၇၉) ကျောင်းရှိပြီး၊ မူလတန်းကြိုကျောင်း (၂၅) ကျောင်း နှင့် ဘုန်းတော်ကြီးသင်ကျောင်း (၂) ကျောင်း ရှိသည်။ နောင်ချိုမြို့၊ ကံကြီးရွာ၊ ဘန့်ဘွေးရွာ၊ သုံဆယ်ရွာများတွင် ပုဂ္ဂလိက အထက်တန်းပညာရေးဝန်ဆောင်မှုများ၊ မူလတန်းကြိုကျာင်းများရှိသည်။
တက္ကသိုလ်မှာ သက်ရှည်မြိုင် ဂေါ်ရခါး တက္ကသိုလ် တစ်ခုသာရှိသည်။
အကျဉ်းဦးစီးဌာန အောက်တွင် ပြစ်ဒဏ်ကျခံနေရသူများကိုလေ့ကျင့်သင်ကြားပေးသည့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းသင်တန်းစခန်း (၅) ခု ကို ဂယ်လောင်း၊ ကုန်းစံ၊ ကြူအင်း၊ လွင်ကြီး၊ ဟိုခို ဒေသများတွင် ဖွင့်လှစ် ထားရှိသည်။ စိုက်ပျိုးရေးဦးစီးဌာနက၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့က အခါအားလျော်စွာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သင်တန်းများ ပေးသည်။ သစ်တောဦးစီးဌာနက ဒေသခံပြည်သူပိုင်အစုအဖွဲ့သစ်တော လုပ်ငန်းဆောင်ရွက်သူများအတွက် သစ်တောလုပ်ငန်းသင်တန်းများ ပေးသည်။ ကျန်းမာရေးဦးစီးဌာနက အရန်သားဖွားသင်တန်း၊ ကျန်းမာရေးလုပ်သားသင်တန်း နှင့် အခြား ကျန်းမာရေးဆိုင်ရာသင်တန်းများ ပေးသည်။ ဘာသာရေးဆိုင်ရာနေရာများတွင် ဘာသာရေးဆိုင်ရာ သင်တန်းများပေးသည်။ ဘန့်ဘွေး ကရုဏာလူမှုကူညီရေးအသင်း တွင် ကွန်ပျူတာသင်တန်းများပေးသည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း အင်တာနက်မှ သင်တန်းတက်ရောက်သူဦးရေ အများအပြား ရှိလာသည်။
မြို့နယ်အတွင်း ကျောင်းစာကြည့်တိုက် (၁၉၂) ခုအပါအဝင် စာကြည့်တိုက် (၂၁၅) ခု ဖွင့်လှစ်ထားသည်။ အချင်းချင်း စာအုပ်များ မျှဝေဖတ်ရှုကြသည်ကိုလည်း တွေ့ရသဖြင့် ပုဂ္ဂလိက တစ်ဦးချင်း စာအုပ်စုဆောင်းထားရှိသော ကိုယ်ပိုင်စာကြည့်တိုက်ငယ်များလည်း အများအပြားရှိနေသည်ဟု ယူဆရသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အင်တာနက်ကွန်ယက်ကောင်းမွန်လာပြီး လက်ကိုင်ဖုံး အသုံးပြု ကာ အင်တာနက် အသုံးပြုမှု များပြားလာသဖြင့် အင်တာနက်မှတစ်ဆင့် ဖတ်ရှုလေ့လာမှုများ ပိုမို များပြားလာသည်ဟု ယူဆရသည်။
ကျန်းမာရေး
နောင်ချိုမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ (၁) ရုံ၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၇) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၈) ခု၊ တိုင်းရင်းဆေးဦးစီးဌာန (၁) ခု ရှိသည်။ တပ်မတော်စခန်းများ နှင့် ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ စက်ရုံများတွင် သီးသန့်ဆေးခန်းများရှိသည်။ နောင်ချို နှင့် ဘန့်ဘွေးရွာများတွင် ပုဂ္ဂလိက ဆေးခန်းများ ရှိသည်။ နောင်ချို၊ ဘန့်ဘွေး၊ တောင်ခမ်းရွာများတွင် ကုသိုလ်ဖြစ် ဆေးခန်းများ ရှိသည်။ နောင်ချိုမြို့နှင့် ကျေးရွာ (၁၈) ရွာတွင် လူမှုကူညီရေးအသင်းများ တည်ထောင်ထားကြပြီး လူနာများကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးကြသည်။
ယခင်က ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း "ရောဂါသုံးမျိုးတိုက်ဖျက်ရေးရန်ပုံငွေ" ဖြင့် အကောင်အထည်ဖော်ခဲ့သော နောင်ချိုမြို့နယ်ပြည်သူလူထုအခြေပြု ငှက်ဖျားတိုက်ဖျက်ရေးစီမံချက် ဆောင်ရွက်ပြီးနောက်ပိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမှာ ၂၀၂၀ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာခဲ့ရာ နောင်ချိုမြို့နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဝင်ထွက်ရာ နေရာဖြစ်သဖြင့် နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များ နယ်ခြားမျဉ်းအနီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ထားရှိကာ ကူးစက်ပျံ့ပွါးမှု ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိသည်။ [2]
နယ်မြေအေးချမ်းသာယာ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး
ပဒေသရာဇ်စနစ်ကာလဖြစ်သော ပုဂံခေတ်မှ စတင်၍ တရုတ်၊ မြန်မာ နှစ်နိုင်ငံတပ်မတော်များ စစ်ချီလမ်းကြောင်းပေါ်တွင် ရှိခဲ့သည်။ ကိုလိုနီခေတ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး အားကောင်းခဲ့သည်ဟုဆိုနိုင်သော်လည်း ဆရာစံဦးဆောင်သော ဂဠုန်တပ်ဖွဲ့ဝင်များ နောင်ချို ကျေးလက်ဒေသတွင် လှုပ်ရှားခဲ့ဖူးသေးသည်။ လွတ်လပ်ပြီးခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် စသည့်ခေတ်အဆက်ဆက်တို့၌ နောင်ချိုကျေးလက်ဒေသများတွင် လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားခဲ့ကြသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်ဆုနှစ်တွင် နယ်မြေ အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးအားအသင့်အတင့် ကောင်းခဲ့သည်ကို တွေ့ရသည်။
နောင်ချိုမြို့နယ်တွင် မြန်မာ့တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း၊ ကင်းစခန်း များလည်းအခြေစိုက်သည်။ နောင်ချိုမြို့နယ်ကဲ့သို့ပင် မြောက်ဖက်ရှိ မိုးကုတ်၊ အရှေ့ဖက်ရှိ ကျောက်မဲ မြို့နယ်များတွင် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခခန်းများ အခြေစိုက်ကြသည်။ အနောက်ဖက်အိမ်နီးချင်းဖြစ်သော ပြင်ဦးလွင် နှင့် တောင်ဖက်ရှိ ရပ်စောက်မြို့နယ်များတွင် တပ်မတော် သင်တန်းကျောင်း နှင့် တပ်များ အများအပြား အခြေစိုက်သည်။
နောင်ချိုမြို့နယ် အထူးသဖြင့် မြို့နယ်၏ မြောက်ဖက်ပိုင်းဒေသများတွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ကချင်၊ ပလောင်၊ ရှမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဝင်ထွက်သွားလာလေ့ရှိပြီး ဆက်ကြေး တောင်းသည့် ဖြစ်စဉ်များ ရှိနေသည့်အပြင် ဒေသခံ အချို့ကလည်း အဆိုပါ အဖွဲ့များဟန်ဆောင်၍ လက်နက်ကိုင်ခြင်း ဆက်ကြေးတောင်းခြင်း ဖြစ်စဉ်များပါ ရှိခဲ့သဖြင့်တပ်မတော် စစ်ကြောင်းများအဆိုပါဒေသများတွင် လှုပ်ရှားကြသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့ လမ်းအသုံးပြုခကောက်ခံရေးစခန်း၊ မူးယစ်စစ်ဆေးရေးဂိတ် နှင့် ဂုတ်တွင်းတံတားများ ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပလောင်၊ ရခိုင်၊ ကိုးကန့်အဖွဲ့များကအကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးက ဂုတ်တွင်းတံတားပျက်စီးမှုကြောင့် ငါးရက်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရသည်။ ပြင်ဦးလွင်မြို့ မူးယစ်စစ်ဆေးရေးဂိတ် နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့နှင့် ပြိုင်တူ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
တရားမဝင် သစ်၊ တောရိုင်းတိရစ္ဆာန်၊ မူးယစ်ဆေးဝါး၊ တွင်းထွက်သယံဇာတ၊ လက်နက် များ မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။ ဒေသခံအချို့အကြား မူးယစ်ဆေးဝါး ရောင်းချသုံးစွဲမှု ရှိသည်။ မူဆယ်အသွား လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် လူကုန်ကူးသူများ ဖြတ်သွားရာ လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ ယခင်က တရားမဝင် ကျွဲနွား သယ်ဆောင်ရာလမ်းကြောင်း ဖြစ်ခဲ့ဖူးသော်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ကျွဲနွား တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် တရားမဝင်လုပ်ငန်းများ ပပျောက်သွားခဲ့သည်။ တရားမဝင် မော်တော်ယာဉ် သုံးစွဲမှု အများအပြားရှိသည်။
မြေယာပြဿနာ ရှုပ်ထွေးမှုများ အမှုအခင်းများ များပြားသော မြို့နယ်ဖြစ်သည်။
လမ်းဆုံလမ်းခွ အချက်အချာကျပြီး စီးပွားရေးကောင်းမွန်ခြင်း၊ ရွှေ့ပြောင်းနေထိုင်မှုများခြင်း၊ လူမျိုးပေါင်းစုံခြင်း တို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများလည်း ရှိသည်။
တရားဥပဒေစိုးမိုးရေး အားနည်းမှု နောက်ဆက်တွဲအဖြစ် အဂတိလိုက်စားမှုများလည်း မကြာခဏ ဖြစ်ပွားပြီး တိုင်ကြားမှုများ၊ ဝန်ထမ်းအရေးယူခံရမှုများလည်း မကြာခဏ ဖြစ်ပွားသည်။
သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး
ရထားပို့ဆောင်ရေး
မန္တလေး-လားရှိုး ရထားလမ်းသည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းလျက်ရှိပြီး နောင်ချိုမြို့နယ်အတွင်း ဘူတာအကြီး နောင်ချိုဘူတာရုံ နှင့် ဘူတာအသေး ဆင်လမ်းစုဘူတာ၊ ဆမ္မဆယ်ဘူတာ၊ ဂုတ်ထိပ်ဘူတာများ တွင် ခရီးသည်နှင့် ကုန်စည်များ အတင်အချပြုလုပ်သည်။ နောင်ချို-ဂုတ်ထိပ်-နောင်ပိန် ခရီးစဉ်တွင် ဂုတ်ထိပ်တံတားကို ကြည့်ရှုရန် ကမ္ဘာလှည့်ခရီးသည်များ စီးနင်းမှု များပြားသည်။
မန္တလေး-ကူမင်း အမြန်ရထားလမ်းစီမံကိန်းသစ်သည် ရထားလမ်းဟောင်းနှင့်အပြိုင် နောင်ချိုမြို့နယ်ကို ဖြတ်သန်း ဖောက်လုပ်မည်ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေး
တရုတ်-မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်အာရှလမ်းမကြီး (AH14) သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး အိမ်နီးချင်းခရိုင်မြို့ကြီးများဖြစ်သည့် ပြင်ဦးလွင် မန္တလေး တို့မှတစ်ဆင့် မြန်မာနိုင်တစ်ဝှမ်းရှိ အခြားမြို့ရွာများ နှင့် ကျောက်မဲမြို့ မှ တစ်ဆင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ရွာများကို ဆက်သွယ်ပေးလျက်ရှိသည်။ AH14 အာရှလမ်းမကြီးကို Oriental Highway ကုမ္ပဏီ (ယခင် Asia World ကုမ္ပဏီ) က BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရယူ ဆောင်ရွက်လျက်ရှိသည်။ AH14 ကို နိုင်လွန်ကတ္တရာ လေးလမ်းသွားလမ်းအဖြစ် ဖောက်လုပ်ထားပြီး လိုအပ်ပါက အဆင့်မြှင့်တင်သွားမည်ဟု သိရသည်။ AH14 လမ်းမကြီးပေါ်ရှိ ဂုတ်ထိပ် တံတားသစ် နှင့် နောင်ချိုမြို့ရှောင်လမ်း အပိုင်းများကို ၂၀၂၁ ခုနှစ်မှ စတင် တည်ဆောက်သွားနိုင်မည်ဟု ခန့်မှန်းရသည်။ AH14 ကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မြန်ဆန် လွယ်ကူ ကောင်းမွန်သည်။
အာရှလမ်းမကြီးအပြင် လမ်းဦးစီးဌာနက စီမံခန့်ခွဲသည့် ပြည်ထောင်စုလမ်းမအဆင့် ကတ္တရာလမ်းများဖြစ်သည့် ပြင်ဦးလွင်-မိုးကြိုး-ဟိုခို-မိုးကုတ်လမ်း၊ အုမ္မသီး-ဟိုခို-မိုးကုတ်လမ်း၊ နောင်ချို-ကျောက်ဂူ-ရပ်စောက်လမ်း များသည် နောင်ချိုမြို့နယ်အတွင်း ကွန်ယက်သဖွယ်ဖြန့်ကျက်လျက်ရှိသဖြင့် မြောက်ဖက်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များ နှင့် တောင်ဖက်ရှိ ရပ်စောက်မှတစ်ဆင့် တောင်ကြီးခရိုင် နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိမြို့ရွာများ အပြင် ကယားပြည်နယ် အတွင်းရှိမြို့ရွာများသို့ အလွယ်တကူ သွားလာနိုင်သည်။
မြို့နယ်တွင်း ကျေးရွာချင်းဆက်လမ်းများလည်း အများအပြားဖောက်လုပ်ထားသည်။ ကျေးရွာချင်းဆက်လမ်းအများစုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က စီမံခန့်ခွဲသည်။ ဆိတ်ဖူး၊ ဟိုခို၊ ဒိုးပင်၊ ကုလားကွဲ၊ ကျောက်ကြီး၊ ဘန့်ဘွေးကျင်း ကျေးရွာအုပ်စုများရှိ ကျေးရွာချင်းဆက်လမ်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက စီမံခန့်ခွဲသည်။ ကျေးရွာချင်းဆက်လမ်း အများစုမှာ ဆယ့်နှစ်ရာသီ သွားလာနိုင်သည့် လမ်းများဖြစ်ကြပြီး အချို့မှာ မိုးရွာသီ သွားလာရ ခက်ခဲနေသေးသည်။ ကျေးရွာချင်းဆက်လမ်းများအပြင် လုပ်ငန်းခွင်သုံးလမ်း၊ ကုန်ထုတ်လမ်းများလည်း ရှိသည်။ ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ လမ်းပြုပြင်သည့် အလေ့အထရှိသည်။ ငွေရည်ပုလဲ ကုမ္ပဏီအုပ်စု ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အဆိုပါ ကုမ္ပဏီ နှင့် လူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျေးလက်လမ်းကွန်ယက် အစိတ်အပိုင်းအတော်များများကို ကျောက်ချောလမ်းများအဖြစ် ဖောက်လုပ်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဝန်ကြီးဌာန ဘဏ္ဍာ ရန်ပုံငွေ အသုံးပြု၍ လမ်းများကို ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း များ ပိုမိုပြုလုပ်လာသည်။ အချို့ကျေးလက်လမ်းပိုင်းများကို ကတ္တရာလမ်းအဖြစ် စတင် အဆင့်မြှင့်တင်လျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေး
ဒုတိယကမ္ဘာစစ်အတွင်းက တိုက်လေယာဉ်ငယ်များအတွက် ယာယီလေယာဉ်ကွင်းဖောက်လုပ်အသုံးပြုခဲ့ဖူးသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးတွင် လေယာဉ်ကွင်းရှိပြီး အနီးဆုံး လေယာဉ်ကွင်းမှာ ပြင်ဦးလွင် အနီးစခန်းလေယာဉ်ကွင်းဖြစ်သော်လည်း လေကြောင်းခရီးသွားအများစုမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှတစ်ဆင့် သွားလာကြသည်။
ရေကြောင်းပို့ဆောင်ရေး
ဆည်တော်ကြီးဆည် နှင့် ဒုဋ္ဌဝတီမြစ် အတွင်း စက်လှေများအသုံးပြု ဒေသတွင်းသွားလာမှု ရှိသည်။ ကုန်သွယ်ရေးအတွက် အသုံးပြုနိုင်သည့် အနီးဆုံး ဆိပ်ကမ်းများမှာ မန္တလေးမြို့ ဧရာဝတီမြစ် ဆိပ်ကမ်းများ ဖြစ်သည်။
စွမ်းအင်ကဏ္ဍ
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး
မဟာဓာတ်အားလိုင်းများမြို့နယ်တွင်း ဖြတ်သန်းလျက်ရှိသလို နောင်ချိုမြို့နှင့် ကျေးရွာငါးဆယ်ကျော်တွင် အမျိုးသားပင်မ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး
ငွေရည်ပုလဲကုမ္ပဏီအုပ်စု၏ သကြားနှင့်ဘိလပ်မြေစက်ရုံများတွင် ဓာတ်အားပေးစက်ရုံများတွဲဖက်ပါရှိပြီး စက်ရုံများအတွက်လိုအပ်သောဓာတ်အားကို ထုတ်လုပ်အသုံးပြုလျက်ရှိသည်။
ရေတွင်းကြီးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကိုင်းကြီးကြိုးဝိုင်းအတွင်း ဘန့်ဘွေးကျင်းအုပ်စု သပြေဒိုးရွာ အနီးတွင်လည်း မင်းလှ အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယခင်က ကုန်းကြီးအုပ်စု အင်းဝိုင်းရွာအနီး နမ့်ငိုရေတံခွန်တွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် အနီးရှိ ရွာများကို လျှပ်စစ်ဓာတ်အား ပေးခဲ့ဘူးသော်လည်း ယခုအခါ လည်ပတ်ခြင်းမရှိတော့ပဲ ရပ်ဆိုင်းထားသည်။
ဆိတ်ဖူးရေပူစမ်း အနီးတွင် ဘူမိအပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားစီမံကိန်းအတွက် လေ့လာမှု အချို့ ပြုလုပ်ခဲ့ဖူးသော်လည်း လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမရှိပါ။ အုမ္မခါးရွာအနီးတွင်လည်း ဘူမိအပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားစီမံကန်းအတွက် စူးစမ်းလေ့လာမှုပြုလုပ်လျက်ရှိသည်။
မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးရွာများတွင် ဆိုလာ၊ အသေးစားရေအား၊ ဒီဇယ်အင်ဂျင်၊ ဇီဝဓာတ်ငွေ့၊ လေအား စနစ်များအသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်အသုံးပြုသည်။
လောင်စာဆီ
နောင်ချိုမြို့နယ်အတွင်း တရားဝင် မှတ်ပုံတင်ထားသော စက်သုံးဆီအရောင်းဆိုင် (၂၂) ဆိုင် ရှိသည်။
အခြားလောင်စာ
အိမ်များတွင် ချက်ပြုတ်ရန်အတွက် ထင်း နှင့် မီးသွေးအသုံးပြုမှု အများအပြားရှိသည်။ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အာရှလမ်းမကြီးနှင့်အပြိုင် နောင်ချိုမြို့နယ်ကို ဖြတ်သန်းလျက်ရှိသော်လည်း မြို့နယ်သုံးစွဲရန်အတွက် အဆိုပါလိုင်းမှ ဖြန့်ဖြူးပေးနိုင်ခြင်း မရှိပေ။ ချက်ပြုတ်ရန်ဓာတ်ငွေ့သုံးစွဲခြင်းအတွက် အခြားအရင်းအမြစ်များမှ ဝယ်ယူကြရသည်။
စီးပွားရေး
လျှပ်စစ်ဓာတ်အားကွန်ယက်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ အဆင်သင့်ရှိပြီး မြို့နယ်လူထုစာတတ်မြောက်နှုန်း မြင့်မားကာ ရေချို နှင့် မြေသယံဇာတ ပေါများသဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော ဒေသတစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့နယ်များတွင် ပါဝင်ပြီး အလုပ်လက်မဲ့နှုန်းနည်းပါးသည်။ အလုပ်လက်မဲ့နှုန်းမှာ ၂.၃၂ % ရှိသည်။ ကျေးလက် လူငယ်များ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများရှိသည်။ မိုးရေ၊ ချောင်းရေ၊ ကန်ရေ၊ ဆည်ရေ၊မြေအောက်ရေ စသည်ဖြင့် ရေအရင်းအမြစ် ပေါများပြီး ရာသီဥတုမျှတကောင်းမွန်ကာ မြေဆီဩဇာ ကြွယ်ဝသဖြင့် စိုက်ပျိုးရေးသည် နောင်ချိုမြို့နယ်၏ ပင်မစီးပွားရေးလုပ်ငန်းဖြစ်သည်။ စိုက်ပျိုးမြေ (၁၇၄၄၇၃) ဧက ရှိသဖြင့် မြို့နယ်အကျယ်အဝန်း၏ (၂၁.၅၄%) ကို စိုက်ပျိုးရေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။ စိုက်ပျိုးရေးအပြင် မွေးမြူရေး၊ ဓာတ်သတ္တု၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးလုပ်ငန်း များကိုလည်း လုပ်ကိုင်ကြသည်။ [2]
စိုက်ပျိုးရေး
စိုက်ပျိုးရာသီချိန်တွင် လုပ်သားလိုအပ်ချက်ရှိပြီး အခြားဒေသမှ လုပ်သားများ လာရောက်လုပ်ကိုင်လေ့ကြသည်။ အများဆုံးစိုက်ပျိုးသည့်သီးနှံမှာ ပြောင်း၊ ကြံ၊ စပါး တို့ ဖြစ်သည်။
ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ ဆင်းရွှေလီသကြားစက်ရုံများက ဒေသခံ တောင်သူများနှင့် အကျိုးတူ ကြံစိုက်ပျိုးခြင်းကြောင့် မြို့နယ်၏ ထုတ်ကုန်ပမာဏမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။
ပြောင်း ဈေးကွက်မှာ တရုတ် ကျောထောက်နောက်ခံပြု ပွဲစားများအပေါ် မှီခိုသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ပါ တင်ပို့ကြသဖြင့် ပြောင်းဈေးကွက် တည်ငြိမ်လာသည်။ ယခုအခါ ပြောင်းကုန်ကြမ်းအသုံးပြု ကုန်ချော ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြသည်။
ပိုးစာပင် စိုက်ပျိုးရေး မှာလည်း တရုတ်လုပ်ငန်းရှင်များကို မှီခိုနေရသည်။ ပိုးချည်လုံးများကို မန်စီမြို့နယ်ရှိ ပိုးစာစက်ရုံသို့ ပို့ဆောင်ပြီး စက်ရုံမှ ထွက်ရှိသော ပိုးချည်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အီတလီနိုင်ငံဈေးကွက်သို့ တင်ပို့သည်။
ကော်ဖီကို သံဘို၊ သရက်ကုန်း၊ အနောက်ကြူအင်း၊ ကြိမ်ဂနိုင်၊ ခိုအုံ၊ ဆီဆုံ၊ သုံးဆယ်၊ ဘန့်ဘွေး အုပ်စုများတွင် စိုက်ပျိုးကြသည်။
လက်ဖက်ကို ယာပြင်၊ သရက်ချို၊ ဟိုခို ကျေးရွာများတွင် စိုက်ပျိုးကြသည်။
မက္ကဒေးမီးယားကို အုမ္မခါးကျေးရွာအုပ်စုတွင် အများအပြားစိုက်ပျိုးကြပြီး ဈေးကွက် ကောင်းမွန်သည်။
အာလူးကို ကျောင်းကုန်းကျေးရွာတွင် အဓိက စိုက်ပျိုးသည်။
ပန်းမျိုးစုံကို ကံကြီးအုပ်စု၊ ဘန့်ဘွေးအုပ်စု၊ ကြိမ်ဂနိုင်အုပ်စု၊ အနောက်ကြူအင်းအုပ်စု၊ ခိုအုံအုပ်စု၊ သရက်ကုန်းအုပ်စုများတွင် စိုက်ပျိုးကြသည်။
ယူကလစ် ကို မြို့နယ်အနှံ့စိုက်ပျိုးသော်လည်း ဟိုခို၊ သံဘို၊ ဒိုးပင်၊ ကုန်းကြီး၊ ကံကြီး အုပ်စုများတွင် ပိုမိုစိုက်ပျိုးကြသည်။ သံဘိုအုပ်စုတွင် အသေးစား ယူကလစ် သစ်ပါးလွှာ စက်ရုံတစ်ရုံ ရှိသည်။
စပါးကို မိမိအိမ် စားသုံးရန် စိုက်ပျိုးကြသည်။
အခြားစိုက်ပျိုးပင်များမှာ မျောက်ငို၊ သစ်မွှေး၊ လေချူ၊ ပိန္နဲ၊ လောင်ဂန်၊ ဂျုံ၊ မုံညင်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ သခွား၊ နာနတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ မုံလာဥနီ၊ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ပျားလိမ္မော်၊ ကျွဲကော၊ သင်္ဘော၊ ဆလတ်၊ ငရုတ်၊ ငြုတ်ကောင်း၊ ဝဥ တို့ ဖြစ်ကြသည်။
၂၁ ရာစုဒုတိယဆယ်စုနှစ်အစမှ စတင်၍ စိုက်ပျိုးရေး ကုမ္ပဏီများ၏ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး မြေဝယ်ယူကာ လာရောက် ရင်းနှီးမြှုပ်နှံစိုက်ပျိုးမှုများ ပိုမိုများပြားလာနေသည်။ ၂၁ ရာစုအတွင်းသို့ ဝင်ရောက်လာပြီးနောက်ပိုင်းတွင် ယခင်က မိရိုးဖလာ ကျွဲနွားနှင့်လူအားသုံး စိုက်ပျိုးရေးစနစ်မှ စက်များ၊ မှန်လုံအိမ်များ၊ ရေပေးစနစ်များ ပိုမိုအသုံးပြုလာသော ခေတ်မီစိုက်ပျိုးရေးစနစ် ဖြင့် ပိုမို စိုက်ပျိုးလာကြသည်။ ၂၀၁၉ ခုနှစ်က စာရင်း အရ လယ်ထွန်စက် အစီးရေ (၆၅၀)၊ လက်တွန်းထွန်စက်အစီးရေ (၄၀၇၉)၊ မျိုးစေ့ချစက် (၅၀)၊ ရိတ်သိမ်းစက် (၅) စီး၊ ရိတ်သိမ်းချွေလှေ့စက် (၁၅) စီး၊ ချွေလှေ့စက် (၇၁၈) စီး အထိရှိနေသည်ကို တွေ့ရသည်။ ကြံစိုက်ပျိုးသောစက်၊ ကြံရိတ်သိမ်းသောစက်၊ ကြားပေါင်းလိုက်သောစက် များလည်း ရှိသည်။ ဆန်စက်၊ ဆီစက်၊ သီးနှံအခြောက်ခံစက်၊ သီးနှံသိုလှောင်ဂိုထောင်များလည်း တစ်နေ့တစ်ခြား ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ စိုက်ပျိုးရေးလုပ်ငန်းကို အခြေပြုသော ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်းများလည်းရှိသည်။ တရားဝင် မှတ်ပုံတင်ထားသော ပွဲရုံပေါင်း (၅၂) ရုံ ရှိသည်။[2]
မွေးမြူရေး
မိရိုးဖလာ နို့စားနွားမွေးမြူခြင်းကို ဂေါ်ရခါးကျေးရွာများတွင် တွေ့ရပြီး ခေတ်မီ နို့စားနွားမွေးမြူရေးခြံကို ကြိမ်ဂနိုင်ကျေးရွာအုပ်စု သပြေဝန်းရွာ အနီးတွင် ပက်ပ်ကုမ္ပဏီက ဆောင်ရွက် လျက်ရှိသည်။ အခြေား နွားမွေးမြူရေးကုမ္ပဏီများလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြသည်။ ခိုင်းကျွဲ ခိုင်းနွား မွေးမြူသူ အများအပြားလည်း ရှိနေသေးသည်။ ကျွဲနွားဈေး (၅) ဈေး ရှိသည်။
ဥစားကြက်မွေးမြူရေး နှင့် ငါးမွေးမြူရေးလုပ်ငန်းများကို နောင်ချို၊ ဆမ္မဆယ်၊ ဘန့်ဘွေး နှင့် အုမ္မခါး ကျေးရွာအုပ်စုများတွင် အများဆုံးတွေ့ရသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဥစားကြက်မွေးမြူရေးကို နောင်ချိုမြို့နယ်နေရာအနှံ့အပြားတွင် လုပ်ကိုင်လာကြသည်။ ကြက်စာစက်ရုံ၊ ကြက်သားဖောက်လုပ်ငန်း လုပ်ကိုင်သူများပါ ရှိလာသည်။
ပျားမွေးမြူရေးလုပ်ငန်းကိုလည်း နောင်ချိုမြို့နယ်အတွင်း နေရာအနှံ့လုပ်ကိုင်ကြပြီး ပျားမွေးမြူရေးလုပ်ငန်း ရာဂဏန်းခန့် ရှိသည်။ ပျားမွေးမြူသူအများစုမှာ ရာသီအလိုက် အထက်မြန်မာနိုင်ငံအနှံ့ နေရာရွှေ့ပြောင်း လုပ်ကိုင်ကြသည်။
ပိုးစာခြံများတွင် ပိုးမွေးမြူခြင်းကို ယခင်က ကြိမ်ဂနိုင်အုပ်စု ခြေမြစ်ပင်ရွာအနီး အစိုးရ ပိုးစာခြံတွင်သာ တွေ့ရသော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက ပိုးစာခြံနှင့် ပိုးစာမွေးမြူရေး ဈေးကွက် ကျယ်ကျယ်ပျံ့ပျံ့ဖြစ်ပေါ်လာခဲ့သည်။
မြင်း၊ ဝက် နှင့် ဆိတ် ကို တစ်နိုင်တစ်ပိုင် သာ မွေးမြူကြသည်။
ဓာတ်သတ္တု
ရတနာသိင်္ဂီမိုင်း နှင့် အခြား မိုင်းများတွင် ဓာတ်သတ္တုထုတ်လုပ်မှုရှိသည်။ ထုံးကျောက်မိုင်းများရှိသည့် လုံရုံးကျေးရွာအုပ်စုအတွင်းရှိ လောက်ဖန်းရွာ အနီးတွင် ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ သရဖူဘိလပ်မြေစက်ရုံ တည်ရှိပြီး အရည်အသွေးမြင့် ဘိလပ်မြေ ထုတ်လုပ်လျက်ရှိသည်။
ကုန်ထုတ်လုပ်ငန်း
သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံကြီးများကို ငွေရည်ပုလဲကုမ္ပဏီများအုပ်စုက ရင်းနှီးမြှုပ်နှံထားသည်။ သခွားမျိုးစေ့ထုတ်လုပ်ငန်းကို တောင်ကိုးရီးယားနိုင်ငံက လာရောက်လုပ်ကိုင်လျက်ရှိသည်။ နွားနို့အခြေခံကုန်ချောများကို PEP ကုမ္ပဏီက လုပ်ကိုင်နေသည်။ ပြောင်းအခြေခံ ကုန်ချောထုတ်လုပ်ခြင်းမှာ ပြင်ဆင်နေဆဲအဆင့်တွင်သာရှိသည်။ တိရစ္ဆာန်အစာထုတ်လုပ်ရေး မှာ ကြက်စာတစ်မျိုးသာ ထုတ်လုပ်သည်ကိုတွေ့ရသည်။ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအချို့ရှိသည်။ မုန့်ဖုတ်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်း၊ ပဲကြော်လုပ်ငန်း၊ လက်ဖက်မျိုးစုံထုတ်လုပ်သောလုပ်ငန်း၊ ကော်ဖီကုန်ချောလုပ်ငန်း၊ မက္ကဒေးမီးယားကုန်ချောလုပ်ငန်းများ တွေ့ရသည်။ သဘာဝမြေဆွေး၊ မြေဩဇာ ထုတ်လုပ်မှုများလည်း စတင်နေသည်။ နေလှမ်းအုတ်ထုတ်လုပ်ခြင်းကို တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းများအဖြစ်တွေ့ရသည်။ ကွန်ကရစ်ကုန်ချောလုပ်ငန်းအသေးစားများကိုလည်းတွေ့ရသည်။
ဝန်ဆောင်မှုလုပ်ငန်း
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှာ ထင်ရှားသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု အတွက် ကုမ္ပဏီကြီးလေးခုက အပြိုင်ဆိုင် လုပ်ကိုက်လျက်ရှိကြသည်။ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများမှာလည်း လုပ်ကိုင်သူများပြားသည်။ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများမှာ ဖွံ့ဖြိုးကာစ အခြေအနေတွင်သာ ရှိသေးသည်။ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းမျိုးစုံနှင့် လူမှုရေးအသင်းအဖွဲ့မျိုးစုံက ကုသိုလ်ဖြစ် စေတနာ့ဝန်ထမ်း ပုံစံ ဆောင်ရွက်မှုများကိုသာတွေ့ရသေးသည်။ နာရေးကူညီမှု နှင့် လူနာသယ်ယူပို့ဆောင်မှု လုပ်သော အသင်းအဖွဲ့များကို မြို့ပေါ်သာမက ကျေးရွာများတွင်ပါ တွေ့ရသည်။ လမ်းပိတ်ဆို့မှုဖြစ်ချိန်တွင် အစားအသောက် ကုသိုလ်ဖြစ် ဝန်ဆောင်မှု ပေးကြသည်ကို တွေ့ရပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အခါတွင်လည်း စေတနာ့ဝန်ထမ်းလုပ်ကိုင်သူ အများအပြားရှိသည်။ ဘာသာရေးဝန်ဆောင်မှု မှာ အခမဲ့သာ ဖြစ်ကြသည်။ ငွေကြေးဝန်ဆောင်မှုတွင် ဘဏ်များ၊ ငွေလွှဲလုပ်ငန်းများ၊ အာမခံလုပ်ငန်းများအပြင် အသေးစားချေးငွေလုပ်ငန်းများမှာလည်း ထင်ရှားသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အားကောင်းလာသည်ကို တွေ့ရသည်။ ဆောက်လုပ်ရေး ဝန်ဆောင်သူအဖြစ် ယခင်က တစ်နိုင်တစ်ပိုင် သာ လုပ်ခဲ့ရာမှ ယခုအခါ ကုမ္ပဏီပုံစံ ဝန်ဆောင်မှု များကိုပါ တွေ့မြင်လာရသည်။ အားကစားဝန်ဆောင်မှုတွင် ဘိလိယက်ခုံများကို မြို့နယ် နေရာအနှံ့တွင် တစ်နိုင်တစ်ပိုင်ပုံစံဖြင့် လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ပုဂ္ဂလိကဖူဆယ်ဘောလုံးကွင်းအချို့ကို နောင်ချိုမြို့ပေါ်တွင် တွေ့ရသည်။ ဘောလုံးကွင်းများမှာ အများပြည်သူနှင့်ဆိုင်သောနေရာများအဖြစ် အခမဲ့ အသုံးပြုနိုင်ကြသည်။
ခရီးသွားလုပ်ငန်း
ရေတံခွန်များ၊ ထုံးကျောက်ဂူများ၊ တောတောင်ရှုခင်းအလှများ၊ မတူကွဲပြားသောလူမျိုးစုများ၊ သမိုင်းဝင်နေရာများ ရှိနေသော နောင်ချိုမြို့နယ်၏ ခရီးသွားလုပ်ငန်းသည် လမ်းကွန်ယက် နှင့် ပုဂ္ဂလိက ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လျင်မြန်စွာ ဖွံ့ဖြိုးလာလျက်ရှိသည်။ ထင်ရှားသော ခရီးစဉ်ဒေသများတွင် ပါဝင်သော ဘန့်ဘွေးကျင်းအုပ်စု၊ ဘန့်ဘွေးကျင်းရွာအနောက်ဖက် သစ်တောဦးစီးဌာန၏ ကိုင်းကြီးကြိုးဝင်းအတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန် နှင့် နောင်ချိုကြီးအုပ်စု၊ နောင်ချိုကြီးရွာအရှေ့ဖက် နောင်ချိုကြီး တိမ်ပင်လယ် အပမ်းဖြေစခန်း၊ ကျောက်တောအုပ်စု ကျောက်တောရွာ လူထုအခြေပြုခရီးသွားလုပ်ငန်းများ အပြင် အခြား စိတ်ဝင်တစားလည်ပတ်ကြည့်ရှုချင်စရာကောင်းသည့် နေရာအများအပြားလည်း ရှိနေသည်။ နောင်ချိုမြို့တွင် နောင်ချိုဟိုတယ် (၅၈ ခန်းပါ) နှင့် တည်းခိုခန်း (၆) ခန်း ရှိသည်။ အုမ္မသီး နှင့် ဘန့်ဘွေး တွင် တည်းခိုခန်း တစ်ခုစီ ရှိသည်။ စားသောက်ဆိုင် ကြီးငယ်များ၊ တစ်နိုင်တစ်ပိုင် အစားအသောက် ရောင်းချသူများကို နေရာ အနှံ့တွေ့ရသည်။
သယ်ယူပို့ဆောင်ရေး
ရထားပို့ဆောင်ရေးကို မြန်မာ့မီးရထားက ဆောင်ရွက်ပြီး နေ့စဉ် အစုန်ရထားတစ်စင်း၊ အဆန်ရထားတစ်ဆင်း ပုံမှန်ပြေးဆွဲပေးနေသည်။ ဂုတ်ထိပ်တံတားခရီးစဉ်များကို အထူးခရီးစဉ်များအဖြစ် ပြေးဆွဲပေးသည်။
ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း ကိုးလိုင်းရှိသည်။ ပုဂ္ဂလိက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများလည်း ရှိသည်။ ကားပိုင်ဆိုင်မှု တစ်နေ့တစ်ခြား တိုးတက်များပြားလာသည်။ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်မှုလည်း များပြားသည်။
ဈေးများ
နောင်ချိုမြို့နှင့် ကျေးရွာကြီး (၇) ရွာတွင် စည်ပင်သာယာဈေး (၈) ဈေးရှိသည်။ ရွာဈေးများမှာ ငါးရက်တစ်ဈေးများဖြစ်ကြသည်။ သုံးဆယ် တပေါင်းပွဲ နှင့် အခြား ဘုရားပွဲတော်များ၊ ကထိန်အောင်ပွဲများ၊ ရှင်ပြုပွဲများတွင်လည်း ရောင်းဝယ်ဖောက်ကားကြသည်။
ဈေးစာရင်း
- နောင်ချိုမြို့မဈေး
- ကံကြီးဈေး
- တောင်ခမ်းဈေး
- ဆမ္မဆယ်ဈေး
- သုံးဆယ်ဈေး
- ဟိုခိုဈေး
- ဘန့်ဘွေးဈေး
- သရက်ကုန်းဈေး
ကျွဲနွားဈေးများ
- ကံကြီး
- ဘန့်ဘွေး
- ဆီဆုံ
- ဟိုခို
ဘဏ်များ
- မြန်မာ့စီးပွားရေးဘဏ် (နောင်ချိုဘဏ်ခွဲ)
- ကမ္ဘောဇဘဏ် (နောင်ချိုဘဏ်ခွဲ)
- သမဝါယမဘဏ် (နောင်ချိုဘဏ်ခွဲ)
- ဧရာဝတီဘဏ် (နောင်ချိုဘဏ်ခွဲ)
- မြန်မာ့ရှေ့ဆောင်ဘဏ် (နောင်ချိုဘဏ်ခွဲ)
- အချို့ရွာများတွင် ပုဂ္ဂလိကဘဏ် ငွေထုတ်၊ ငွေလွှဲကိုယ်စားလှယ်များ ရှိကြသည်။
ထင်ရှားသော နေရာများ
- ကုန်းစံကျေးရွာအုပ်စု၊ ဂုတ်ထိပ်ရွာအနီး၊ ဂုတ်ထိပ်ကြိုးဝိုင်း အတွင်းရှိ ဂုတ်ထိပ်တံတား နှင့် ထုံးကျောက်ဂူများ၊ ရေတံခွန်များ
- နောင်ချိုကြီးကျေးရွာအုပ်စု၊ နောင်ချိုကြီးကျေးရွာ အနီးရှိ တိမ်ပင်လယ်အပန်းဖြေစခန်းများ
- ရေတွင်းကြီးကျေးရွာအုပ်စုအတွင်း ဒုဋ္ဌဝတီမြစ်တာဖလန်းဆိပ်အနီးရှိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆက်သွယ်ပေးထားသည့် ဒုဋ္ဌဝတီမြစ်ကူးတံတား (နောင်ချို)
- ရေတွင်းကြီးကျေးရွာအုပ်စု၊ ရေတွင်းကြီးရွာ တောင်ဖက် ဒုဋ္ဌဝတီမြစ်ကျဉ်း နှင့် ပြောင်လျှိုရေကျ
- တောင်ခမ်းကျေးရွာအုပ်စု၊ မန်မော်ရွာရှိ တိပိဋကဓရတိပိဋကကောဝိဓဓမ္မဘဏ္ဍာကာရိက ကမ္ဘောဇဆရာတော်သီတင်းသုံးတော်မူရာ ကမ္ဘောဇကျောင်းတိုက်
- နောင်တောအုပ်စု၊ ယာပြင် သရက်ချို ကျေးရွာများရှိ လက်ဖက်စိုက်ခင်းများ နှင့် လက်ဖက်လုပ်ငန်းများ
- အင်းဖိုအုပ်စု၊ ရွှေကူလက်ပံကုန်းရွာရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ
- အင်းဖိုကျေးရွာအုပ်စု၊ အင်းဖိုရွာအနီး၊ ဂယ်လောင်းအဆိုပြုကြိုးပြင်ကာကွယ်တော အတွင်းရှိ ရေပျောက်တောင်ရေတံခွန်
- လုံဝယ်အုပ်စု၊ ဆင်ရှောရွာ နှင့် မြင်းဖြူရွာ အကြားရှိ ရှုခင်းကြည့်နိုင်သော ဘုရားလောင်းမြင်းဖြူ ကျက်စားခဲ့ရာ အထိန်းအမှတ် မြင်းဖြူဘုရား
- မျက်ချဉ်းနုကျေးရွာ မျက်ချဉ်းနုကျောင်းတိုက် အတွင်းရှိ ဆရာစံ ပုန်းအောင်းခဲ့ရာ ဆရာစံပြဿာဒ်
- ကျောက်တောအုပ်စု၊ ကျောက်တောရွာ ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း
- နောင်ချိုမြို့မရဲစခန်းအတွင်းရှိ ဆရာစံကို ချုပ်နှောင်ခဲ့ဖူးသည့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အဦ ဆရာစံရုံး
- လုံရုံးအုပ်စု သဖန်းကိုင်းရွာရှိ အနော်ရထာ စစ်ချီလမ်းကြောင်း အထိန်းအမှတ် တဲနန်းတော်ဘုရား
- လုံရုံးကျေးရွာအုပ်စု၊ လောက်ဖန်းရွာ အနီးရှိ သရဖူဘိလပ်မြေစက်ရုံ
- ဆိတ်ဖူးကျေးရွာအုပ်စု၊ ဆိတ်ဖူးရွာ အနီးရှိ ဆိပ်ဖူးရေပူစမ်း
- အုမ္မခါးကျေးရွာအုပ်စု၊ အုမ္မခါးကြိုးဝိုင်းအတွင်းရှိ မက္ကဒေးမီးယား နှစ်ရှည်သီးနှံစိုက်ပျိုးခြံများ
- ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ အင်းဝိုင်းရေတံခွန် နှင့် နမ့်ငိုရေတံခွန်
- ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ ဆင်းရွှေလီအမှတ်(၂)နှင့်(၃)သကြားစက်ရုံ
- ဆမ္မဆယ်ကျေးရွာအုပ်စု၊ အုမ္မသီးရွာ၊ အုမ္မသီးလမ်းခွဲရှိ ငါးခူမျှစ်ချဉ်ဟင်း နှင့် ခရုဟင်း ရောင်းချသည့် စားသောက်ဆိုင်များ
- ဆမ္မဆယ်ကျေးရွာအုပ်စု၊ ဆမ္မဆယ်ရွာအနီးရှိ ဆင်းရွှေလီအမှတ်(၁)သကြားစက်ရုံ
- ဆီဆုံကျေးရွာအုပ်စု၊ ချောင်းကြီးရွာအနီးရှိ ချောင်းကြီးရေတံခွန် ခေါ် ရေပျံတောင်ရေတံခွန်
- သုံးဆယ်အုပ်စု၊ သုံးဆယ်တပေါင်းပွဲကျင်းပရာ ရွှေဆံတော်ဘုရား
- သုံးဆယ်ကျေးရွာအုပ်စု၊ သက်ရှည်မြိုင်ရွာရှိ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ်
- သုံးဆယ်ကျေးရွာအုပ်စု ကျောက်သုံးလုံးရွာ အနီးရှိ ကိုရီးယား သခွားမျိုးစေ့ထုတ်ခြံ
- ဟိုခိုကျေးရွာအုပ်စု၊ ဟိုခိုတောင်ကျေးရွာ၏ အရှေ့တောင်ဖက်ရှိ ဆရာစံသဘာဝထုံးကျောက်ဂူ
- ဟိုခိုအုပ်စု၊ ဟိုခိုမြောက်ရွာ ဘုရားလောင်းသမင်မင်း မြားဒဏ်ရာမှ သွေးများ ယိုစီးကျသည့် နေရာတွင် တည်သည်ဆိုသော ဘုရားနီဘုရား
- ဟိုခိုအုပ်စု၊ ချောင်းသာရွာထိပ်ရှိ ဘုရားပွဲမကျင်းပလျင် မိုးခေါင်သည် ဟူသော ချောင်းသာရှေးဟောင်းဘုရားစေတီ နှင့် သမင်ရုပ်ကို ဓာတ်ပုံရိုက်လျင် ဓာတ်ပုံတွင် မပေါ်သော သမင်ရုပ် ရှိခဲ့ဖူးသည် ဆိုသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း
- ဘန့်ဘွေးကျင်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကျင်းရွာအနီး၊ ကိုင်းကြီးကြိုးဝိုင်း အတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန် နှင့် ဆည်တော်ကြီးဆည်
- သံဘိုအုပ်စု၊ သရက်ကုန်းအုပ်စု၊ ဘန့်ဘွေးအုပ်စု များရှိ ကော်ဖီခြံများ
- အနောက်ကြူအင်းကျေးရွာအုပ်စု၊ နောင်သခေါရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း
- ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ သပြေဝန်းရွာ အနီးရှိ PEP နို့စားနွားမွေးမြူရေးခြံ
- ကြိမ်ဂနိုင်အုပ်စု နမ့်လင်းခံ နှင့် လွန်းကျော် ရွာများရှိ ရှေးဟောင်း စေတီပုထိုးများ
- ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ကြိမ်ဂနိုင်ရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း
- နေရာအနှံ့တွေ့နိုင်သော ကြံစိုက်ခင်း၊ ပန်းနှမ်းစိုက်ခင်း၊ နေကြာစိုက်ခင်းများ နှင့် သဘာဝနေကြာပန်းရိုင်းများ
- ကံကြီးအုပ်စု၊ ကြိမ်ဂနိုင်အုပ်စု၊ အနောက်ကြူအင်းအုပ်စု၊ သရက်ကုန်းအုပ်စုများတွင် တွေ့ရသော ပန်းစိုက်ခင်းများ
- ပျားမွေးမြူရေးလုပ်ငန်းများ နှင့် ပျားထွက်ပစ္စည်းများ
- ဘန့်ဘွေးအုပ်စု ကျောင်းကုန်းရွာ အာလူးစိုက်ပျိုးရာ ရေခြံများနှင့် အာလူးကြော်လုပ်ငန်းများ
- ကုန်းကြီးအုပ်စု၊ အထက်ကြူအင်းအုပ်စု၊ ဟိုခိုအုပ်စု၊ အင်းဖိုအုပ်စု များ အတွင်းရှိ ရဲဖက်စခန်း ခေါ် ဘဝသစ်စီမံချက်စခန်း ခေါ် စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းအတတ်သင်တန်းစခန်းများ.
မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် ကျေးရွာများ [2]
မြို့များ နှင့် ရပ်ကွက်များ
စဉ် | မြို့ | ရပ်ကွက် | အိမ်ခြေ | အိမ်ထောင်စု | လူဦးရေ | > ၁၈ နှစ် | ကျောင်း | သောက်သုံးရေ |
---|---|---|---|---|---|---|---|---|
(၁) | နောင်ချို | ၃၃၀၈ | ၃၃၆၄ | ၁၆၂၇၄ | ၁၁၅၃၂[2] | |||
၁ | ဈေး | ၇၁၀ | ၇၅၂ | ၃၃၈၃ | အထက | စည်ပင်သာယာရေ | ||
၂ | ဘူတာ | ၁၁၄၁ | ၁၁၆၅ | ၆၁၅၀ | အလက | စည်ပင်သာယာရေ | ||
၃ | တောင် | ၈၃၄ | ၈၃၄ | ၃၇၂၀ | အမက | စည်ပင်သာယာရေ | ||
၄ | ပါဟတ် | ၄၀၄ | ၄၀၂ | ၂၂၁၃ | အမက | စည်ပင်သာယာရေ | ||
၅ | သပြေရေ | ၁၆၁ | ၁၅၈ | ၅၃၇ | အမက | စည်ပင်သာယာရေ | ||
၆ | နားရှိုး | ၅၈ | ၅၃ | ၂၇၁ | အမက | စည်ပင်သာယာရေ | ||
(၁) | ဝန်ထမ်း | ၁၈၀ | ၁၈၀ | ၂၀၀ | ||||
ပေါင်း | ၁ | ၆ | ၃၃၀၈ | ၃၃၆၄ | ၁၆၂၇၄ |
ကျေးရွာအုပ်စု နှင့် ကျေးရွာများ
စဉ် | ကျေးရွာအုပ်စု | ကျေးရွာ | အိမ်ခြေ | အိမ်ထောင်စု | လူဦးရေ | ကျောင်း | သောက်သုံးရေ |
---|---|---|---|---|---|---|---|
(၇) | ကုန်းစံ | ၄၅၅ | ၄၉၅ | ၂၁၇၇ | |||
၇ | ကုန်းစံ | ၁၂၉ | ၁၄၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၈ | နားမုံ | ၆၉ | ၇၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၉ | ကသဲမြောင် | ၈၈ | ၉၁ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၀ | လွယ်ခေါ် | ၁၀၁ | ၁၁၉ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၁ | ရေမောင်း | ၁၆ | ၁၈ | အမက | |||
၁၂ | ကျောက်ပြုတ် | ၁၈ | ၂၀ | အမက | |||
၁၃ | ဂုတ်ထိပ် | ၃၄ | ၃၇ | အမက | |||
၁၃ | ဂုတ်ထိပ်ဘူတာ | ||||||
(၈) | လုံရုံး | ၆၂၉ | ၆၄၄ | ၄၀၆၅ | |||
၁၄ | လုံရုံး | ၄၀ | ၄၅ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၅ | ခဲမွန် | ၄၄ | ၄၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် | ||
၁၆ | ကျောက်ကြမ်း | ၁၈၉ | ၁၉၄ | အမက | လက်တူးတွင်း + အဝီစိတွင်းနက် | ||
၁၇ | ကုန်းသာရွာသစ် | ၂၀ | ၂၀ | အမက | |||
၁၈ | စက်ရုံ | ၇၄ | ၇၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် | ||
၁၉ | သဖန်းကိုင်း | ၁၃၉ | ၁၄၄ | အမက | |||
၂၀ | ကုံးစုံ | ၄၂ | ၄၂ | အမက | |||
၂၁ | လောက်ဖန်း | ၈၁ | ၈၁ | အမက | |||
၂၁ | သရဖူဘိလပ်မြေစက်ရုံ | ၁၁၇၀ | |||||
၁၆ | ခ.မ.ရ (၁၁၄) | အမက | |||||
၁၉ | ခ.မ.ရ (၁၁၅) | အမက | |||||
(၉) | ငုက္ခလေး | ၄၆၅ | ၅၄၃ | ၂၆၅၀ | |||
၂၂ | ငုက္ခလေး | ၆၃ | ၆၃ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းနက် | ||
၂၃ | နမ့်မော် | ၅၅ | ၅၀ | အမက | |||
၂၄ | ငါးဆူ | ၆၈ | ၅၃ | အမက | |||
၂၅ | ဝါးဘိုးကုန်း | ၈၉ | ၁၄၂ | အမက | |||
၂၆ | ပြေသာကုန်း | ၆၁ | ၇၃ | အမက | |||
၂၇ | ဟော်ကုန်း | ၄၈ | ၅၀ | အမက | |||
၂၈ | ရေမဲတွင်း | ၃၅ | ၅၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၂၉ | ဆရာအေးကုန်း | ၂၇ | ၄၀ | အမက | |||
၃၀ | အောင်ချမ်းသာ | ၁၉ | ၂၂ | အမက | |||
(၁၀) | လုံဝယ် | ၇၀၀ | ၇၀၀ | ၃၀၁၈ | |||
၃၁ | လုံဝယ် | ၃၃၂ | ၃၃၂ | အမက | |||
၃၂ | လုံစံ | ၁၈၀ | ၁၈၀ | အမက | |||
၃၃ | သပြေဒိုး | ၆၄ | ၆၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + အခြား | ||
၃၄ | မြင်းဖြူ | ၅၀ | ၅၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၃၅ | ဆင်ရှော | ၇၄ | ၇၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + အခြား | ||
(၁၁) | မျက်ချဉ်းနု | ၁၀၄၆ | ၁၀၄၆ | ၄၇၄၃ | |||
၃၆ | မျက်ချဉ်းနု | ၁၄၉ | ၁၄၉ | အမက | |||
၃၇ | စရွတ်ရေ | ၂၁ | ၂၁ | အမက | |||
၃၈ | နောင်ဩ | ၂၂၅ | ၂၂၅ | အမက | |||
၃၉ | ကျောက်တော | ၂၁၁ | ၂၁၁ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် + အခြား | ||
၄၀ | ရေလင့် (ပန်းလန်း) | ၃၈ | ၃၈ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၄၁ | နမ့်ဆောင်ဟူး | ၇၅ | ၇၅ | အမက | |||
၄၂ | ပန်လန်း | ၅၈ | ၅၈ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၄၃ | ရွှေပြည်ညွန့် | ၁၄၃ | ၁၄၃ | အမက | |||
၄၄ | နမ့်ပါတက် | ၁၅ | ၁၅ | အမက | အခြား | ||
၄၁ | ဒုံးတပ်ရင်း (၆၀၆) | ၁၁၁ | ၁၁၁ | ||||
(၁၂) | ဉာဏ်တော | ၇၁၁ | ၆၇၆ | ၃၇၇၅ | |||
၄၅ | ဉာဏ်တော | ၂၁၅ | ၂၁၅ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် | ||
၄၆ | နောင်လင် | ၉၉ | ၁၀၁ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၄၇ | နောင်ချိုကြီး | ၂၆၂ | ၂၄၆ | အမက | |||
၄၈ | ဖာသွန်း | ၁၃၅ | ၁၂၄ | အမက | |||
(၁၃) | ကံကြီး | ၉၈၆ | ၉၁၀ | ၄၄၈၀ | |||
၄၉ | ကံကြီး | ၂၄၂ | ၂၀၆ | အထက | |||
၅၀ | ညောင်ပင်သာ | ၁၁၆ | ၁၀၀ | အမက | တွင်းနက် + လက်တူးတွင်း | ||
၅၁ | သရက်ကုန်း | ၁၁၅ | ၁၀၀ | အမက | တွင်းနက် + လက်တူးတွင်း | ||
၅၂ | ကျောက်ဖျာဒိုး | ၂၄ | ၂၃ | အမက | |||
၅၃ | ပိန္နဲကုန်း | ၁၁၉ | ၁၂၀ | အမက | |||
၅၄ | ပန်းတော | ၄၆ | ၅၀ | အမက | |||
၅၅ | လက်ပန်ကုန်း | ၁၈၀ | ၁၇၅ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၅၆ | ရှောက်ခြုံ | ၁၄၄ | ၁၃၆ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းနက် + အခြား | ||
(၁၄) | ရွှေမုဋ္ဌော | ၆၈၅ | ၇၀၀ | ၂၉၈၇ | |||
၅၇ | ရွှေမုဋ္ဌော | ၄၀၃ | ၄၃၅ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် + အခြား | ||
၅၈ | နောင်လိတ် | ၉၆ | ၁၀၇ | အမက | |||
၅၉ | မက်မန်းတော | ၉၆ | ၄၃ | အမက | |||
၆၀ | ရေဖြူ | ၉၀ | ၁၁၅ | အမက | တွင်းနက် + လက်တူးတွင်း + မြေသားရေကန် | ||
(၁၅) | တောင်ရှည် | ၁၁၈၀ | ၁၂၃၁ | ၅၂၃၃ | |||
၆၁ | တောင်ရှည် | ၁၉၈ | ၁၉၈ | အမက | |||
၆၂ | တောင်ခမ်း | ၁၅၃ | ၁၅၃ | အမက | |||
၆၃ | မက်လွတ် | ၁၃၀ | ၁၃၀ | အမက | လက်တူးတွင်း | ||
၆၄ | မန်မော် | ၈၃ | ၈၃ | အမက | |||
၆၅ | နားရှိုး | ၈၁ | ၈၁ | အမက | |||
၆၆ | ဈေးကုန်း | ၁၅၀ | ၁၅၀ | အမက | လက်တူးတွင်း + အခြား | ||
၆၇ | ညောင်နီ | ၆၃ | ၆၃ | အမက | |||
၆၈ | တောင်လှ | ၁၂၅ | ၁၂၅ | အမက | |||
၆၉ | မန်ကျည်းရေ | ၂၈ | ၂၈ | အမက | |||
၆၉ | မ.စ.ခ (၉၀၂) | ၁၆၉ | ၂၂၀ | ||||
၆၉ | တာဖလန်းဂိတ် | ||||||
(၁၆) | ရေတွင်းကြီး | ၃၆၈ | ၃၆၈ | ၁၈၀၄ | |||
၇၀ | ရေတွင်းကြီး | ၁၉၉ | ၁၉၉ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် + မြေသားရေကန် | ||
၇၁ | အနောက်ကုန်း | ၅၄ | ၅၄ | အမက | |||
၇၂ | လွယ်ပန်း | ၇၅ | ၇၅ | အမက | |||
၇၃ | တောင်ကြီး | ၄၀ | ၄၀ | အမက | |||
(၁၇) | နောင်တော | ၇၈၁ | ၇၄၅ | ၄၇၃၆ | |||
၇၄ | နောင်တောရွာမ | ၂၁၄ | ၁၈၄ | အမက | |||
၇၅ | အိမ်တော်သာ | ၇၄ | ၇၄ | အမက | |||
၇၆ | အနောက်ကုန်း | ၁၁၁ | ၁၁၁ | အမက | |||
၇၇ | ခဲမီး | ၃၉ | ၄၈ | အမက | |||
၇၈ | ကျောင်းရွာ | ၃၇ | ၄၂ | အမက | |||
၇၉ | ယာပြင် | ၂၀၃ | ၁၈၃ | အမက | |||
၈၀ | သရက်ချို | ၁၀၃ | ၁၀၃ | အမက | |||
၁၄၃ | တဲတိုက် | ၃၀ | ၃၀ | အမက | |||
(၁၈) | အင်းဖို | ၆၅၀ | ၆၅၀ | ၂၉၉၄ | |||
၈၁ | အင်းဖို | ၂၅၆ | ၂၅၆ | အမက | |||
၈၂ | ငါးပင် | ၃၂ | ၃၂ | အမက | |||
၈၃ | ရွှေကူလက်ပန်ကုန်း | ၁၀၂ | ၁၀၂ | အမက | |||
၈၄ | မုံပြင်ကြီး | ၄၅ | ၄၅ | အမက | |||
၈၅ | မုံပြင်လေး | ၄၀ | ၄၀ | အမက | လက်တူးတွင်း + အခြား | ||
၈၆ | ဆင်စုပ် | ၇၅ | ၇၅ | အမက | မြေသားရေကန် + အခြား | ||
၈၇ | မယ်ဟုံ | ၅၅ | ၅၅ | အမက | |||
၈၈ | ဘန်ဘုံ | ၄၅ | ၄၅ | အမက | |||
(၁၉) | မဲပုတ် | ၆၂၂ | ၆၀၅ | ၃၀၂၄ | |||
၈၉ | မဲပုတ် | ၂၄၁ | ၂၃၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + မြေသားရေကန် | ||
၉၀ | ရေမောင်းတန်း | ၇၃ | ၇၂ | အမက | |||
၉၁ | နောင်ချိုကုန်း | ၅၂ | ၅၁ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + မြေသားရေကန် | ||
၉၂ | နောင်လင် | ၂၅၆ | ၂၄၈ | အမက | လက်တူးတွင်း + တွင်းနက် | ||
(၂၀) | သုံးဆယ် | ၁၃၁၂ | ၁၃၁၂ | ၅၅၇၄ | |||
၉၃ | သုံးဆယ်ဈေးကုန်း | ၃၉၀ | ၃၉၀ | အမက | |||
၉၄ | သုံးဆယ်မြို့တွင်း | ၂၉၀ | ၂၉၀ | အထက | |||
၉၅ | လွယ်ခွင် | ၁၃၅ | ၁၃၅ | အမက | |||
၉၆ | သက်ရှည်မြိုင် | ၃၆ | ၃၆ | အမက | |||
၉၇ | အင်းစိမ်းကုန်း | ၁၆ | ၁၆ | အမက | လက်တူးတွင်း | ||
၉၈ | တရုတ်ကုန်း | ၂၃ | ၂၃ | အမက | |||
၉၉ | ရွှေကြာအင်း | ၁၂၈ | ၁၂၈ | အမက | |||
၁၀၀ | တာတိုင် | ၅၀ | ၅၀ | အမက | |||
၁၀၁ | ဇီးဖြူပင် | ၁၆၀ | ၁၆၀ | အမက | |||
၁၀၂ | သပြေဒိုး | ၅၈ | ၅၈ | အမက | |||
၁၀၃ | အောင်ဘိုးကုန်း | ၂၆ | ၂၆ | အမက | |||
၉၆ | သက်ရှည်မြိုင်တက္ကသိုလ် | ||||||
၉၉ | ရွှေကြာအင်းကော်ဖီခြံ | ||||||
(၂၁) | ဆမ္မဆယ် | ၉၂၆ | ၉၂၆ | ၄၅၁၅ | |||
၁၀၄ | ဆမ္မဆယ် | ၄၉၅ | ၄၉၅ | အလက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + မြေသားရေကန် | ||
၁၀၄ | ဆင်းရွှေလီသကြားစက်(၁) | ၃၃၀ | |||||
၁၀၅ | အုမ္မသီး | ၂၃၇ | ၂၃၇ | အမက | |||
၁၀၆ | သဲခေါ် | ၂၄ | ၂၄ | အမက | |||
၁၀၇ | ရေမောင်းတန်း | ၁၇၀ | ၁၇၀ | အမက | |||
(၂၂) | အုမ္မခါး | ၅၆၀ | ၇၁၃ | ၃၂၂၇ | |||
၁၀၈ | အုမ္မခါး | ၂၁၃ | ၂၂၀ | မူလွန် | |||
၁၀၈ | လယ်ကျင်းကွေ့ | ၁၅ | ၁၅ | ||||
၁၀၉ | ငုက္ခလေး (၂) | ၅၄ | ၇၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် | ||
၁၁၀ | နောင်ဖာ | ၄၀ | ၆၀ | အမက | |||
၁၁၁ | နမ့်တင်းဝမ်း | ၄၃ | ၆၅ | အမက | |||
၁၁၂ | ကျောက်သုံးလုံး | ၃၆ | ၆၃ | အမက | |||
၁၁၃ | ဘော် | ၅၀ | ၆၇ | အမက | |||
၁၁၄ | နမ့်ကျင်လီ | ၅ | ၇ | ||||
၁၁၅ | ကျွဲဖြူရေ | ၆ | ၁၁ | ||||
၁၁၆ | ကုန်းမုံ | ၃၃ | ၄၉ | အမက | |||
၁၁၇ | ရွှေညောင်ပင် | ၈၀ | ၁၀၁ | အမက | |||
၁၁၂ | ကိုးရီးယားမျိုးစေ့ထုတ်ခြံ | ||||||
၁၀၈ | မက္ကဒေးမီးယားနှစ်ရှည်ခြံ | ||||||
၁၀၈ | OHC ကျောက်မိုင်း | ||||||
(၂၃) | ပင်တီး | ၅၀၄ | ၅၀၄ | ၂၄၃၈ | |||
၁၁၈ | ပင်တီး | ၆၅ | ၆၅ | အမက | |||
၁၁၉ | အင်ကြင်းကုန်း | ၈၄ | ၈၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + အခြား | ||
၁၂၀ | ခဲဆန် | ၇၈ | ၇၈ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် + တွင်းနက် | ||
၁၂၁ | ပန်စုံ | ၄၅ | ၄၅ | အမက | |||
၁၂၂ | ကောင်းမတီး | ၃၀ | ၃၀ | ||||
၁၂၃ | နောင်ကွမ် | ၆၄ | ၆၄ | အမက | |||
၁၂၄ | နမ့်ကယ်အိုက် | ၁၂၀ | ၁၂၀ | အမက | |||
၁၂၅ | ကြံခင်းရွာသစ် | ၁၈ | ၁၈ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
(၂၄) | ဘန့်ဘွေး | ၁၄၄၅ | ၁၄၄၉ | ၅၈၄၆ | |||
၁၂၆ | ဘန့်ဘွေး | ၇၂၀ | ၈၅၄ | အထက + အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းနက် + အခြား | ||
၁၂၇ | ဥယျာဉ် | ၃၄ | ၃၆ | ||||
၁၂၈ | အနောက်ဇီးပင် | ၃၀ | ၄၀ | ||||
၁၂၉ | ကျောင်းကုန်း | ၁၆၉ | ၁၃၇ | အမက | |||
၁၃၀ | ညောင်ကုန်း | ၇၃ | ၅၆ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းနက် | ||
၁၃၁ | ကုန်းမုံ | ၈၇ | ၅၀ | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် | |||
၁၃၂ | ဂံ့ဂေါ် | ၂၀၀ | ၁၆၆ | မူလွန် | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၁၃၃ | အရှေ့ကြူအင်း | ၁၃၂ | ၁၁၀ | ||||
၁၂၆ | Oriental Highway Toll Plaza | ||||||
(၂၅) | ကုန်းကြီးရွာမ | ၇၅၈ | ၇၇၈ | ၄၄၉၂ | |||
၁၃၄ | ကုန်းကြီးရွာမ | ၆၅ | ၇၀ | မူလွန် | |||
၁၃၅ | ကုန်းကြီးရွာသစ် | ၁၄၀ | ၁၄၅ | ||||
၁၃၆ | တောင်ကျ | ၄၀ | ၄၂ | အမက | |||
၁၃၇ | ပင်စုံ | ၄၃ | ၄၅ | အမက | |||
၁၃၈ | ရေဝင် | ၁၇၀ | ၁၇၂ | အလက | |||
၁၃၉ | အင်းဝိုင်း | ၃၀၀ | ၃၀၄ | အမက | |||
၁၃၉ | ဆင်းရွှေလီသကြားစက်(၂)နှင့်(၃) | ၃၁၇ | |||||
၁၂၆ | နှစ်ရှည်ကော်ဖီခြံ (ဘန့်ဘွေး) | ||||||
(၂၆) | ကြိမ်ဂနိုင် | ၈၅၀ | ၁၂၅၀ | ၃၁၈၅ | |||
၁၄၀ | ကြိမ်ဂနိုင် | ၁၅၀ | ၃၁၀ | အမက | |||
၁၄၀ | လွန်းကျော် (ထုံးကုန်း) | ||||||
၁၄၁ | နမ့်လင်းခံ | ၆၀ | ၉၀ | အမက | |||
၁၄၂ | ခြေမြစ်ပင် | ၂၅၀ | ၄၁၀ | အလက | ကျေးလက်စိမ့်စမ်းရေသွယ် + မြေသားရေကန် + တွင်းနက် + တွင်းတိမ် | ||
၁၄၃ | ဆင်လမ်းစု | ၁၃၀ | ၁၃၅ | အလက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၄၄ | ညောင်ဘော | ၇၀ | ၉၀ | အမက | |||
၁၄၅ | သပြေဝန်း | ၁၂၀ | ၁၃၄ | အမက | |||
၁၄၆ | ခဲထိပ် | ၇၀ | ၈၁ | အမက | |||
၁၄၆ | PEP နို့စားနွားခြံ | ||||||
၁၄၀ | နှစ်ရှည်ပိုးစာခြံ | ||||||
(၂၇) | အနောက်ကြူအင်း | ၂၁၃၁ | |||||
၁၄၇ | အနောက်ကြူအင်း | ၁၂၀ | ၁၂၀ | အမက | မြေသားရေကန် + လက်တူးတွင်း + တွင်းနက် | ||
၁၄၈ | ကျောက်တော | ၄၀ | ၄၀ | ||||
၁၄၉ | ရေဦး | ၈၀ | ၈၅ | အမက | |||
၁၅၀ | ဘော်လှိုင် | ၂၄ | ၂၄ | ကျေးလက်စိမ့်စမ်းရေသွယ် + အခြား | |||
၁၅၁ | ဂွေးကုန်း | ၈၀ | ၈၀ | အမက | |||
၁၅၂ | နောင်သခေါ | ၁၂၀ | ၁၂၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + တွင်းတိမ် + တွင်းနက် | ||
၁၅၃ | နောင်သခေါရွာသစ် | ၈၀ | ၈၅ | ||||
(၂၈) | ညောင်ထောက် | ၂၃၄၄ | |||||
၁၅၄ | ညောင်ထောက်မြောက် | ၂၆၅ | ၂၆၅ | အလက | |||
၁၅၅ | ညောင်ထောက်တောင် | ၂၁၅ | ၂၁၅ | ||||
၁၅၆ | ပိန်းအင်း | ၁၀၇ | ၁၀၇ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + အခြား | ||
၁၅၇ | ဂယ်လောင်း | ၁၄ | ၁၄ | ||||
၁၅၇ | ရွှေဝါမြေစိုက်ပျိုးရေးခြံ | ||||||
၁၅၇ | ဂယ်လောင်းအကျဉ်းစခန်း | ||||||
၁၅၇ | နှစ်ရှည်ခြံများ | ||||||
(၂၉) | ခိုအုံ | ၁၁၉၉ | |||||
၁၅၈ | ခိုအုံ | ၄၁ | ၄၈ | အမက | |||
၁၅၉ | ပန်းညိုရေ | ၈၀ | ၉၂ | အမက | |||
၁၆၀ | ခဲအော် | ၂၆ | ၃၄ | ||||
၁၆၁ | ကောင်းဟုန်း | ၂၆ | ၃၀ | ||||
၁၆၂ | ယင်းငူပင် | ၇၁ | ၁၀၃ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + အခြား | ||
(၃၀) | ကုန်းသာ | ၂၅၉၉ | |||||
၁၆၃ | ကုန်းသာ | ၂၀၀ | ၂၀၅ | အမက | လက်တူးတွင်း + တွင်းတိမ် | ||
၁၆၄ | မန်နား | ၂၇ | ၂၇ | ||||
၁၆၅ | နားခေါ့ | ၈၄ | ၈၈ | အမက | |||
၁၆၆ | နားကျောင်းခမ်း | ၅၈ | ၆၀ | အမက | |||
၁၆၇ | လွယ်တောင်း | ၉၇ | ၁၀၅ | အမက | |||
၁၆၈ | စစ္စီးတိုး | ၅၆ | ၆၂ | ||||
၁၆၉ | အရှေ့ဇီးပင် | ၂၂ | ၂၂ | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | |||
၁၇၀ | ကုန်းသာရွာသစ် | ၄၂ | ၄၅ | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | |||
(၃၁) | ဆိတ်ဖူး | ၈၆၀ | |||||
၁၇၁ | ဆိတ်ဖူး | ၇၇ | ၇၇ | အမက | |||
၁၇၂ | ပြိန်းလုံ | ၁၆ | ၁၆ | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | |||
၁၇၃ | မန်လေ | ၁၈ | ၁၈ | ||||
၁၇၄ | မန်တိုက် | ၃၀ | ၃၀ | ||||
၁၇၅ | ဖာတန့် | ၂၆ | ၂၆ | ||||
၁၇၆ | နားဟီး | ၂၆ | ၁၉ | ||||
၁၇၇ | နားကောင်း | ၂၀ | ၂၀ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
(၃၂) | ကုလားကွဲ | ၂၂၅၇ | |||||
၁၇၈ | ကုလားကွဲ | ၁၃၄ | ၁၄၅ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၇၉ | ကုန်းတမော့ | ၆၃ | ၇၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် | ||
၁၈၀ | နားမွန်း | ၂၉ | ၅၅ | ||||
၁၈၁ | နောင်ပစ် | ၁၆ | ၂၀ | ||||
၁၈၂ | နားကျိုင်း | ၈ | ၁၀ | ||||
၁၈၃ | ခဲဖဖာ | ၂၆ | ၂၈ | ||||
၁၈၄ | မယ်ဟင်း | ၃၀ | ၃၅ | ||||
၁၈၅ | နမ့်သုခ | ၅၂ | ၆၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၁၈၆ | နမ့်ပွတ် | ၅၃ | ၆၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၁၈၇ | နားယုတ် | ၂၄ | ၂၉ | ||||
(၃၃) | ဒိုးပင် | ၄၂၉၃ | |||||
၁၈၈ | ဒိုးပင် | ၂၀၅ | ၂၁၀ | အထက | |||
၁၈၉ | မြောက်ကုန်းစံ | ၇၀ | ၇၅ | အမက | တွင်းနက် + အခြား | ||
၁၉၀ | ကျောက်တန်း | ၃၁ | ၃၁ | ||||
၁၉၁ | လုံခံ | ၈၇ | ၉၂ | အမက | |||
၁၉၂ | ကြံခင်း | ၄၃ | ၄၈ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
၁၉၃ | ပန်ကစ် | ၁၄ | ၁၄ | ||||
၁၉၄ | ခဲမွန် | ၄၇ | ၅၂ | အမက | လက်တူးတွင်း | ||
၁၉၅ | လက်ပံ | ၁၀ | ၁၀ | ||||
၁၉၆ | နားခါး | ၅၈ | ၅၈ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၁၉၂ | ရတနာသိင်္ဂီမိုင်း | ၂၈၆ | ၂၉၁ | အထက | |||
၁၈၉ | ကုန်းစံအကျဉ်းစခန်း | ||||||
၁၈၈ | ဒိုးပင်ရဲစခန်း | ||||||
(၃၄) | ကျောက်ကြီး | ၁၅၉၉ | |||||
၁၉၇ | ကျောက်ကြီး | ၈၆ | ၈၆ | အမက | |||
၁၉၈ | သဲခေါ် | ၆၀ | ၆၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းတိမ် | ||
၁၉၉ | လုတ်လောင် | ၆၀ | ၆၀ | အမက | |||
၂၀၀ | ပင်ဖုရား | ၃၅ | ၃၅ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
၂၀၁ | ကုန်းသာ | ၄၀ | ၄၀ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
၂၀၂ | နမ့်ဆောင်ဟူး | ၅၃ | ၅၃ | အမက | |||
(၃၅) | ဘန့်ဘွေးကျင်း | ၁၄၆၁ | |||||
၂၀၃ | ဘန့်ဘွေးကျင်း | ၉၅ | ၁၀၀ | အမက | |||
၂၀၄ | လုံခုတ် | ၇၀ | ၇၆ | အမက | |||
၂၀၅ | သပြေဒိုး | ၁၀၃ | ၁၀၇ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၂၀၆ | ဘန့်ဘွေးကျင်းရွာသစ် | ၄၉ | ၄၉ | ||||
၂၀၇ | တောင်ကုန်းစံ | ၄၉ | ၂၉ | ||||
၂၀၅ | မင်းလှရေအားလျှပ်စစ် | ||||||
၂၀၅ | နှစ်ရှည်ခြံ | ||||||
(၃၆) | ဟိုခို | ၂၈၃၉ | |||||
၂၀၈ | ဟိုခိုမြောက် | ၂၁၀ | ၂၁၀ | အလက | |||
၂၀၉ | ဟိုခိုတောင် | ၁၆၉ | ၁၆၉ | အထက | |||
၂၁၀ | အင်းမ | ၇၉ | ၇၉ | အမက | လက်တူးတွင်း + တွင်းတိမ် | ||
၂၁၁ | လုံထွေ | ၃၁ | ၃၁ | ||||
၂၁၂ | ချောင်းသာ | ၆၈ | ၆၈ | အမက | |||
၂၁၃ | ညောင်ဝိုင်း | ၆၉ | ၆၉ | အမက | |||
၂၀၈ | ဟိုခိုအကျဉ်းစခန်း | ||||||
၂၁၀ | လွင်ကြီးအကျဉ်းစခန်း | ||||||
(၃၇) | ဆီဆုံ | ၃၄၆၀ | |||||
၂၁၄ | ဆီဆုံ | ၁၆၄ | ၁၈၃ | အလက | |||
၂၁၅ | ပါဟတ် | ၁၄၂ | ၁၆၆ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း + အခြား | ||
၂၁၆ | ပေါက်ကုန်း | ၃၉ | ၃၉ | ||||
၂၁၇ | ယာတောကုန်း | ၂၈ | ၂၈ | ||||
၂၁၈ | ဆင်ခေါင်း | ၁၄ | ၁၄ | ||||
၂၁၉ | ချောင်းကြီး | ၃၉ | ၃၉ | ||||
၂၂၀ | ပလောင်ချောင်း | ၁၁၀ | ၁၁၀ | အလက | |||
၂၂၁ | လုတ်သပြေ | ၁၀၂ | ၁၂၂ | အမက | |||
၂၂၂ | နမ့်ပါမုန်း | ၁၃ | ၁၃ | ||||
၂၂၃ | ပါပေါက် | ၇၉ | ၉၂ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၂၂၁ | ပိုးစာခြံ | ||||||
(၃၈) | ကုန်းကြီး | ၂၅၉၁ | |||||
၂၂၄ | မြောက်ကုန်းကြီး | ၁၀၂ | ၁၀၂ | အမက | |||
၂၂၅ | ဟိုခဲ | ၃၃ | ၆၂ | အမက | |||
၂၂၆ | ကြူကော် | ၅၈ | ၇၀ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၂၂၇ | ရေဦး | ၃၁ | ၇၁ | ||||
၂၂၈ | ကုန်းမုံ | ၁၂ | ၃၇ | ||||
၂၂၉ | ကုန်းညောင် | ၅၅ | ၇၀ | အမက | |||
၂၃၀ | လွယ်ငင်း | ၁၆ | ၂၆ | ||||
၂၃၁ | နားနွဲ့ | ၃၇ | ၃၅ | ||||
(၃၉) | သံဘို | ၂၁၃၄ | |||||
၂၃၂ | သံဘို | ၉၁ | ၉၃ | အမက | |||
၂၃၃ | ချောင်းကွေ့ | ၄၀ | ၄၁ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် | ||
၂၃၄ | သစ်ယားကုန်း | ၁၃ | ၁၅ | ||||
၂၃၅ | သိမ်ကုန်း | ၁၀၉ | ၁၁၂ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + အခြား | ||
၂၃၆ | သပြေကုန်း | ၃၁ | ၄၀ | ||||
၂၃၇ | ရေမောင်း | ၃၁ | ၇၀ | ||||
၂၃၈ | ဇီးဖြူရေ | ၇၃ | ၉၀ | အမက | |||
၂၃၉ | လွယ်လိတ် | ၃၁ | ၃၃ | ကျေးလက်စိမ့်စမ်းရေသွယ် | |||
၂၄၀ | ဥယျာဉ် | ၃၅ | ၃၈ | ||||
၂၃၂ | သစ်ပါးလွှာစက်ရုံ | ၂၁ | |||||
၂၃၂ | နှစ်ရှည်ခြံများ | ၂၁ | |||||
၂၃၃ | ချောင်းကွေ့ကော်ဖီခြံ | ||||||
(၄၀) | သရက်ကုန်း | ၄၃၃၁ | |||||
၂၄၁ | သရက်ကုန်း | ၁၄၂ | ၂၀၂ | အလက | |||
၂၄၂ | မန်နား | ၁၄၉ | ၁၉၂ | အမက | |||
၂၄၃ | ငါးပင် | ၅၅ | ၉၁ | အမက | |||
၂၄၄ | ဖြူချောင် | ၁၂၀ | ၁၇၂ | အမက | |||
၂၄၅ | ဇာလီ | ၁၀၁ | ၁၅၅ | အမက | |||
၂၄၆ | ညောင်ပင်သာ | ၄၃ | ၅၈ | ||||
၂၄၇ | အင်းဦး | ၃၈ | ၅၆ | အမက | |||
၂၄၈ | ဆင်စားကုန်း | ၁၂၅ | ၁၃၆ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + တွင်းနက် + အခြား | ||
၂၄၉ | တောင်တလုံး | ၅၀ | ၅၈ | ||||
၂၄၃ | မိုးထက်ကော်ဖီခြံ | ၈၀ | |||||
(၄၁) | အထက်ကြူအင်း | ၃၁၅၄ | |||||
၂၅၀ | အထက်ကြူအင်း | ၁၁၀ | ၁၀၅ | အမက | |||
၂၅၁ | အောက်ကြူအင်း | ၁၁၂ | ၁၀၅ | ||||
၂၅၂ | ကျွဲတပ် | ၂ | ၂ | ||||
၂၅၃ | ကုန်းတိမ်း | ၅၀ | ၄၆ | အမက | |||
၂၅၄ | ဟိုနောင် | ၈၇ | ၈၀ | အမက | လက်တူးတွင်း | ||
၂၅၅ | တော်မွန်း | ၇၅ | ၆၄ | အမက | ကျေးလက်စိမ့်စမ်းရေသွယ် + လက်တူးတွင်း | ||
၂၅၆ | နမ့်ကောက် | ၅၀ | ၄၆ | ||||
၂၅၇ | ကောင်းဟုန်း | ၉၀ | ၈၉ | အမက | |||
၂၅၈ | ခဲမွန်း | ၅၆ | ၅၆ | အမက | |||
၂၅၄ | ကြူအင်းအကျဉ်းစခန်း | ၃၉ | ၃၉ | ||||
ပေါင်း | ၃၅ | ၂၅၂ | ၂၆၈၃၉ | ၂၈၃၂၄ | ၁၂၈၄၈၉ |
ပုံများ
- ဘန့်ဘွေးကျင်း ရေတံခွန်
- ဂုတ်ထိပ်တံတား
- ချောင်းကြီးရေတံခွန်
- အင်းဝိုင်းရေတံခွန်
- အင်းဝိုင်းရေတံခွန်
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
- အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၂၀၁၉ ခုနှစ် နောင်ချိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ
- "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- Archived 7 June 2012 at the Wayback Machine. The Myanmar Times, vol 22, No 433, news, Sagaing Fault surveyed to prepare for future quakes, by Nilar Win
- DEPARTMENT OF GEOLOGICAL ENGINEERING, FACULTY OF ENGINEERING, Gadjah Mada University, Report On Regional Geology of Myanmar, by Dr Ir. Subagyo Pramumijoyo, Kyaw Linn Zaw and Kyaw Zin Lat, page 13, IV. Structural Geology of Myanmar
- Burma Earthquake of May 1912 | Earthquakes | Fault (Geology)
- Myanmar Action Plan on Disaster Risk Reduction (MAPDRR), August 2009, Page 2
- Acta Geoscientica Sinica, Vol.30 Supp.1: 1-3, Sep. 2009, Recognition of Paleo-Tethys Suture Zone in eastern Myanmar by Hla Hla AUNG, Myanmar Earthquake Committee, MES Building, Hlaing University Campus, Hlaing Township, Yangon, Myanmar
ပြင်ပလင့်ခ်များ
- "Nawnghkio Google Satellite Map" map of administrative area with listing of principal settlements, from Maplandia
- "Nawnghkio Township - Shan State" Myanmar Information Management Unit (MIMU)